မုသာနာရီများ (Lie clocks)...
အမျိုးသမီးကြီးတစ်ဦး သေလွန်ပြီး ကောင်ကင်ဘုံသို့ ရောက်လေသည်... ကောင်းကင်ဘုံ၌ နာရီများ ပြည့်နေသော နံရံကြီးတစ်ခုကို တွေ့လိုက်ရတယ်...
"ဒီနာရီတွေက ဘာလုပ်တာလဲ" လို့ ကောင်းကင်တမန်ကို သိချင်စိတ်နဲ့ မေးလိုက်တယ်...
ကောင်းကင်တမန်က... "ဒီနာရီတွေဟာ မုသာနာရီတွေဖြစ်တယ်... လူ့ပြည်က လူတစ်ဦးချင်းစီအတွက် နာရီတစ်လုံးစီ ရှိတယ်... သူတို့လိမ်ညာမုသာစကားဆိုတိုင်း ဒီနာရီတွေက ရွေ့လျားကြတယ်..."
အမျိုးသမီးကြီးက နံရံပေါ်က နာရီတစ်လုံးကို ညွန်ပြပြီး...“ ဒါက ဘယ်သူ့နာရီလဲ.."
“မာသာထရီဇာရဲ့ နာရီပါ... သူမဟာ လိမ်ညာ မုသာစကား မဆိုဖူးလို့ လုံးဝရွေ့လျားခြင်း မရှိဘူး..." လို့ ကောင်းကင်တမန်က ပြန်ဖြေတယ်...
"ကျမတို့ အိမ်ထောင်သည် အမျိုးသားတွေရဲ့ နာရီတွေက ဘယ်မှာလဲ..." လို့ အမျိုးသမီးကြီးက မေးလိုက်တယ်...
ကောင်းကင်တမန်က...“ ငါတို့ ရုံးခန်းထဲမှာ ရှိတယ်... သူတို့ကို ရုံးသုံးပန်ကာတွေအဖြစ် အသုံးပြုထားတယ်..."
အိမ်ထောင်သည် အမျိုးသားတွေက ဒီလောက်တောင် လိမ်ညာရသလားဟု စိတ်ထဲမှာတွေးပြီး... "ဒါဆိုရင် ကျမတို့ အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ နာရီတွေကရော...?" လို့ ဆက်ပြီးမေးလိုက်တယ်...
ဒီအခါ ကောင်းကင်တမန်က တစ်နေရာကို ညွှန်ပြပြီး... "ဟောဟိုမှာ ရှိတယ်... လျှပ်စစ်ဓါတ်အား ထုတ်လုပ်နေကြတယ်......"။







- (အရှေ့သို့) "ဘေရွတ်မှပေးသော သင်ခန်းစာ..." လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးAcer Aspire E1-510P-2671 Laptop Review ငှက်ပျောဖူး ဝက်သား ဟင်းထုပ် ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်
- (အနောက်သို့) "မေ့ပျောက်၍မရနိုင်သော နေ့ရက်များ.." လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးAcer Aspire E1-510P-2671 Laptop Review ငှက်ပျောဖူး ဝက်သား ဟင်းထုပ် ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်