ကင်ဆာရောဂါ ဝေဒနာသည် များအတွက် မှန်ကန်သော စားသောက်မှု ပုံစံ

လူသား အားလုံးတိုင်းရဲ့  ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ ဟာ အလိုလျောက်  ဖြစ်တည်နေကြပြီး၊ လူတစ်ယောက်ရဲ့  ဘ၀တစ် သက်တာမှာ အဲဒီ ကင်ဆာဆဲလ် တွေဟာ ပျမ်းမျှ အားဖြင့် ၆-ကြိမ် မှ ၁၀-ကြိမ်အထိ ပေါ်လာ တတ်ကြပါတယ်။ ၄င်း ကင်ဆာဆဲလ် တွေဟာ သန်းထောင်ပေါင်း အနည်းငယ် အထိ ပွားမလာ မချင်းမှာတော့ ပုံမှန်ရောဂါ ရှာဖွေ စစ်ဆေး ချက်တွေမှာ “ကင်ဆာရောဂါ” ဆိုတာ ပေါ်လာမှာ မဟုတ်သေးပါဘူး။ ကင်ဆာရောဂါ ဖြစ်လာပြီဆိုရင်တော့ (က) ဆေးသွင်းကုသနည်း (ခ) ဓာတ်ရောင်ခြည် ဖြင့် ကုသ နည်း (ဓာတ်ကင်ခြင်း) (ဂ) ခွဲစိပ်ကုသနည်း စသည့် နည်းတွေဖြင့် ရောဂါအခြေအနေပါ် မူတည်၍ ကုသမှု ခံယူကြရပါတယ်။

အဲဒီလို ကုသရာမှာ အောက်ပါအတိုင်း ဘေးထွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

(က) ဆေးသွင်း ကုသနည်း
ထိုနည်းက အပွားမြန်တဲ့ ကင်ဆာဆဲလ်တွေကို သတ်ပစ်ရုံသာမက၊ ရိုးတွင်းခြင်ဆီ၊ အစာအိမ် နဲ့ အူကြောင်း တို့ မှာရှိတဲ့ ကောင်း ကျိုးပြု ဆဲလ်ကောင်းတွေကိုပါ တပြိုင်နက်တည်း သတ်ပစ် လိုက်တာကြောင့် လက်ရှိဖြစ်နေတဲ့ ကင်ဆာရောဂါနာနဲ့  မသက်ဆိုင် တဲ့ အခြားသော အသည်း၊ ကျောက်ကပ်၊ အဆုတ်စတဲ့ ကိုယ်တွင်း ကလီစာတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

(ခ) ဓာတ်ရောင်ခြည်နဲ့ ကုသနည်း (ဓာတ်ကင်ခြင်း)
ထိုနည်းက ကင်ဆာဆဲလ်တွေကို ဖျက်စီးပေးသလို၊ အခြားသော ကောင်းနေတဲ့ ဆဲလ်များ၊ တစ်သျှူးများ နှင့် ကိုယ်တွင်းကလီစာ တွေကိုပါ ထိခိုက်ပျက်စီးသွားပါတယ်။ ဓာတ်ကင်ခြင်း အစပိုင်းမှာတော့ ကင်ဆာ အကျိတ်တွေကျုံ့ သွားတတ်သော်လည်း၊ ရေရှည် ကုသတဲ့အခါမှာ ထိရောက်မှု မရှိတော့တာကြောင့် အကျိတ်တွေ သေးငယ်သွားခြင်း မဖြစ်နိုင်တော့ပါဘူး။

