ကလေးငယ် အများအပြားအား ဆေးတိုက်ကျွေးမှု မမှန်ကန်
ဝါရှင်တန်- အမေရိကန်နိုင်ငံတွင် ရှစ်မိနစ်ကြာတိုင်း ကလေးငယ် တစ်ဦးမှာ နေအိမ်မှာပင် မှန်မှန် ကန်ကန် မဟုတ်ဘဲ ဆေးတိုက်ကျွေး ခံနေရ သည်ဟု ယခုသီတင်းပတ်အတွင်း ကလေးဆေး ပညာ ဂျာနယ်ပါ လေ့လာမှုတွင် ဖော်ပြသည်။
ယင်းတွင် မိဘ(သို့မဟုတ်) အုပ်ထိန်းသူတစ်ဦးက ကလေးငယ်အား ဆေးတစ်မျိုးတည်းကို သတိ မထားမိဘဲ နှစ်ကြိမ် ထပ်တိုက်ခြင်း (သို့ မဟုတ်) နှစ်ဆ တိုက်ခြင်းမှာ အဖြစ်အများဆုံးဖြစ်ပြီး မမှန်မကန် ဆေးတိုက်ကျွေးမှုများ၏ လေးပုံတစ်ပုံ ဖြစ် သည်။
ကံအားလျော်စွာပင် ဆေးပမာဏမသိခြင်း (သို့မဟုတ်) နှစ်ဆ တိုက်ကျွေးမိခြင်းများမှာ ကလေးငယ် အသက်ဆုံးရှုံးနိုင်လောက်အောင် မဖြစ်ခဲ့ပေ။ သို့သော် အမေရိကန်နိုင်ငံမှ မိဘများမှာ ကလေးငယ်များ ကို ဆေးတိုက်ကျွေးရာတွင် ပိုမိုဂရုစိုက်ရမည်ဆိုခြင်းကို လေ့လာမှုက ပြသနေသည်။ ယခုခန့်မှန်းထားသော အရေအတွက်မှာ နည်းပါးသေးသည်ဟု ကျွမ်းကျင်သူများက ပြောသည်။
၂၀၀၂ မှ ၂၀၁၂ ခုနှစ်အတွင်း အမျိုးသားအဆိပ်သင့်မှု အချက်အလက်များကိုရယူ၍ သုတေသီများက ယခုစစ်တမ်းကို လေ့လာပြုစုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆယ်နှစ်တာကာလအတွင်း ကလေးငယ်ပေါင်း ၆၉၆,၉၃၇ မှာ ဆေးပမာဏမှားယွင်းတိုက်ကျွေးခြင်း ခံခဲ့ရသည်။ ယင်းတို့အနက် ကလေးငယ် ၂၅ ဦးသာ သေဆုံးမှု ဖြစ်ခဲ့သည်။
သိတတ်သော အရွယ်ကလေးများမှာ ဆေးတိုက်ပြီးကြောင်း မိဘများ၊ အုပ်ထိန်းသူများကို သတိပေးနိုင် သဖြင့် ဆေးမှားယွင်းတိုက်ကျွေး မှု အများစုမှာ ကလေးငယ်များတွင် ပိုမိုဖြစ်ပေါ်နိုင်ဖွယ်ရှိသည်။ အများ အားဖြင့် တစ်နှစ်အောက် ကလေးငယ်များကို ယင်းသို့ ဆေးမှားယွင်း တိုက်ကျွေးမှုဖြစ်နိုင်ခြေ ပိုများ သည်။ ဆေးမှားယွင်းတိုက်ကျွေးမှု အများဆုံးမှာ ချောင်းဆိုးခြင်း၊ အအေးမိခြင်းအတွက် ဆေးရည်များ ကို နှစ်ဆ (သို့မဟုတ်) နှစ်ကြိမ် တိုက်ကျွေးမိခြင်းဖြစ်ကြောင်း သိရသည်။
-UPI
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) MBA လျှောက်ထားသူများ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) အသစ်ထုတ်လုပ် ရောင်းချမည့် စမတ်ဖုန်းတွင် Nokia ၏ အမည်ကို ဖယ်ရှားရန် Microsoft ဆုံးဖြတ် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..