ကမ္ဘာ့အသန်မာဆုံး ဘုန်းကြီး အမည်တပ်ခံရတဲ့ အလေးမ စွမ်းအားရှင်

ကမ္ဘာ့ အသန်မာဆုံး ဘုန်းကြီးအဖြစ် နာမည်ပေး ခံခဲ့ပြီးတဲ့ Rev. Dr. Kevin Fast ရဲ့ အလေးမစွမ်းရည် ဟာ ဘုရားသခင်ရဲ့ ဆုကျေးဇူးဖြစ်ပါတယ်။ ၁၉ ရာစုရဲ့ စွမ်းအားရှင် Louis Cyr ဆီမှ လှုံ့ဆော်မှု ရရှိပြီးတဲ့ အချိန်မှစ နှစ်နဲ့ချီ မယုံနိုင်လောက်အောင် အလေးမ စွမ်းရည်ကို အသက် ၅၁ နှစ်ရှိ ကနေဒါလူမျိုး Pastor ပြသ လာခဲ့တာပါ။

တန်ချိန် ၁၈၉ အလေးချိန်ရှိ အလေးအများဆုံး လေယာဉ်ကို တစ်ယောက်အားဖြင့်ဆွဲတာ၊ အလေးဆုံး ထရပ်(ခ်) ကား လက်တစ်ဖက်တည်းဖြင့် ဆွဲတာ၊ အလေးလံဆုံး စက်ယန္တယားကို ပေတစ်ရာထိ ဒရွတ်တိုက်ဆွဲသွားတာ၊ ပုခုံးနှစ်ဖက်နဲ့ အလေးချိန် ၅၀၀ ကီလိုဂရမ်ကို အချိန်အကြာဆုံး ထမ်းထားနိုင်တာတွေဟာ ကမ္ဘာ့ ဂေးနစ်စ်ချိန် စံတွေကို မှတ်တမ်းစေနိုင်ခဲ့ပါတယ်။

တခြားထူးခြားတဲ့ လုပ်ဆောင်ချက်တွေက မီးသတ်ကားကို ပေတစ်ရာဆွဲသွားတာ၊ တန် ၄၀ ရှိအိမ်တစ်လုံးကို လမ်းမကြီးတစ်ခုဆီ ဆွဲသွားတာ၊ အမျိုးသမီး ၂၂ ယောက်ကို တစ်ချိန်တည်းမှာ ကျောကုံးပေါ် ထမ်းထားတာ စတာတွေလည်း ပါဝင်တယ်။

သူဟာ မြောက်အမေရိက က Highland style games မှာ ကြေးစားအနေနဲ့ ပါဝင်ယှဉ်ပြိုင်ထားသူလည်းဖြစ်တယ်။


Source: Mirror
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...