သတ္တိခဲ...
"သွားနှုတ်ချင်လို့ပါ ဆရာ..." အမျိုးသမီးက ပြောလိုက်တယ်။ "အရေးကြီးနေလို့ ထုံဆေးတွေဘာတွေ မထိုးနဲ့တော့ ဆရာ... မြန်နိုင်သမျှ မြန်မြန်လေးသာ နှုတ်ပေးပါ..."
သွားဆရာဝန်က အတော်လေးသဘောကျသွားပြီး...
"ခင်ဗျားက အတော်သတ္တိကောင်းတဲ့ အမျိုးသမီးပဲ... ကဲ! ပြော ဘယ်တစ်ချောင်း နှုတ်မှာလဲ..."
ဒီအခါ အမျိုးသမီးက ယောကျ်ားဘက် လှည့်ပြီး...
“ပြလိုက်လေ ယောကျ်ား... ရှင် နှုတ်မယ့်သွားကို..."
"ငင့်..."








