လက်တစ်ဖက် ဂိုးသမား
အေကေ ရေးသည်။
ဘောလုံး လောကထဲမှာ ပရော် ဖက်ရှင်နယ်၊ ဆီမီး ပရော်ဖက်ရှင်နယ်၊ အပျော်တမ်း အဆင့်ဆိုပြီး အဆင့်ဆင့် ခွဲခြားသတ် မှတ်ထားကြပြီး ဒီလို အဆင့်တိုင်း အဆင့်တိုင်းမှာ ငယ်ရွယ်သူ ဘောလုံး သမားတွေရော အသက်အတန်ငယ် ရှိနေကြတဲ့ ဘောလုံး သမားတွေက ပါဝင်ရောက် ကစားနေ ကြ ပါတယ်။
ဒီလို လိဂ်တွေမှာ ကစားနေကြ ပေမယ့် ဘောလုံးသမား တစ်ယောက်ဖြစ် ဖို့ဆိုတာက မလွယ်ပါဘူး။ ပြီးတော့ကွန် မြူနစ်နိုင်ငံ တစ်နိုင်ငံ၊ ခွဲခြားဆက်ဆံမှု တွေပြင်းထန်တဲ့နိုင်ငံ တစ်ခုမှာ အခွင့် အရေးရဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပါ သေးတယ်။
ကိုယ်လက်အင်္ဂါ ပြည့်စုံနေသူတွေ တောင်အသင်း တစ်သင်းမှာ နေရာရ ရပ်တည်ဖို့ဆိုတာက ပိုလို့တောင် ခက်ခဲနေပါ သေးတယ်။ ဒါပေမဲ့ အသက်အရွယ်အားဖြင့် ၄၇ နှစ်အရွယ်ကိုရောက်နေသလို ခန္ဓာ ကိုယ်ချို့တဲ့နေတဲ့ Tudorel Mihailescu ဆိုတဲ့ဘောလုံးသမားတစ်ယောက်ဟာ ရိုမေးနီးယားနိုင်ငံရဲ့ပဉ္စမအဆင့်မှာရှိနေတဲ့ လိဂ်တစ် ခုမှ ယှဉ်ပြိုင်နေတဲ့ အက်ဖ်စီဖာတီ ယာမှာ ကစားနေနိုင်တာဟာ အံ့သြစရာကောင်းနေပါတယ်။
သူက တစ်ဖက်တည်းရှိနေ တဲ့ လက်တစ်ဖက်မှာ လက်အိတ်ကို ကျပ်ကျပ်ဖြစ်နေအောင် ပါးစပ်နဲ့ဆွဲတင်းလိုက် တယ်။
''ကျွန်တော့်အိပ်မက်တွေကိုဘယ်သူမှတားဆီးလို့ရမှာမဟုတ်ဘူး။ ကျွန်တော် ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ အမြဲတမ်းအလုပ်ကိုကြိုးစားလုပ်တယ်။ ဂိုးသမား တစ်ယောက်ဖြစ်ဖို့ ကျွန်တော့် ခွန်အားတွေကိုအမြဲတမ်း စိုက် ထုတ် နေတယ်။ ကျွန်တော့် ကိုယ်ကျွန်တော် ကွင်းထဲမှာ အမြဲတမ်း ရှိနေချင်တယ်။ လက်တစ်ဖက်တည်း ရှိနေပေမယ့် တခြားသူတွေ လုပ်နေနိုင်တာမျိုး လုပ်ချင်တယ်''ဟု Mihailescu ကဆိုပါတယ်။
အခုချိန်မှာဆိုရင် Mihailescu ဟာ ပြန်လည်သန့်စင်စက်ရုံမှာပါ အလုပ် လုပ်နေပေမယ့် သူ့အိပ်မက်က ဂိုးသမား တစ်ယောက်အဖြစ် ရှင်သန်ဖို့ပါ။
သူ့ရဲ့ဘယ် ဘက်လက်တစ်ဖက်ဟာမွေးကတည်းက အရိုးပါလာခြင်းမရှိပါဘူး။ ကွန်မြူနစ်ဝါဒကြီး စိုးတဲ့နိုင်ငံတစ်ခုမှ လူငယ်တစ်ယောက်ဟာ ဒီလိုမျိုးအား ကစားပွဲထဲကို ဝင်ရောက်ယှဉ် ပြိုင်နိုင်ဖို့ဆိုတာမလွယ်ပါဘူး။
''ကွန်မြူနစ် စနစ်ကျင့်သုံးနေတဲ့အချိန်တုန်းက တကယ်ကိုခက်ခဲတဲ့အခြေ အနေတွေရှိခဲ့တယ်။ ဆရာဝန်ကို ကစားခွင့်ပေးဖို့ ကျွန်တော်တောင်းဆိုခဲ့ရတယ်။ ကျွန် တော် တစ်နှစ်လောက်တောင်းဆိုခဲ့ပေမယ့် ဘာမှမဖြစ်နိုင် ခဲ့ဘူး။ ဒါပေမဲ့ အခုခေတ်ရောက်လာ ချိန်မှာ အားလုံးအဆင်ပြေသွားခဲ့ပါပြီ'' လို့ ကွန်မြူနစ် ခေတ်မှာ ခန္ဓာကိုယ် ချို့တဲ့သူ တစ်ဦးရဲ့ ဆုံးရှုံးနစ်နာမှုကို ပြန်ပြောပါတယ်။
