လုပ်ငန်းခွင်အတွင်း ဥာဏ်ရည် ထက်မြက်သူတို့ ၏ အန္တရာယ်

ဥာဏ်ရည် ထက်မြက် သူတွေကြောင့် သင့်လုပ်ငန်း အောင်မြင်မှု နှောင့်နှေးကြန့် ကြာသွားနိုင်မယ်လို့ ဆိုရင် သင် လက်ခံနိုင်မလား။ ၀န်ထမ်းသစ် ရွေးချယ်တဲ့အခါ၊ ရာထူး တိုးပေးတဲ့အခါ၊ အသင်းခေါင်းဆောင် ရွေးချယ် တဲ့အခါ ဥာဏ်ရည် ထက်မြက်မှု အပေါ် အခြေခံပြီး ရွေးချယ်မယ် ဆိုရင် မှားလိမ့်မယ်လို့ ပြောရင်ကော သင်ခေါင်းခါ မှာလား။ 

ဥာဏ်ရည် ထက်မြက် သူတွေမှာ ဘာများ အပြစ်ရှိပါ လိမ့်။

ဥာဏ်ရည်ထက်မြက်တယ်ဆိုတာ အပြစ်မဟုတ်ပါဘူး။ အား သာချက်တစ်ခုပါပဲ။ ဒါပေမယ့် ဒီဥာဏ်ရည် ထက်မြက် မှုကိုသာ စနစ်တကျအသုံးမချတတ်ဘူးဆိုရင် အများနဲ့ သဟ ဇာတမဖြစ်ဘဲ လူ့ ဂွစာကြီးတွေဖြစ်ပြီး သူတို့ ကိုယ် တိုင်လည်း အထီးကျန်နေတတ်သလို ပတ်သက်နေတဲ့လူတွေ အဖို့ လည်း ပျော်ရွှင်ဖွယ်ရာတွေ ကင်းမဲ့နေတတ် ပါတယ်။

လုပ်ငန်းတစ်ခုကို အားကစားတစ်ခုနဲ့  နှိုင်းယှဉ်ကြည့်ရအောင်။ တင်းနစ်ရိုက်တယ်ဆိုပါတော့။ တင်းနစ်ကျွမ်းကျင် သူ တစ်ဦးဟာ အခုမှတင်းနစ်စကစားတတ်သူကို ဆာဗင်ပေးတာကစပြီး မညှာတမ်းကစားမယ်ဆိုရင် အဲဒီတင်းနစ် ဘော လုံးဟာ မကစားတတ်သေးတဲ့သူဖက်မှာ တစ်ဖုံးဖုံးကျနေမှာဖြစ်တဲ့အတွက် ဒီပွဲဟာ ကြည့်လို့ လည်းကောင်း မှာ မဟုတ်သလို မကစားတတ်သူလည်း စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ကြည့်နေတဲ့ပရိသတ်ကလည်း မညှာ မတာ ကစားတဲ့သူကိုပဲ အပြစ်တင်ကြမှာပါ။ သူ့ ကိုလည်း ဘယ်သူကမှ အထင်ကြီးတော့မှာ မဟုတ်ပါဘူး။

ဒီလိုပါပဲ လုပ်ငန်းခွင်လောကမှာလည်း ဥာဏ်ရည်ထက်မြက်ပြီး ပညာတတ်သလောက် ပညာမာနကြီးပြီး အားလုံး ကို ဆတ်ဆတ်ထိမခံဆက်ဆံတတ်တဲ့လူတစ်ယောက်ကြောင့် အားလုံးစိတ်အနှောက်အယှက်ဖြစ်ရတာမျိုး ရှိပါတယ်။

ဥာဏ်ရည်ထက်မြက်တာကောင်းပါတယ်။ အဲဒီဥာဏ်ရည်ထက်မြက်မှုကို အသုံးချပုံလွဲမှားနေတဲ့အတွက်သာ အများ မှာ စိတ်အနှောက်အယှက်ဖြစ်ရတာပါ။ ဒါဆိုရင် ၀န်ထမ်းရွေးချယ်ရာမှာ၊ ရာထူးတိုးပေးရာမှာ ဥာဏ်ရည် ထက်မြက် မှု တစ်ခုတည်းကိုပဲ အခြေခံပြီး မဆုံးဖြတ်သင့်ဘူးဆိုတာ စာဖတ်သူလက်ခံနိုင်လောက်ပြီ ထင်ပါတယ်။