(ဂ) ခွဲစိပ် ကုသနည်း
အထက်ဖော်ပြပါ ဆေးသွင်း ကုသနည်း နဲ့  ဓာတ်ကင်နည်းတွေဟာ ကင်ဆာဆဲလ်တွေကို ဗီဇပြောင်းပစ် လိုက်တာကြောင့် ခန္ဓာ ကိုယ်တွင်း အဆိပ်အတောက်တွေ များလာကာ အချိန်ကြာလာတာနဲ့ အမျှ ထိုဆဲလ်တွေကို ဖျက်စီးရခက်တဲ့ အခြေအနေမျိုးထိ ရောက်ရှိသွားပါတယ်။ အဲဒီအခါ ဝေဒနာသည်များ ဟာ ရောဂါပိုး အမျိုးမျိုးကြောင့်ဖြစ်စေ၊ နောက်ဆက်တွဲပြဿနာကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။ တဖန် ခွဲစိပ် ကုသခြင်းဟာလည်း ကင်ဆာဆဲလ်တွေကို အခြားနေရာသို့  ပြန့် နှံ့ စေနိုင်ပါတယ်။

ကင်ဆာရောဂါဝေဒနာသည်များအတွက် မှန်ကန်သောစားသောက်မှုပုံစံ

ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ ဆိုရင်တော့ အထိရောက်ဆုံး နည်းလမ်း တစ်ခု ရှိပါတယ်။ ၄င်းနည်းလမ်းမှာ ကင်ဆာဆဲလ်တွေ ပြန့် နှံ့ မျိုးပွားရာမှာ ထိုကင်ဆာဆဲလ်တွေကို အားဖြစ်စေတဲ့ အာဟာရတွေ ကို ဖြတ်တောက် ပစ်လိုက်တဲ့ နည်းဘဲဖြစ်ပါတယ်။

(၁) သကြား
ဆွတ်ဆွတ်ဖြူဖွေးနေတဲ့ သကြားမှုန်များဟာ ကင်ဆာရဲ့ အာဟာရဖြစ်ပါတယ်။ ဒါကြောင့် ကင်ဆာ ဆဲလ်တွေ ရဲ့  အဓိက အာဟာရတစ်ခုကို ဖြတ်တောက်ပစ်လိုက်တဲ့ အနေဖြင့် သကြားကို (လုံးဝ)မစားပါနှင့်။ ဒါ့ပြင် Nutra Sweet, Equal, Spoonful စတဲ့ သကြားအစားထိုး အချိုအရသာတွေမှာလည်း Aspartame ဓာတ်တွေ ပါဝင်နေတာကြောင့် ကင်ဆာရောဂါသည်တွေကို ထိခိုက် စေနိုင်ပါတယ်။ သို့ ပါ၍ ကင်ဆာရောဂါ သည်များ အနေဖြင့် သကြားမစားဘဲ၊ ပျားရည် (သို့ မဟုတ်) တင်လဲရည် တို့ ကို သင့်တင့်ရုံ ပမာဏ စားပေးနိုင်ပါတယ်။

(၂) နို့ 
နွားနို့ ၊ ဆိတ်နို့ ၊ ကျွဲနို့ စတဲ့ တိရစ္ဆာန်ထွက်နို့ များဟာ လူ့ ခန္ဓာကိုယ် အထူးသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှ အကျိအချွဲတွေ ပုံမှန်ထက်ပို၍ ထွက်လာစေပါတယ်။ ထိုအကျိအချွဲတွေကို ကင်ဆာဆဲလ်တွေက စားသုံးပစ် တာကြောင့်လည်း ကင်ဆာဆဲလ်တွေ အားကောင်းလာအောင် တွန်းအားပေးရာရောက်နေပါတယ်။ ဒါကြောင့် ကင်ဆာရောဂါသည်များအနေဖြင့် တိရစ္ဆာန်ထွက် နို့ များအစား သကြားမပါတဲ့ ပဲနို့ ရည်တွေ ကို သောက်ပေးသင့်ပါတယ်။ ပဲနို့ ရည်က ကင်ဆာဆဲလ်တွေကို ယုတ်လျော့စေရုံသာ မက၊ လူကို ခွန်အားဖြစ်စေပါတယ်။

