လပေါ်တွင် ထောင့်မှန်စတုဂံပုံ မြေအောက် ချော်ရည် စီးကြောင်းဟောင်းများ တွေ့ ရှိ
လ၏ ပရိုဆဲလာရမ် အလယ်ပိုင်း မျက်နှာပြင် အောက် နီးကပ်သော နေရာတစ်နေရာတွင် တစ်ချိန်က ချော်ရည် စီးကြောင်းဖြင့် ပြည့်နှက်နေ ခဲ့သည်ဟု ယုံကြည်ရသော အကျယ် ၂၅၀၀ ကီလိုမီတာ အရွယ် ထောင့်မှန် စတုဂံ အကွက် ပုံစံဖြစ်နေသည့် မြေအောက်ချော်ရည် စီးကြောင်း ဟောင်း တစ်ခုကိုတွေ့ ရပြီး ၂၀၁၂ ခုနှစ် တွင် နာဆာ၏ ဂရေးမစ်ရှင် က ရရှိခဲ့သော ဆွဲငင်အား ပြမြေပုံ မှန်ကန်ကြောင်း တစ်ခုတည်းသော အထောက် အထား ဖြစ်လာကြောင်း သိရသည်။
လပေါ်တွင် မြေအောက် ချော်ရည်စီးကြောင်း အမှန် တစ်ကယ်တွေ့ ရှိခဲ့ပြီးနောက် ယင်းထောင့်မှန် စတုဂံ အကွက်၏ ပုံရိပ်ကို သာမန် ဓါတ်ပုံများတွင်ပင် ပုံဖော် ကြည့်ရှုတွေ့ မြင်ရနိုင်သည်။ လမျက်နှာပြင်ပေါ်တွင် ကာလရှည်ကြာတွေ့ ရှိ မှတ်တမ်းတင် ထားသော အမည်းရောင် အစင်းကြောင်းသည်လည်း ယင်းမြေအောက် ချော်ရည်စီးကြောင်း၏ အစွန်း တစ်နေရာတွင်ရှိနေသည်။
မြေအောက်ချော်ရည်စီးကြောင်း၏ ကြီးမားလှသောအရွယ်အစားကြောင့် သိပ္ပံပညာရှင်များ တအံ့တသြဖြစ်ခဲ့ကြပြီး ယင်းထောင့်မှန်စတုဂံအကွက်တစ်ခုတည်းသည် လကမ္ဘာ၏ ၁၇ ရာခိုင်နှူန်းခန့် ရှိပြီး မြောက်အမေရိကတိုက်၊ ဥရော ပတိုက်နှင့် အာရှတိုက်စုစုပေါင်းအရွယ်အစားခန့် ပင်ရှိကြောင်း သိရသည်။
နာဆာရဲ့ ဆွဲငင်အားကိုသုံးပြီးဆွဲထားတဲ့ ဂရေးလ်မြေပုံကိုစတွေ့ တော့ ကျွန်တော်တို့ အံ့သြသင့်သွားပါတယ်။ ဂြိုလ် တစ်လုံးပေါ်မှာ ဒီလောက်ကြီးတဲ့ ထောင့်မှန်စတုဂံပုံ မြေအောက်ချော်ရည်စီးကြောင်းကို တွေ့ ရလိမ့်မယ်လို့  ကျွန်တော်တို့ လုံးဝမျှော်လင့်မထားခဲ့ပါဘူး။ ဒါကြောင့် ဒီလိုထူးခြားတဲ့လက္ခဏာတစ်ခု လပေါ်မှာဘယ်လိုများဖြစ် လာတယ်ဆိုတာကို ကျွန်တော်တို့  ဆက်လက်လေ့လာခဲ့ကြပါတယ်။
ပရိုဆဲလာရမ်အပိုင်းတွင် သဘာဝအတိုင်းဖြစ်ပေါ်နေသော ရေဒီယိုသတ္တိကြွဒြပ်စင်များဖြစ်သော ယူရေနီယမ်၊ သိုရီယမ်နှင့် ပိုတက်ဆီယမ်တို့ ကိုတွေ့ ရလေ့ရှိပြီး လသက်တမ်းနုစဉ် ဤဒြပ်စင်များကြောင့် အပူချိန်လွန်ကဲပြီး အပူချိန်ပြန်လည်ကျဆင်းအေးခဲသွားသော်အခါ လအရွယ်အစားလည်းပြန်ကျုံ့ သွားသည်။ ထိုသို့ ကျုံ့ သွားရာတွင် လမျက်နှာပြင်အက်ကွဲသွားပြီး ကြီးမားသောပတ်ကြားအက်များဖြစ်သွားသည်။
တဖန် ဖော်ပြပါဒြပ်စင်များကြောင့် လအပူချိန်မြင့်လာပြန်သောအခါ မြေအောက်ချော်ရည် များသည်လည်း ယင်း ပတ်ကြားအက်နေရာများသို့  စီးဝင် လာခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူဆသည်။
ကမ္ဘာပေါ်တွင်လည်း ပူခြင်း၊အေးခြင်းဖြစ်စဉ်ကြောင့် ၁၂၀ ဒီဂရီထောင့်များပါရှိသော ဆဌဂံပုံများဖြစ်ထားသည်။ မြောက်ပိုင်းအိုင်ယာလန်တွင် Giant Causeway သည် ပူခြင်း၊အေးခြင်းကြောင့် မြေပတ်ကြားအက်ကာ ချော်ရည် စီးကြောင်းများဖြစ်လာသည့် ပုံစံငယ်ဖြစ်ပြီး အာဖရိကတိုက်အရှေ့ ပိုင်းရှိ တောင်ကြားဒေသများ၊ တစ်ဖက်နှင့် တစ်ဖက် ရောယှက်နေသော ပြတ်ရွေ့ ကြောင်းများသည် သိသာထင်ရှားသော ပုံစံကြီးများဖြစ်သည်။
ပူခြင်း၊အေးခြင်းဖြစ်စဉ်ကြောင့် စက်ဝိုင်းအခြေပြုဂဲသြမေတြီအကျိုးသက်ရောက်မှုဖြစ်ပေါ်ပြီး ၁၂၀ ဒီဂရီထောင့်များ ဖြစ်လာသောကြောင့် ဆဌဂံဟုခေါ်ဆိုသော်လည်း ထောင့် ၄ထောင့်သာရှိခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၃ ဒသ ၅ ကုဋေခန့် တွင် ချော်ရည်များပြည့်နှက်ခဲ့ဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များက ခန့် မှန်းသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အမေရိကန် ပြည်ထောင်စုတွင် အားကစားခွန် ကောက်ခံမည် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ဆေးလောကတွင် ပထမဆုံး အကြိမ်အဖြစ် သားအိမ် အစားထိုးထားသူ အမျိုးသမီးက ကလေးမွေးဖွား Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'