Enron ကုမ္ပဏီကြီးဟာ ကမ္ဘာကျော်စီမံခန့် ခွဲရေးအသင်းအဖွဲ့ ကြီးတစ်ခုဖြစ်ပါတယ်။ သူတို့ ရဲ့ နယ်ပယ်မှာ အတော် ဆုံး၊ အကျွမ်းကျင်ဆုံး၊ ဥာဏ်ရည်ထက်မြက်မှုအရှိဆုံးဆိုပြီး ကမ္ဘာကအသိအမှတ်ပြုခဲ့ရပါတယ်။ သူတို့ ကို အထင် တကြီးနဲ့  ငွေတွေပုံအောပေးပြီး မန်နေဂျာရာထူးခန့် ခဲ့တဲ့ အမေရိကန် စွမ်းအင်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု ကတော့ ကုမ္ပဏီပိတ်သိမ်းရတဲ့အထိ ဒုက္ခရောက်ခဲ့ပါတယ်။ ဒီမန်နေဂျာတွေဟာ ကမ္ဘာ့အကောင်းဆုံး ဖြစ်တယ် ဆိုတဲ့ ယုံကြည်ချက်နဲ့  ကုမ္ပဏီအကြီးအကဲတွေက ကြီးကြပ်ဖို့ မလိုဘူးလို့  ယူဆခဲ့ပါတယ်။ တော်လှပါတယ်ဆိုတဲ့ ဒီမန်နေဂျာတွေ ဟာ မောက်မာပြီး ကိုယ့်ဆုံးဖြတ်ချက်လွဲမှားမှုတွေကို လက်အောက်ငယ်သားတွေအပေါ် ပုံချပြီး ထင်ရာစိုင်းခဲ့ကြတဲ့ အတွက် ကုမ္ပဏီဟာ လအနည်းငယ်အတွင်း အမေရိကန်ဒေါ်လာ ကုဋေပေါင်းများစွာ အရှုံး ပေါ်ပြီး ၂၀၀၁ ခုနှစ်မှာ ပိတ်သိမ်းခဲ့ရတာပါ။

ဒီတော့ ကိုယ့်လုပ်ငန်းနဲ့  ကိုက်ညီမယ့် ၀န်ထမ်းရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ အလုပ်ရဲ့ သဘောသဘာဝကို လည်း ကိုယ်ကိုယ်တိုင် နားလည်သဘောပေါက်ရပါမယ်။ သုတေသီလိုလူတစ်ယောက်ဟာ အခန်းတစ်ခုထဲမှာ တစ်ယောက်ထဲအလုပ်လုပ်မှာမို့  ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းနေစေဦးတော့၊ သူ့ ကိုငှားလို့ ရပါတယ်။ သူ့ ရဲ့  ဆုံးဖြတ်ချက်ဟာ ကုမ္ပဏီရဲ့ အနာဂါတ်ကိုဦးဆောင်မှာ မဟုတ်ပါဘူး။ သူတို့ ဟာ ခံစားချက်ကင်းမဲ့သူဖြစ်နေစေ ဦးတော့၊ အခြားဝန်ထမ်းများပေါ်မှာ အကျိုးသက်ရောက်မှု မရှိသလောက် နဲမှာပါ။ ဒီလိုနေရာမှာ ဥာဏ်ရည်သိပ်ကို မြင့်မားတဲ့ သုတေသီတစ်ယောက်ကို ခန့် လိုက်တာ မမှားနိုင်ပါဘူး။

ဒါပေမယ့် မန်နေဂျာခန့် အပ်တော့မယ်ဆိုရင် အထူးသတိထားပါ။ ဥာဏ်ရည်ထက်မြက်လွန်းတဲ့မန်နေဂျာတွေဟာ အရာရာကိုသူတို့ ပိုနားလည်တယ်လို့  အစွဲရှိတတ်ပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီစိတ်ဓါတ်ဟာ ဈေးကွက်မြှင့်တင်ရေးလုပ်တဲ့အခါမှာ ကြီးမားတဲ့အတားအဆီးတစ်ခု ဖြစ်လာလေ့ရှိပါတယ်။ ငါသာအတော်ဆုံး ဆို တဲ့မာနကြောင့် တစ်ခြားလူတွေရဲ့ ရှုထောင့်၊ အမြင်၊ ခံစားချက်တွေကို ထည့်သွင်းစဉ်းစားတာမျိုး သူတို့ မလုပ်ကြ ပါဘူး။