(၃) အနီရောင် အသားများ
အမဲ၊ ၀က် စတဲ့ အနီရောင်အသားတွေဟာ အက်ဆစ်ကို အားပေးတဲ့အပြင်၊ အသားရဲ့ ပရိုတိန်းက အစာကျေဖို့ ခက်ခဲသွားတာ ကြောင့် လူ့ ခန္ဓာကိုယ်ထဲမှာ အစာခြေအင်ဇိုင်းတွေ အများကြီးရှိဖို့ လိုပါတယ်။ အကယ်၍ လူ့ ခန္ဓာကိုယ်ထဲမှာ အင်ဇိုင်းတွေ မလုံလောက်တဲ့အခါ ကင်ဆာဆဲလ်တွေကို သုတ်သင်ဖို့  ခက်ခဲ သွားပါပြီ။ ဒါ့ပြင် ထိုအသားတွေကို စားတဲ့အခါ အစာမကြေပါက အသားတွေဟာ ပုပ်သိုးသွားပြီး လူကို အဆိပ် အတောက်ဖြစ်စေပါတယ်။ ဒါကြောင့် ကင်ဆာဝေဒနာသည် များအနေဖြင့် ငါး များများစားသင့်ပြီး၊ ကြက်သားကိုတော့ သင့်တင့်ရုံ စာပေးနိုင်ပါတယ်။ ဒါ့ပြင် အမဲ၊ ၀က်၊ ကြက်တွေကို မွေးမြူရာမှာ သုံးတဲ့ ပဋိ ဇီဝဆေးများ၊ ကြီးထွားဟော်မုန်းဆေးများ နှင့် ၄င်းတိရစ္ဆာန်တွေမှာပါလာတဲ့ ကပ်ပါးပိုးတွေက ကင်ဆာရောဂါ သည်တွေကို ထိခိုက်စေနိုင်ပါတယ်။

(၄) ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများ
အထူးသဖြင့် ကင်ဆာဝေဒနာသည်များမှာ ကျန်းမာတဲ့ ဆဲလ်တွေတည်ဆောက်စေဖို့ အတွက် ခန္ဓာကိုယ် ထဲမှာ စွမ်းအားမြှင့် အင်ဇိုင်းတွေ ရရှိလာအောင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် နှင့်သစ်သီးဝလံတို့ ကို တစ်နေ့ လျှင် နှစ်ကြိမ် မှ သုံးကြိမ်အထိ စားပေး ဖို့ လိုပါတယ်။ အပင်မှရတဲ့ ထိုအင်ဇိုင်းဓာတ်တွေကို ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်တာကြောင့် စားသောက်ပြီး နောက် ၁၅ မိနစ်အတွင်းမှာပင် ခန္ဓာကိုယ် ၏ဆဲလ်များဆီသို့  ရောက်ရှိသွားနိုင်ပါတယ်။ အင်ဇိုင်းအာဟာရဓာတ်တွေ အပြည့်အ၀ ရရှိနိုင်ဖို့ အတွက် ဆိုရင် ၄င်းဟင်းသီးဟင်းရွက်တွေကို နွမ်းပျော့သွားသည့်တိုင်အောင် အကြာကြီးအပူပေးမချက်ပြုတ်ပါနှင့်။

(၅) ဆား
စားပွဲတင်ဆား လို ခေါ့်တဲ့ ဆားဖြူဖြူဖွေးဖွေးတွေမှာ ဓာတုပစ္စည်းတွေရော၍ အရောင်ချွတ်ပြုပြင် ထားကြ ပါတယ်။ ဒါကြောင့် ကင်ဆာ ဝေဒနာသည်များအတွက် သဘာဝဆားကြမ်း (ပင်လယ်နေလှမ်းဆား) ကသာ အသင့်တော်ဆုံးဖြစ်ပါတယ်။

(၆) ကဖိန်းဓာတ်များ
ကဖိန်းဓာတ်တွေ အများကြီးပါတဲ့ ချောကလက်၊ ကော်ဖီ၊ လ္ဘက်ရည် ပြင်းပြင်းတွေဟာ ကင်ဆာရောဂါ သည်တွေကို ကောင်းကျိုး မဖြစ်စေပါဘူး။ ဖြစ်နိုင်ရင် မသောက်ပါနှင့် (သို့ မဟုတ်) ကဖိန်းဓာတ် ပမာဏ ပါဝင်မှုနည်းအောင် လျော့နိုင်သမျှ လျော့သောက်ပါ။

