အခွင့်အလမ်း...

လူငယ်တစ်ဦးဟာ လယ်သမားကြီးရဲ့ သမီးနဲ့ မေတ္တာမျှနေကြတယ်။ တစ်နေ့မှာ သမီးဖြစ်သူနဲ့ လက်ထပ်ဖို့ လယ်သမားကြီးထံ ခွင့်ပြုချက် သွားတောင်းတယ်။ လယ်သမားကြီးက သူ့ကို အကဲခတ်လိုက်ပြီး...

"ငါ့သား! မင်း ဟိုးကွင်းထဲမှာ သွားရပ်နေ..." လို့ လက်ညိုးညွှန်ပြီး ဆက်ပြောလိုက်သည်။

"ဒီကနေ နွားသုံးကောင်ကို တစ်ကောင်ချင်းစီ လွှတ်လိုက်မယ်... အဲဒီ နွားသုံးကောင်ထဲက တစ်ကောင်ကောင်ရဲ့ အမြီးကို မိအောင် ဖမ်းနိုင်ရင် ငါ့သမီးနဲ့ ထိမ်းမြားပေးမယ်...”

လူငယ်လည်း ကွင်းထဲသွားပြီး ပထမဆုံး ထွက်လာမယ့် နွားတစ်ကောင်ကို စောင့်နေသည်။ လယ်သမားကြီးက နွားခြံတံခါးကို ဖွင့်လိုက်သည်။ ပြေးထွက်လာတဲ့ နွားကြီးဟာ သူမြင်ဖူးသမျှထဲမှာ အကြီးဆုံးနဲ့ အရက်စက်ဆုံးပုံ ပေါက်နေသည်။ လူငယ်လည်း နောက်လာမယ့်နွားဟာ ဒီထက် ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်မယ်လို့ ဆုံးဖြတ်လိုက်သည်။ ဒါကြောင့် နွားမြီးကို မဖမ်းဆွဲပဲ ဘေးဘက်ကို ရှောင်တိမ်းပြီး လွတ်ပေးလိုက်သည်။

အဲဒီနောက် လယ်သမားကြီးက ခြံတံခါးကို ဖွင့်ပြီး ဒုတိယ နွားတစ်ကောင်ကို ထပ်လွှတ်ပေးလိုက်သည်။

ဒီတစ်ခါလည်း သူ အရမ်းအံ့အား သင့်သွားပြန်သည်။ သူ့ဘဝမှာ ဒီလောက်ကြီးမားပြီး ရက်စက်ကြမ်းကြုတ်တဲ့ နွားကြီးကို တစ်ခါမှ မမြင်ဖူးဘူးပေ။ နွားကြီးက မြေကြီးကို ခွာတွေနဲ့ယက်ပြီး မြည်ဟိန်းနေသည်။ ဘာပဲဖြစ်ဖြစ် နောက်တစ်ကောင်က ဒီထက် ပိုပြီးကောင်းတဲ့ ရွေးချယ်မှုဖြစ်မယ်လို့ စဉ်းစားလိုက်ပြန်သည်။ ဒီလိုနဲ့ မဖမ်းဘဲ ဘေးဘက်ကို ရှောင်တိမ်းပြီး လွတ်ပေးလိုက်သည်။

လယ်သမားကြီးက တတိယအကြိမ်မြောက် ခြံတံခါးကို ဖွင့်လိုက်ပြီး နောက်ဆုံး နွားတစ်ကောင်ကို လွှတ်ပေးလိုက်သည်။

ဒီတစ်ကြိမ်တော့ သူ့မျက်နှာက ပြုံးရွှင်နေသည်။ သူတွေ့ဖူးသမျှ နွားတွေထဲမှာ ဒီနွားက အပိန်လှီဆုံး၊ အားအနည်းဆုံး ဖြစ်နေသည်။ ဒီတစ်ခါတော့ အပိုင်ဖမ်းရတော့မယ်ဆိုပြီး တွက်လိုက်သည်။ နွားက ပြေးလာနေစဉ် သူ နေရာကို အသေအချာ ယူလိုက်သည်။ နွားအနားလည်းရောက် ခုန်ပြီး အမြီးကို ဖမ်းဆွဲဖို့ လုပ်လိုက်သည်။ ဒါပေမယ့် နွားမှာ အမြီးမရှိ။

သင်ခန်းစာကတော့... ဘဝမှာ အခွင့်အလမ်းတွေနဲ့ ပြည့်နှက်နေတယ်။ တစ်ချို့အခွင့်အလမ်းတွေက ရယူဖို့ လွယ်ကူပြီး၊ တစ်ချို့တွေက ခက်ခဲကောင်း ခက်ခဲကြလိမ့်မယ်။ ဒါပေမဲ့ သူတို့ကို တစ်ကြိမ်တစ်ခါ လက်လွှတ်လိုက်ရပြီဆိုရင် အဲဒီ အခွင့်အလမ်းတွေက ဘယ်တော့မှ ပြန်မလာတော့ပါဘူး။ အဲဒါကြောင့် ပထမဆုံးရတဲ့ အခွင့်အလမ်းတွေကို အမြဲတမ်း အမိအရ ဆုပ်ကိုင်ထားပါ.....။


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...