ပျားတုပ် ခံရပြီဆိုရင်...

အပင်တွေနား သွားရင်း၊ လာရင်းပဲ ဖြစ်ဖြစ် အခန့် မသင့်တဲ့ အချိန်တစ် ချိန်ချိန်မှာ ပျားတုပ် ခံရဖူးမှာပါ။ အဆိပ်ကြောင့် အရေပြားဆဲလ် သာမက ကိုယ်ခံစွမ်း အားကိုပါ ထိခိုက်တဲ့အတွက် နာရီအနည်း ငယ် လောက်တော့ နာကျင်တဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံရပါ တယ်။ ဒါကြောင့် ပျားတုပ်ခံရရင် ဘာလုပ်ရမှန်း မသိမဖြစ်ရလေ အောင် နည်းလမ်းလေး တချို့ကို ဖော်ပြပေးချင် ပါတယ်။

ပျားတုပ်ခံရတဲ့ အနေအထား ပေါ်မူတည်ပြီး အနီစက်ကလေး လောက် နာကျင်မှုကနေ နာကျင် ယားယံတာတွေ၊ မူးဝေအော့အန် တာတွေ၊ အသက်ရှူကျပ်လာတာ မျိုးတွေအထိပါ ဖြစ်တတ်တာ ကြောင့် မပေါ့ဆသင့်ပါဘူး။

ပျားတုပ်ခံရတာနဲ့ အဆိပ် တွေမပြန့်သွားအောင် ဆပ်ပြာနဲ့ အမြန်ဆုံး ဆေးပေးရပါမယ်။ ရေခဲ အဆင်သင့် ရှိရင် လည်း အဝတ် နဲ့ထုပ်ပြီး အတုပ်ခံရတဲ့နေရာကို အနည်းဆုံးမိနစ် ၂၀ လောက်ကပ် ပေးနိုင်ပါတယ်။ နောက်ပြီး သွား တိုက်ဆေးနဲ့လည်း သုတ်လိမ်း ပေးနိုင်ပါတယ်။

ပျားရည်ရှိရင်လည်း သုတ် လိမ်းပေးနိုင်သလို အာလူးကိုခပ် ပါးပါးလှီးပြီးတော့ ဒဏ်ရာရှိတဲ့ နေရာကို အုပ်ပေးနိုင် ပါတယ်။ လတ်လတ်ဆတ်ဆတ်ရှားစောင်း လက်ပပ်ဂျယ်နဲ့လည်း လိမ်းပေး နိုင်ပြီး တရုတ်နံနံရွက်တို့၊ ပင်စိမ်း ရွက်တို့ကို ကြိတ်ချေပြီးတော့လည်း အုံပေးနိုင်ပါတယ်။

နောက်ပြီး သင်္ဘောသီးတို့၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အနှစ်ဖြစ်အောင်လုပ်ပြီး ပျားတုပ်ဒဏ်ရာကိုကပ်ပေး နိုင်ပြီး မုန့်ဖုတ်ဆော်ဒါမှုန့်ကို ခပ်ပျစ်ပျစ်ဖျော်ပြီးတော့ သုတ်လိမ်းရင် အနာဆိပ်တက်ပြီး ရောင်ရမ်းနာကျင် တာတွေ ကို သက်သာစေပါတယ်။ ပျားကော်လို့လည်းခေါ်ကြတဲ့ ဆေးဖက်ဝင်လိမ်းဆေးကို ဆောင်ထားရင်လည်း လိမ်းပေးနိုင်ပါတယ်။

ပျားတုပ်မခံရလေအောင် အရောင်တောက်တောက်တွေ၊ ပန်းပွင့်ပုံပါတဲ့အဝတ်အစားဝတ် တာမျိုးတွေ၊ ပျားအုံတွေ နားသွား ခြင်းကနေ ရှောင်တာမျိုး၊ ရေမွှေး ဆွတ်ထားတာ(ဒါမှမဟုတ်)အမွှေးနံ့ပြင်းပြင်းပစ္စည်းတွေနဲ့ ပျားအုံနား သွားတာမျိုးတွေ ရှောင်ရပါ မယ်။ ဖြစ်ဖြစ်ချင်းမှာ အိမ်မှာ အသင့်ရှိနေတဲ့ပစ္စည်းတွေနဲ့ နာ ကျင်သက်သာအောင် လုပ်နိုင် သလို အခြေအနေပြင်းထန်ခဲ့ရင် လည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်း ကို အမြန်ပြသဖို့လည်း လိုအပ်ပါ တယ်။ 


—Ref: homeremedyshop.com
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...