မအိပ်မနေ အလုပ်လုပ်သူများ ဦးနှောက် ရင့်ရော်မှုမြန်ဆန်လာ

By သမန်းကျား

သဘာဝအတိုင်း အိပ်စက်ချိန်တွင် မအိပ်မနေ အလုပ် လုပ်ကိုင် သူများတွင် အချိန်မတိုင်မှီ ဦးနှောက် အိုမင်း ရင့်ရော်မှု ဖြစ်ပွားနိုင်ပြီး ဥာဏ်ကိုလည်း ထိုင်းမှိုင်း စေနိုင်ကြောင်း သိပ္ပံပညာ ရှင်များက သတိပေးလိုက်ပြီး ၁၀ နှစ်ခန့်  အိပ်ရေး ပျက်ခံ အလုပ်လုပ် သူများ၏ ဦးနှောက်သည် ၆-နှစ် စာထက်မနည်း အိုမင်း ရင့်ရော်နိုင်ပြီး ဦးနှောက် ပုံမှန်ပြန်ဖြစ်ရန် ၅-နှစ်ခန့် အိပ်ချိန်မှန်မှန် ပြန်အိပ်ရန် လိုအပ်ကြောင်း သိရသည်။

မှတ်ဥာဏ် ပျောက်ဆုံးခြင်းကို ခံစားရလေ့ရှိသော သက်ကြီးရွယ်အို များသည်လည်း အိပ်မရသည့် ဝေဒနာကို ခံစားရ လေ့ရှိသောကြောင့် အထက်ဖော်ပြပါအတိုင်း ဦးနှောက်ကို ထိခိုက်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ခန္ဓာ ကိုယ်တွင်း ဇီဝနာရီများက လူကိုနေ့ အချိန်တွင်လှုပ်ရှားစေပြီး ညအချိန်တွင် အိပ်စက်စေရာ ၀ယ် ဤသဘာဝဖြစ်စဉ် ကိုဆန့် ကျင်ပါလျင် ရင်သားကင်ဆာ၊ အ၀လွန်ရောဂါနှင့် အခြားရောဂါမျိုးစုံကို မဖြစ်ဖြစ်အောင်ညို့ ယူနေသည်နှင့် တူနေမည်ဖြစ်ကြောင်း သိရသည်။

ဦးနှောက်သည် အသက်ရလာသည်နှင့်မျှ သဘာဝအတိုင်း အိုမင်းရင့်ရော် မည်ဖြစ်သော်လည်း ညအချိန်အိပ်ရေးပျက် ခံခြင်း အချိန်ကြာလာသည်နှင့်အမျှ ၁၀-နှစ်ခန့် ဆက်တိုက် အိပ်စက်ချိန် မမှန်သူများ သည် ၄င်းတို့ ထက် အသက် ၆ နှစ်ခွဲခန့် ပိုကြီးသူများနှင့် ဦးနှောက် အိုမင်းမှုခြင်း တူညီနေတတ်သည် ကို ပြင်သစ်သိပ္ပံပညာရှင်များက လူပေါင်း ၃ ထောင်ကျော်တို့ ၏ မှတ်ဥာဏ်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း တို့ ကို စိစစ်လေ့လာ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တစ်ညတာ အိပ်ရေးပျက်ရင်တောင် နောက်နေ့ မနက်မှာ ဦးနှောက်ရဲ့ စွမ်းပကား ကျဆင်းသွားတာ သိသာ ပါတယ်။ နှစ်ရှည်လများ အိပ်ရေးပျက်ခံထားသူတွေရဲ့  ဦးနှောက်စွမ်းရည် ကျဆင်းသွားတာကလည်း ထင်ရှားပါတယ်။ ဥပမာ ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို ၂ ကြိမ် ၃ ကြိမ်လောက် ပြန်ရှင်းပြရ တတ်ပါ တယ်။ ကိန်းဂဏန်းတွေ၊ နံပါတ်တွေ ကို မမှတ်မိတတ်ကြသလို ရက်စွဲ၊ အချိန်၊ နာမည် အစရှိတာတွေကို လည်း မေ့လျော့တတ်ကြပါတယ်။ ဒီလောက်နဲ့  တော့ ဘာမှမဖြစ်ဘူး၊ ရေးမှတ်ထားရင်လည်း ရတာပဲလို့  လည်း တချို့ က တွေးမိကောင်းတွေးမိပါလိမ့်မယ်။ တစ်ကယ်တော့ ဒါဟာ သင့်ဦးနှောက်ရဲ့ အိုမင်းရင့်ရော် မှု မြန်ဆန်နေပြီဆိုတာကို သတိပေးနေတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဦးနှောက်အိုမင်းမစွမ်းဖြစ်မှတော့ ခန္ဓာကိုယ်လည်း စွမ်းရည်ကျလာမှာပါပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ဖြည်းဖြည်းခြင်း သတ်နေတာနဲ့ တူပါတယ်ဟု ပြင်သစ်နိုင်ငံ ဆွမ်ဆီးတက္ကသိုလ်မှ သုတေသီ အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဖီးလစ်တပ်ကာ က ပြောပြသည်။

သို့ ဖြစ်၍ သဘာဝတရားကို လွန်ဆန်ခြင်းမပြုသော နေ့ ပိုင်း အလုပ်လုပ်ခြင်းကိုသာ ဦးစားပေးသင့်ပြီး ညအိပ်ရေး ပျက်သည့်အတွက် နေ့ လည်ပိုင်းတွင် အစားထိုး အိပ်စက်ခြင်း၊ ညအလုပ်ချိန်အတွင်း ကြိုကြား အိပ်စက်ပေးခြင်း တို့ သည် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုမည်မဟုတ်ကြောင်း သိရသည်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...