(၇) အရည်
လ္ဘက်ရည်ကြမ်း(ခေါ်)green tea လ္ဘက်ရွက်ထဲမှာ ကင်ဆာရောဂါတွေကို ခုခံပေးနိုင်တဲ့ အကျိုးပြုဓာတ်တိုး ဆန့် ကျင့်ပစ္စည်းတွေ မြင့်မားစွာ ပါရှိနေပါတယ်။ ဒါကြောင့် ရေနွေးကြမ်း ပိုသောက်ပေးပါ။ သောက် သုံးရေ သောက်တဲ့ အခါမှာလည်း အရည်အသွေးမှီ သောက်ရေသန့် (သို့ မဟုတ်)သေချာစွာ စစ် ထားသော ရေကြည်ရေသန့် မျိုးကိုသောက်ပါ။ ဘုံပိုင်မှရတဲ့ရေထဲမှာ heavy metals (ခေါ်)သတ္တု အလေးစားတွေ ပါရှိနေတာကြောင့် လူကို အဆိပ်အတောက် ဖြစ်စေနိုင်သလို၊ ပေါင်းခံရည်ကလည်း အက်ဆစ်ဖြစ်စေ နိုင်တာကြောင့် ထိုအရည်မျိုးတွေကိုရှောင်ပါ။

(၈) ဗီတာမင် နှင့် သတ္တုဓာတ်များ
ဗီတာမင်တွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေကို ပံ့ပိုးပေးနိုင်ပြီး မလိုလားအပ်တဲ့ ဆဲလ်တွေကိုရှင်းလင်းပေးပါတယ်။ သတ္တုဓာတ်များက ခန္ဓာကိုယ်ရဲ့ ရောဂါပြီး စံနစ် ကို မြှင့်တင်ပေးနိုင်တာကြောင့် ကင်ဆာဆဲတွေ ကို တစ်ဖက်တစ်လမ်းကနေ နှိမ်နင်းပေးရာရောက်ပါတယ်။ ဒါကြောင့် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာ၍ ဗီတာမင် နှင့် သတ္တုဓာတ်ပါသော ပဋိဇီဝဆေးများ ကို ဖြည့်စွက်စာ အဖြစ်မှီဝဲ သောက်သုံးပေးပါ။

(၉) ဘ၀နေထိုင်မှုပုံစံ
(က) စိတ်ချမ်းသာမှုက ရောဂါဝေဒနာတွေကို လျော့ပါးသက်သာရာ ရစေတာကြောင့် ကိုယ်စိတ်နှစ်ပါး ကို ပျော်ရွှင်အောင်ကြိုးစား နေထိုင်ပါ။
(ခ) ကင်ဆာဆဲလ်တွေဟာ အောက်စီဂျင်ကိုကြောက်ပါတယ်၊ ဒါကြောင့် ကိုယ်တွင်းရှိ ဆဲလ်တွေထဲ ထိအောင် အောက် စီဂျင် များများရောက်ရှိစေဖို့  အတွက် နေ့ စဉ် ကိုယ်လက်လှုပ်ရှားမှုပြုပါ၊ အသက်ပြင်းပြင်းရှုရှိုက်ပါ။
(ဂ) ဖြစ်နိင်ရင် ရေခဲသေတ္တာ ထဲမှာ ပလပ်စတစ်ရေ သန့် ဗူးမထဲ့ပါနှင့်၊ သောက်ရေကို ဖန်ပုလင်းဖြင့် ထားနိုင်ရင် ပိုကောင်းပါတယ်။
(ဃ) မိုက်ခရိုဝေ့ဖ် မီးဖိုထဲမှာ ပလပ်စတစ်ဖြင့်ပြုလုပ်ထားတဲ့ ဗူးခွက်တွေကို မသုံးပါနှင့်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...