ကြက်ပဲပြားကြော် နှင့် ကြွက်နားရွက်မှို အချိုချက်

1. ကြက် – ၁ ကောင် (တစ်ကီလိုခန်.) (ရေဆေး ကာ အရွယ်တော် အတုံးများ ခုတ်ထားပါ။)
2. ပဲပြား (Bean cured skin, dried bean curd)
3. ကြွက်နားရွက်မှို – ၁၀ ခု (တစ်နာရီခန်. ရေစိမ်ကာ ခပ်ကြီးကြီး လှီးထားပါ။)
4. ကြက်သွန်ဖြူ အမွှာကြီး – ၁၀ မွှာ (ဓါးပြား ရိုက်ထားပါ။)
5. ခရုဆီ – ထမင်းစားဇွန်း ၄ ဇွန်း
6. ပဲငံပြာရည် အပျစ် – ထမင်းစားဇွန်း ၅ ဇွန်း
7. ပဲငံပြာရည် အကျဲ – ထမင်းစားဇွန်း ၁ ဇွန်း
8. အရသာမှုန်. – ထမင်းစားဇွန်း ၁ ဇွန်း
9. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
10. ငရုတ်ကောင်း – လဖက်ရည်ဇွန်း ၁ ဇွန်း
11. ရေနွေး – 1000 ml
ကြက်သားကို အရသာမှုန်.၊ ဆား တို့ဖြင့် နယ်ကာ နာရီဝက်ခန်.နှပ်ပြီး high heat ဖြင့် ကြော်ထားပါ။
ပဲပြားကို low heat (မီးအေးအေး)ဖြင့် ကြော်ထားပါ။
ပွက်ပွက်ဆူနေသော ရေနွေး (1000 ml)ထဲသို. ကြက်သွန်ဖြူများထည့်ကာ အိုးအဖုံး ဖုံးပြီး ၅ မိနစ်ခန်.တည် ထားပါ။
ပြီးလျှင် ကြက်ကြော်၊ ပဲငံပြာရည် အကျဲ၊ ပဲငံပြာရည် အပျစ် နှင့် ခရုဆီတို.ကိုထည့်ပါ။
နောက်ထပ် ၅ မိနစ်ခန်.ကြာပြီးနောက် မှို နှင့် ပဲပြားကိုထည့်ကာ အဖုံး ဖုံးထားပါ။
ပဲပြားများပျော့ကျသွားလျှင် အထက်အောက်မွှေပေးပြီး အဖုံး ပြန်ဖုံးထားပါ။
၁၀ မိနစ်ခန်.ကြာလျှင် ငရုတ်ကောင်းမှုန်.ဖြူးထည့်ကာ အနည်းငယ်မွှေပေးပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) ကြွပ်ပြီးရွတဲ့ မျှစ် နှင့် ဝက်သား ကင်ပေါင်းကြော် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးAcer Aspire E1-510P-2671 Laptop Review ငှက်ပျောဖူး ဝက်သား ဟင်းထုပ် ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်
- (အနောကျသို့) ကမ္ဘာ့ အတွင်းပိုင်းတွင်း မြေအောက် သမုဒ္ဒရာများ ရှိနေနိုင် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးAcer Aspire E1-510P-2671 Laptop Review ငှက်ပျောဖူး ဝက်သား ဟင်းထုပ် ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်