ခေတ်စနစ်ပြောင်း လဲလာပြီးနောက်မှာ သဘော ထားတွေပါပြောင်းလဲလာ တဲ့နောက် ဘောလုံးအသင်း တစ်သင်း က Mihailescu ကိုအခွင့်အရေးပေးခဲ့တယ်။ Fratia ဆိုတဲ့ အဓိပ္ပာယ်က အင်္ဂလိပ်လိုပြန်ဆိုရရင် ညီအစ်ကိုလို ပေါင်းစပ်မှု လို့ဆိုနိုင်ပြီး Fratia လို့ အမည်ရတဲ့ ဒီကလပ်ဟာခွဲခြားဆက်ဆံမှု မရှိသလို စုစည်းမှုနဲ့ ယှဉ်ပြိုင်ဖို့ကို အဓိကထားတဲ့ကလပ် လည်းဖြစ်တယ်။
ဒီကလပ်က ရိုမေးနီးယားမှာဆိုရင် ပဉ္စမအဆင့်ရှိလိဂ်မှာကစားနေတာဖြစ်ပြီး Mihailescu က ဒီအသင်းရဲ့ ဒုတိယအသင်းမှာ ကစားခွင့်ရတာလည်းဖြစ်တယ်။
သူ့အနေနဲ့ ဒုတိယ အသင်းမှာ ကစားခွင့်ရပေမယ့် လက်စွမ်းပြနိုင်တဲ့ အတွက်ကြောင့် အသင်းမှာ နေရာတစ်နေရာ ကိုရရှိခဲ့တယ်။
''ကျွန်တော့်ရဲ့ လှုပ်ရှားမှုနဲ့နေရာယူတတ်မှုကကျွန်တော့်ရဲ့အားသာချက်ပဲ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် လက်တစ်ဖက်ဆုံးရှုံးထားရလို့လေ။ ဒီအားသာချက်တွေနဲ့ ဂိုးသမားတစ်ယောက် ဖြစ်ဖို့ သက်သေပြနိုင်ဖို့ ကြိုးစား နေတယ်'' လို့ Mihailescu က အသင်းမှာ ပုံမှန်တစ်နေရာရရှိလာ တာကိုပြန်ပြောပြခဲ့တယ်။ နောက်မကြာခင်မှာ Mihailescu အတွက် အစွမ်းပြခွင့်အချိန်ရောက်ရှိ လာခဲ့တယ်။
သူတို့နဲ့ယှဉ်ပြိုင်ရတဲ့အသင်းက ငယ်ရွယ်နုပျိုပေမယ့် Mihailescu ပါဝင်ကစားတဲ့ အသင်းကိုအနိုင်မယူနိုင်ခဲ့ပါဘူး။ ၁-၁ ဂိုးသရေကျခဲ့တဲ့ဒီပွဲမှာ Mihailescu ဟာ အံ့အားသင့်ဖွယ် ကောင်းလောက်တဲ့ ဂိုးကာကွယ်ချက်တွေကို လုပ်ပြနိုင်ခဲ့တယ်။
အသက်အရွယ်အားဖြင့် ၄၇နှစ်၊ လက်တစ်ဖက်မရှိပေမယ့် Mihailescu ရဲ့ ကာကွယ်မှုတွေကို အားလုံးအံ့အား သင့်ခဲ့ကြတယ်။
ဒီလိုဂိုးသမားတစ်ယောက်အရည်အချင်းတွေပြသပြီးနောက်ပိုင်းမှာ Fratia ပထမအသင်း ကို တက်လှမ်းခွင့်ရခဲ့ တယ်။ ဒါပေမဲ့ အခုထိတော့ သူ့ရဲ့လက်အိတ်ကိုတော့ မချွတ်သေးပါဘူး။
''ကျွန်တော်ကစားနိုင်တဲ့အချိန်အထိ ကစားနေဦးမယ်။ ၄၇နှစ်ရှိနေပြီဖြစ်ပေမယ့် လူငယ် တစ်ယောက်လို သန်တုန်း မြန်တုန်းပဲလို့ ခံစားနေရတုန်း ပဲ'' လို့ပြောရင်း အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်ထဲ ပြေးလွှားဝင်ရောက် သွားခဲ့ပါ တယ်။

The Flower News Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အောင်မြင်ခြင်းနှင့် ကျောက်တုံး တစ်တုံး လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ္ဝန္မွာသံုးတဲ့ေဆးတမ်ိဳးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး
- (အနောကျသို့) ရှင်သန်နေသည့် ဘ၀များ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ္ဝန္မွာသံုးတဲ့ေဆးတမ်ိဳးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး