သွားပျက်ဆီးခြင်းက ၃နှစ်သားအရွယ် ၁၂%ကို ထိခိုက်

အင်္ဂလန်နိုင်ငံမှ ပြည်သူ့ ကျန်းမာရေး သုတေသီများက ကလေးထိန်းကျောင်း၊ မူကြိုကျောင်း နှင့် အတန်းငယ် စာသင်ခန်းများတွင် ကလေးများ၏ သွားအခြေအနေကို ကွင်းဆင်း လေ့လာကြည့်ရာ ကလေးပေါင်း ၅၄၀၀၀ ခန့်မှ ၁၂ ရာခိုင်နှုန်းက သွားယိုယွင်း ပျက်စီးမှုဒဏ်ကို ခံစားနေရကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါ သုတေသီတို့၏ ရှာဖွေတွေ့ရှိ မှုများတွင် ကလေးငယ်များမှာ သွားပိုးစားခြင်းကြောင့် လည်းကောင်း၊ ကျိုးပဲ့ နေခြင်းကြောင့် လည်းကောင်း၊ သွားပိုး စားခြင်းကြောင့် လည်ကောင်း အနည်းဆုံး သွားအရေအတွက် ၃ချောင်းခန့် ပျက်ဆီးနေကြောင်း တွေ့ရှိခဲ့သည်။ သုတေသီတို့ ရှာဖွေရာဒေသအများစုတွင် ၂ရာခိုင်နှုန်းသော ကလေးငယ် များကသာ သွားပျက်စီးခြင်းဖြစ်ပေါ်နေ ပြီး Leicester ဒေသတွင်မူ ကလေးငယ်များသွားပျက်ဆီးမှု ရာခိုင်နှုန်းမှာ ၃၄% ခန့်ရှိကြောင်း သိရသည်။ အခြားရှာဖွေတွေ့ရှိမှုများတွင်လည်း အသက် ၅နှစ်အရွယ်ရှိသည့် ကလေးငယ် ၄ဦးမှ တစ်ဦးမှာ သွားယိုယွင်းပျက် စီးမှုဖြစ်နေတတ်ကြောင်း တွေ့ရှိခဲ့သည်။

အချို့ ကလေးငယ်များတွင် ငယ်စဉ်ကတည်းက သွားပိုးစားခြင်းများ ဖြစ်ပေါ်တတ်ပြီး ရှေ့ သွား(အပေါ်)မှစတင် ၍ အခြားသွားများသို့ လျင်မြန်စွာကူးစက်တတ်သည်။ ကလေးငယ်များတွင် သွားပိုးစားရခြင်းမှာ သကြားပါဝင်မှု များသော အချိုရည်များသောက်သုံးခြင်းကြောင့်ဖြစ်၍ သွားပိုးစားမှုအများစုက ၄င်းနှင့်ဆက်နွယ်နေသည်။ ကြည့်ရှု စောင့်ရှောက်သူ လူကြီးမိဘများက ကလေးငယ်များ နှစ်သက်သည့် အချိုယမကာများတိုက်ကျွေးခြင်းဖြင့် ကလေး ငယ်အား ပျော်ရွှင်စေသော်လည်း ၄င်းတို့၏တန်ဖိုး ရှိလှသော သွားများကို ထိခိုက်စေသည်။ သွား ယိုယွင်း ပျက်စီး ခြင်းက မဖြစ်မှီရှောင်ကြဉ်နိုင်သည့် ရောဂါတစ် မျိုးဖြစ်ပြီး စောင့်ရှောက်သူများ ပေါ့လျော့ခဲ့ပါက ကလေးငယ် များက ၄င်းတို့၏ပျက်စီးနေသောသွားများကို နုတ်ပယ်ရမည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန်ကျန်းမာ ရေးဋ္ဌာန များက ကလေးမိဘများကို ၄င်းတို့ ၏ရင်သွေးငယ်များအား သကြားပါဝင်မှုနည်းသော အစားအစာများနှင့် အချိုရည် များကို ပမာဏလျော့ကာ တိုက်ကျွေးစေရန် တိုက်တွန်းသည်။ ထို့ပြင် မိဘများက ကလေးငယ်များ၏ ပထမဦးဆုံး သွား ထွက် ပေါ် ချိန်မှစ၍ သွားတိုက်ဆေးဖြင့် တိုက်ပေးသင့်ပြီး ကလေးငယ်က မိမိကိုယ်ကိုသွားတိုက်နိုင် ပါကလည်း ကလေးငယ်၏အသက် ရှစ်နှစ်မပြည့်မချင်း ကလေး၏သွားတိုက် ပုံကို ကြည့်ရှုစောင့် ရှောက်ပေး သင့်သည်။

သွားစိုက်ဆရာဝန်များက ကလေးငယ်များ၏ သွားအခြေအနေကို စစ်ဆေးရာတွင် ၄င်းတို့၏ သွားများ၌ သွားပျက် ဆီးခြင်းစတင်ဖြစ်ပွားသည့် လက္ခဏာများကို သိနိုင်၍ ကြိုတင်ကာကွယ်နည်းများ ပြောပြနိုင်သဖြင့် မိမိ၏ ရင်သွေး ငယ်များကို ၁၈လမကျော်မှီ သွားစိုက်ဆရာဝန်နှင့် ပြသထားသင့်ကြောင်း အမေရိကန်ကျန်းမာ ရေးဋ္ဌာနများ ကပြော သည်။


Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...