အပျိုစင် ရလဒ်ကို ထိန်းသိမ်းနိုင်ပါက တစ်လ ပေါင် (၁၁) ပေးမည်

အေသင်အောင်

ဆွာဇီလန် ဘုရင်ကြီး Mswati IIIဟာ နိုင်ငံအတွင်း မှာရှိတဲ့ အမျိုးသမီး တွေထဲက အပျိုစင် ရလဒ်ကို ထိန်း သိမ်းနိုင်ပါက တစ်လ (၁၁)ပေါင် ပေးသွားမယ်လို့ ကမ်းလှမ်းမှုပြု လုပ်ခဲ့ပါတယ်။ ဆွာဇီလန် နိုင်ငံဟာ အာဖရိကရဲ့ အဆင်းရဲဆုံး တစ်နိုင်ငံ ဖြစ်ပြီး ငယ်ရွယ နုပျိုတဲ့ အမျိုးသမီး တွေဟာ လိင်ဆက်ဆံခြင်းကို ရှောင်နိုင် ခဲ့ရင် ဘုရင်ကြီး သတ်မှတ် ပေးထားတဲ့ ဆုကြေးကို ခံစား ရရှိမှာ ဖြစ်ပါတယ်။ ဆွာဇီလန် ဘုရင်ကြီးဟာ HIV ကူးစက်မှုကို တားမြစ်ဖို့ ဒီလို စည်းမျဉ်းကို ပြဋ္ဌာန်းခဲ့တာ ဖြစ်ပေမယ့် အခြားတစ်ဖက်မှာ ဝေဖန် မှုတွေ ကြုံတွေ့နေရ ပါတယ်။ လက်ရှိ အချိန်မှာ ဆွာဇီလန် ဘုရင်ကြီးဟာ မယား(၁၅) ဦး အထိရှိပြီး အနာဂတ်မှာ မြေတောင် မြှောက်မယ့် သတို့သမီးတွေ ရောဂါ ကင်းစင်ဖို့ အခုလို ပြုလုပ်ခြင်း ဖြစ်တယ်လို့ ထောက်ပြခဲ့ကြ ပါတယ်။ အမျိုးသမီးတွေ လိင်ဆက်ဆံမှုရှိ၊ မရှိကို ဘယ်လို စောင့်ကြည့်မလဲ ဆိုတော့ အချက်ကလည်း မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။ အသက် (၄၆) နှစ် ရှိပြီဖြစ်တဲ့ ဆွာဇီလန် ဘုရင်ဟာ အာဖရိက တိုက်ရဲ့ နောက်ဆုံး ကျန်ရှိတဲ့ ဧကရာဇ် တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ လတုန်းက အသက် (၁၉)နှစ်အရွယ် အမျိုးသမီးကို (၁၅) ဦးမြောက် မယားအဖြစ် တင်မြှောက်ခဲ့ ပါတယ်။ ဆွာဇီလန် နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေက လွန်စွာ နည်းပါးပြီး နိုင်ငံ လူဦးရေရဲ့ (၂၆) ရာခိုင်နှုန်းဟာ HIV ကူးစက်ခြင်းခံ ထားရပါတယ်။ ဆွာဇီလန် လူငယ်တွေက ငွေကြေး တစ်ခုတည်းနဲ့ အမျိုးသမီးတွေ လိင်ဆက်ဆံမှုကို ထိန်းသိမ်းလို့ မရကြောင်း အကြံပြုခဲ့ ပါတယ်။ ဆွာဇီလန် နိုင်ငံက ပြည့်တန်ဆာ တစ်ဦးဟာ အဖော်တစ်ဦးနဲ့ တစ်ကြိမ်ပျော် ပါးရင် (၁၁) ပေါင် ရနေတာမို့ ဒီအစီအစဉ်က ဖြစ်နိုင်ချေ မရှိကြောင်း၊ မိမိတို့ ဘုရင် ကလည်း သတို့သမီးလောင်းကို တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့မှာ သွားရောက်ရှာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆွာဇီလန် ဘုရင်ကြီးဟာ မကြာမီက ကျင်းပခဲ့တဲ့ ပွဲတော် တစ်ခုမှာ အပေါ် အ၀တ်အစား ၀တ်ဆင်ထားခြင်း မရှိတဲ့ အပျိုစင် ထောင်ပေါင်း များစွာကို တက်ရောက်စေခဲ့ ပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...