ကိုယ်လုပ်နေတဲ့လုပ်ငန်းဟာ လူတွေကိုဆွဲဆောင်ရတဲ့လုပ်ငန်းမျိုးလား။ ဥပမာ လယ်စိုက်ရတဲ့အလုပ်ဟာ လူတွေ ကို ဆွဲဆောင်ရတဲ့လုပ်ငန်းမဟုတ်ပါဘူး။ ဒါပေမယ့် လယ်ယာထွက်ကောက်ပဲသီးနှံတွေကို အ၀ယ်ဒိုင်ဖွင့်ပြီးဝယ် မယ်၊ ၀ယ်ထားတဲ့ ကောက်ပဲသီးနှံတွေကို တစ်ဆင့်ပြန်ရောင်းမယ်ဆိုရင် သင်ဟာ လူတွေနဲ့ အလုပ်လုပ်ရတော့ မယ်။ လူ တွေနဲ့  စကားပြောရတော့မယ်။ လူတွေကိုယ့်ကိုကြိုက်နေအောင် ပြောတတ်၊ ဆိုတတ်၊ ဆွဲဆောင် ရတော့ မယ်။ ငါအတော်ဆုံးဆိုတဲ့ မန်နေဂျာဟာ စာတစ်လုံးမှ မတတ်တဲ့ဝယ်လက်နဲ့  တွေ့ ကောင်းတွေ့ နိုင်ပါတယ်။ သူ့ ထက် အဆပေါင်းများစွာ ပညာတတ်တဲ့ လုပ်ငန်းရှင်နဲ့ လည်း စကားပြော ရတတ်ပါတယ်။

သူ့ ဥာဏ်ရည်မြင့်မားတယ်၊ မမြင့်မားဘူးဆိုတာကို ဒီလူတွေ စိတ်ဝင်စားမှာမဟုတ်ပါဘူး။ သူတို့ ကို ဘယ်လို ဆက်ဆံတယ်ဆိုတာကသာ သူ တို့ အတွက် အဓိကကျပါတယ်။ မန်နေဂျာတစ်ယောက်နဲ့  စကားပြောပြီး ပြန်ထွက် လာတဲ့အခါမှာ ရင်ထဲမှာ ချိုအီ ကြည်နှူးနေမှ သူတို့ ကသဘောကျမှာပါ။ ရင်ထဲမှာ ချဉ်တူးခါးသီးပြီး ပြန်ထွက်လာရ တယ်ဆိုရင် အဲဒီမန်နေဂျာနဲ့  တစ်သက်လုံးပါတ်သက်ချင်တော့မှာ မဟုတ်တဲ့အတွက် သင့်လုပ်ငန်းကို များစွာ ထိခိုက်စေနိုင်ပါတယ်။

ဒါ့အပြင် တော်လွန်း၊တတ်လွန်းသူတွေဟာ သူတို့ ပေးတဲ့အကြံတွေကို လက်မခံဘူးဆိုရင် စိတ်ဆိုးတတ်ကြပါသေး တယ်။ လုပ်ငန်းခွင်လောကမှာ ကျွမ်းကျင်ရာလိမ္မာကြပါတယ်။ ဘဏ္ဍာရေးမန်နေဂျာတစ်ယောက်ဟာ ၀န်ထမ်းရွေး ချယ်လေ့ကျင့်ရေးမန်နေဂျာတစ်ယောက်ကို သြဇာညောင်းချင်လို့  ရမှာမဟုတ်ပါဘူး။ တစ်ကယ်တော့ ပညာသည် အချင်းချင်း တန်းတူမျဉ်းကြောင်းဆွဲပြီး အဲဒီမျဉ်းကြောင်းကနေ မသွေမဖီ ဆက်ဆံပြောဆိုတတ်မှ ကုမ္ပဏီ၊ရုံးလုပ် ငန်းတွေ အဆင်ပြေလွယ်ကူ အောင်မြင်မှာပါ။

