မျက်လုံး(သူငယ်အိမ်)ကို လျှာနဲ့လျက်ပြီး မျက်စိရောဂါ ကုသပေးတဲ့ အဖွားအို
ဘောဇနီးယားနိုင်ငံ မြောက်ပိုင်းရှိ Crnjevo လို့ ခေါ်တဲ့ ရွာတရွာက အသက် ၇၇ နှစ်အရွယ် အဖွားအိုကို သူမရဲ့ အံ့မခန်း လျှာအစွမ်းကြောင့် အတော်လေး လူသိများပါတယ်... မျက်လုံးနဲ့ ပတ်သက်တဲ့ မည်သည့်ရောဂါ အမျိုးအစားကိုမဆို သူမရဲ့ လျှာနဲ့ လျက်ပြီး ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ အခိုင်အမာ ပြောဆိုပါတယ်... ရောဂါဖြစ်သူရဲ့ မျက်လုံး သူငယ်အိမ်ကို လျှာနဲ့ လျက်ပြီး ကုသပေးတာပါ... သူမရဲ့ အိမ်နီးနားချင်းတွေနဲ့ မိတ်ဆွေတွေ အပါအ၀င် အလှမ်းဝေးတဲ့ ကျေရွာများမှ မျက်စိရောဂါ ဝေဒနာရှင်များကပါ သူမထံ လာရောက် ကုသနေကြတယ်လို့ ဆိုပါတယ်... သူမအနေနဲ့ မျက်စိရောဂါသည်တွေကို အဆိုပါနည်းအတိုင်း ကုသပေးနေတာ နှစ်ပေါင်း ၄၀ ရှိပြီလို့ သိရပါတယ်...။
ref;odditycentral/ Ko Myo
--------------------------------------