ကြွပ်ပြီးရွတဲ့ မျှစ် နှင့် ဝက်သား ကင်ပေါင်းကြော်
ready made အကြော်မှုန့်တွေကို မသုံးပဲ ကောက် ညင်းမှုန့် နဲ့ ဆန်မှုန့်ကို သုံးပြီးကြော် ထားတဲ့ ကျွန်မ မေမေ့ရဲ့ လက်ရာလေးပါ။ အကြော်မှုန့် သုံးပြီးကြော် တာထက် ပိုကြွပ်ရွပြီး အရမ်းကို စားလို့ကောင်းလှ ပါတယ်။
***... ကြွပ်ပြီးရွတဲ့ မျှစ် နှင့် ဝက်သား ကင်ပေါင်းကြော် အတွက် လိုအပ် တာလေးတွေ…
1. လက်မ လက်ဆစ်အရွယ်ခန့်လှီးထားသော ဝက် သုံးထပ်သား (သို့) အဆီများသည့် အသား – 1 1/2 cups (375 ml) (ပေါက်မှာ ကြောက်လျှင် အခေါက် ကို ဖြတ်ထုတ်ပစ်ပါ။)
2. လက်မ လက်ဆစ်အရှည်ခန့် လှီးထားသော မျှစ်နီ – 2 cups (500 ml)
3. ကြက်သွန်ဖြူ – အတက်ကြီး ၆ တက်
4. ဂျင်း – လက်နှစ်ဆစ်အရွယ်ခန့် (ဂျင်း နှင့် ကြက်သွန်ဖြူ ကို ရောထောင်းထားပါ။)
5. ကောက်ညင်းမှုန့် – 1 cup (250 ml)
6. ဆန်မှုန့် – ထမင်းစားဇွန်း ၃ ဇွန်း
7. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
8. အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
9. ရေ – မျှစ်တွင်ပါဝင်သည့် ရေ အနည်း၊ အများပေါ် မူတည်ပြီး ရေ ကို နည်းနည်းချင်းစီ ချင့်ချိန်ထည့်ပေးပါ။
10. ဆီ (အကြော် ကြော်ရန်)
ဆီ နှင့် ရေ မှလွဲ၍ ပါဝင်ပစ္စည်းအားလုံးကို ဇလုံထဲထည့်ပါ။
ပြီးလျှင် ရေကို တစ်ခါတည်း အများကြီး မထည့်ပဲ ဖြည်းဖြည်းချင်းထည့်ကာ အရမ်းမကျဲ အရမ်း မပျစ်သော အောက်ပုံပါ မုန့်နှစ် အနေအထားရအောင် နယ်ပေးပါ။
medium heat ဖြင့် အပူပေးထားသော ဒယ်အိုးထဲမှ ဆီပူလာလျှင် မုန့်နှစ်ကို ထမင်းစားဇွန်း ၁ ဇွန်းမောက်မောက်စီခန့် ခပ်ကာ အိုးအရမ်း မကြပ်အောင် ထည့်ပြီးကြော်ပေးပါ။ (ကြော်နေရင်း မီးအရမ်း ပူလာလျှင် မီးအပူရှိန်ကို အနည်းငယ်လျှော့ပေးပါ။)
အကြော်များ နှစ်ဖက်စလုံး ရွှေဝါရောင်ဖြစ်ကာ ကြွပ်လာလျှင် ဆီစစ်ပြီး ဆယ်ထုတ်ပါ။
ကျန်သည့်မုန့်နှစ်များကို ဆက်ကြော်ပေးပြီးလျှင် ကြွပ်ရွကာအရသာရှိလှသော မျှစ် နှင့် ဝက်သား ကင်ပေါင်းကြော်ကို မန်ကျည်းနှစ်အချဉ်လေးဖြင့် တို့ကာ သုံးဆောင်နိုင်ပါပြီ။
***... မန်ကျည်းနှစ် အချဉ်အတွက် လိုအပ်တာလေးတွေ…
1. မန်ကျည်းသီးအနှစ် ပျစ်ပျစ် – ထမင်းစားဇွန်း ၂ ဇွန်း
2. ရေ – ထမင်းစားဇွန်း ၁ ဇွန်း
3. သကြား – ထမင်းစားဇွန်း ၁ ဇွန်း
4. ပဲငံပြာရည်အကျဲ (light soy sauce) – ထမင်းစားဇွန်း ၂ ဇွန်း
5. တောက်တောက်စင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
6. တောက်တောက်စင်းထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း တစ်ဝက်
7. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
အားလုံးကို ပန်းကန်လုံး တစ်လုံးထဲ ထည့်ဖျော်လိုက်လျှင် လိုအပ်သော မန်ကျည်းနှစ်အချဉ်လေးကို ရပါပြီ။
https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) လူငယ္ဘဝမွာ မပြောသင့်သော စကားများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ကြက်ပဲပြားကြော် နှင့် ကြွက်နားရွက်မှို အချိုချက် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း