ခန္ဓာကိုယ်အတွက် အကျိုးအာနိသင် များစွာရှိတဲ့ ဆေးဝါး ကောင်းတစ်လက် (သို့မဟုတ်) ဂျင်း(ချင်း)
နေ့စဉ်ချက်ပြုတ်ရာမှာ အသုံးပြုနေတဲ့ မီးဖိုးချောင်သုံး အသီးအရွက်တွေထဲမှာ ဂျင်း(ချင်း)ဟာ လူသားတွေ အတွက် အလွန်အမင်း ကိုမှ ထောက်ပံ့ မှုကောင်း ကျိုးများ စွာကို ပေးစွမ်းနေ ပါတယ်။ ဂျင်း(ချင်း) ရဲ့ အသုံးဝင်မှု ကိုလည်း ကမ္ဘာ့နိုင်ငံအနှံ့အပြားက အသိအမှတ်ပြန်လက်ခံ ထားကြပါတယ်။ ဂျင်း(ချင်း) ထဲမှာ Gingerol နဲ့ Shogal ဆိုတဲ့ ဓာတ်တွေ ပါဝင် တာမို့ မွှေးပျံ့တဲ့ရနံ့ရှိရုံသာမက စားသုံးလိုက်တဲ့အခါ အူလမ်းကြောင်း တစ်လျှောက်အတွက် လွန်စွာမှ အကျိုးအာနိသင်ရှိစေပြီးတော့ အစာချေ တဲ့အ ခါမှာလည်း များစွာ အထောက် အကူပြုပေးနေတာမို့ အသားအရေ စိုပြေမှုအတွက်လည်း အကျိုးဖြစ် နိုင်ပါတယ်။
အဲဒါတွေတင် မကသေးဘဲနဲ့ ဂျင်း(ချင်း)ဟာ အအေးမိခြင်း၊ တုပ်ကွေးမိခြင်း ဝေဒနာတို့ကိုလည်း ပျောက် ကင်းစေ ပါတယ်။ အအေးမိ၊ တုပ်ကွေးမိခြင်းဖြစ်တဲ့ အခါတွေမှာ ဂျင်းကို ရေနွေးပူပူလေးမှာ စိမ်ပြီးတော့ သောက်သုံးတဲ့အခါ အဲဒီဝေဒနာကို ပျောက်ကင်း သက်သာစေနိုင်ပါတယ် ။ဒါ့အပြင် ဂျင်း(ချင်း) ကို လှီးဖြတ်ပြီးတော့ သင့်တော် သလောက် လေးဆောင်ထားသင့်ပြီး ကားမူး၊ လှိုင်းမူးဖြစ်တဲ့ အခါမျိုး၊ ခေါင်း ကိုက် နာကျင်တဲ့ အချိန်မျိုးတွေမှာ စားသုံးပေးခြင်းအားဖြင့် အဲဒီဝေဒနာတွေကို လျှင်မြန်စွာနဲ့သက် သာစေ တဲ့အပြင် ခန္ဓာကိုယ် အတွက်လည်း အကျိုးအာနိသင်များစွာ ဖြစ်ထွန်းစေနိုင်ပါတယ်။
အခုလက်ရှိဟာလည်း နိုဝင်ဘာလထဲကို ချဉ်းနင်းရောက်ရှိနေတာမို့ ရာသီအကူးအပြောင်း ကာလမှာ ရေချိုး မှားရာကနေပြီး အအေးပတ်ခြင်း ရောဂါဝေဒနာကို ခံစား ရနိုင် ပါတယ်။ ဒါပေမဲ့လည်း ချင်းကို စား သုံးပေးခြင်းအားဖြင့် အဲဒီဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် ဂျင်း(ချင်း)ကို စားသုံးတဲ့ အစွမ်းအာနိ သင်ဟာ အအေး မိခြင်းအပါအဝင်၊ နှာရည် ယိုနှာပိတ်ခြင်းနဲ့ ခေါင်းကိုက်ခြင်းဖြစ်ပေါ် မှုတွေ ကိုပါ ပျောက်ကင်း သက်သာစေနိုင်ပါတယ်။
ဒါ့အပြင် သွေးတိုးခြင်း၊ လေဖြတ်ခြင်းနဲ့ ဦးနှောက်သွေးကြော ပေါက်ခြင်းစတဲ့ ရောဂါလက္ခဏာတွေကိုလည်း ဂျင်း(ချင်း)ကိုပုံမှန်စားသုံး ပေးခြင်းအားဖြင့်များစွာအထောက် အကူပြုကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ ဆေးဝါးပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေ အရလည်း အိမ် နောက်ဖေးမီးဖိုချောင်သုံး ဂျင်း(ချင်း) ဟာ ဆီးချိုရော ဂါဖြစ်ပွားမှု အန္တရာယ်ကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိ ထားခဲ့ကြ တဲ့အပြင် နာတာရှည်ဆီး ချိုရောဂါခံစား နေရာသူတွေဟာလည်း ဂျင်း(ချင်း)စိမ်းပြုတ် ရည်ကို ပုံမှန်သောက် သုံးပါက ရောဂါဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ကြောင်းကို လည်းလေ့လာတွေ့ရှိထားကြပါတယ်။
ဂျင်း(ချင်း)ဟာ ဆီးချိုရောဂါ ဝေဒနာကာကွယ်ရန် ဆေးဝါးထဲကမှ ဆေးဝါးတစ်ခုအဖြစ် ပါဝင်ရပ်တည်နေ သလို၊ ခန္ဓာကိုယ်အတွင်းက သကြား ဓာတ်နဲ့အတူ ဂလူးဂို့စ်ဓာတ် ကိုလည်း အပိုအလိုမရှိ စီမံ ခန့်ခွဲ ပေးနိုင်ကြောင်းကိုလည်း လေ့လာတွေ့ရှိ ထားကြပါတယ်။ အမေရိကန်နိုင်ငံက ဆေးတက္ကသိုလ် တစ်ခုဖြစ်တဲ့ (University Of Myaryland Mdeical Center) ရဲ့ လေ့လာဖော်ပြချက်အရ ဂျင်း(ချင်း) ရဲ့ အသုံးဝင်မှုတွေကို တရုတ် လူမျိုးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂ဝဝဝ)ကတည်းက စတည်ရှာဖွေတွေ့ရှိ အသုံးပြုခဲ့တာလို့လည်း ဖော်ပြထားပါတယ်။
Popular Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဝက်ခြံ ပေါက်တတ် သူများအတွက် အသားအရေ ထိန်းသိမ်း စောင့်ရှောက်မှု Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း