ဒီတော့ ဥာဏ်ရည်ထက်မြက်တာ ကိုယ့်အတွက်ကောင်းပါတယ်။ ဒီထက်မြက်မှုကို အများသူငှာလက်သင့်ခံနိုင် အောင် တင်ဆက်တတ်တယ်ဆိုမှ အားလုံးအတွက် ကောင်းသွားမှာပါ။ ဟောလီးဝုဒ်ရုပ်ရှင်လောကမှာ ဒါရိုက်တာ စတီဗင်စပီးဘတ်ကို မသိတဲ့လူမရှိပါဘူး။ နောက်ဆုံးပေါ် ရုပ်ရှင်၊ရုပ်သေကင်မရာမျိုးစုံကို ဂျွမ်းထိုးမှောက်ခုံ ကစား နေတဲ့ ဒါရိုက်တာကြီးပါ။ တစ်နေ့  နယူးယောက်မြို့ ဂရင်းစင်ထရယ်ဘူတာရုံကြီးမှာ စတီဗင်တစ်ယောက် အိတ် ကလေးတစ်လုံးဆွဲပြီး ရုပ်ရှင်ရိုက်ကွင်းနေရာတွေ ရွေးနေတုန်း လူငယ်လုပ်ငန်းရှင်တစ်ယောက်က မတွေ့ တာကြာ ပြီဖြစ်တဲ့ မိတ်ဆွေနဲ့ တွေ့ လိုက်လို့  ၀မ်းသာအားရဖြစ်ပြီး ဓါတ်ပုံရိုက်ချင်ခဲ့ပါတယ်။

အိတ်ထဲက အိုလံပီယာ အော်တို ကင်မရာအသေးလေးကိုဆွဲထုတ်ပြီး ရှေ့ ကနေဖြတ်လျှောက်နေတဲ့ စတီဗင်ကို ဓါတ်ပုံရိုက်ပေးဖို့  အကူအညီ တောင်းပါတယ်။ ဒါ့အပြင် ကင်မရာကိုဒီလိုကိုင်၊ ဇွန်းကိုဒီလိုဆွဲ၊ ရှပ်တာခလုပ်ကို ဒီလိုနှိပ်လို့  သင်ပေးလိုက်ပါသေး တယ်။ ကမ္ဘာကျော်ဒါရိုက်တာကြီးဟာ ပြုံးပြုံးပါပဲ။ ဓါတ်ပုံရိုက်ပေးပြီးတော့မှ အဲဒီလူငယ်က သူ့ ကိုသူမိတ်ဆက်ပါ တယ်။ ဟိုကလည်း ကျွန်တော် ဒါရိုက်တာ စတီဗင်စပီးလ်ဘတ်ပါလို့  ပြန်ပြောပါတယ်။ လူငယ် ပါးစပ်အဟောင်း သားဖြစ်ပြီး ကျန်ခဲ့ပါတယ်။

ဒီလူငယ်ဟာ စတီဗင်ကို တစ်သက်လုံးလေးစားနေမှာပါ။ သူ့ အသိုင်းအ၀ိုင်းမှာလည်း ဒီအကြောင်းကို ပြောလို့  ဆုံး မှာမဟုတ်ပါဘူး။ ဥာဏ်ရည်ထက်မြက်သလောက်၊ တော်သလောက် မောက်မာမှုလုံးဝမရှိဘဲ အခြေအနေ၊ လူပုဂ္ဂိုလ် တို့ နဲ့ သဟဇာတဖြစ်အောင် နေပြခဲ့တဲ့ စတီဗင်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဟာ လုပ်ငန်းခွင်လောကမှာ လူကြိုက်များတဲ့ ဥပမာတစ်ခု ဖြစ်လာပါတယ်။

ဥာဏ်ရည်ထက်မြက်ကြတာကို လေးစားပါတယ်။ အတွေ့ အကြုံကြွယ်ဝပြီး တော်တာကိုလည်း ဂုဏ်ယူပါတယ်။ ဒါ ပေမယ့် ဒီအရည်အသွေးတွေကို လူအများလက်ခံနိုင်အောင် တင်ဆက်တတ်ဖို့  လိုပါသေးတယ်။ ပညာရှိ သတိဖြစ်ခဲ ဆိုသလိုပဲ ကိုယ့်ဂုဏ်ရည်ဂုဏ်သွေးကို ထိမ်းသိမ်းရင်း လူအများကို စော်ကားမိတတ်သလို ကိုယ့်ကို လည်း မနှစ်မြို့  သူတွေ များလာနိုင်ပြီး နောက်ဆုံးမှာ ဘယ်သူမှမဖတ်ဘဲ ဗီရိုထဲသော့ခတ် သိမ်းထားတဲ့ စာအုပ်ကြီး လို ကြီးလေးတဲ့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်လာနိုင်ပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။


သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...