သက်ရှည် ကျန်းမာစေမည့် နနွင်းနက်ပင်
ဒီအပင်ကတော့ နနွင်းနက်ပင် ဖြစ်ပါတယ်။ မိတ်ဆွေ များမြင်တွေ့ဖူး မှာပါ။ အပွင့် ပွင့်လျှင် နီပြာပြာပွင့်ပါတယ်။ အရွက် ကျောဘက်ကြည့်လျှင် ကြက်သွေးရောင်ပါ။ အောက် မဟာမြိုင်လေးခေါ် ဇင်းကျိုက်တောင်
မှာနေတဲ့ ရသေ့မကြီးဆီက ရခဲ့တာပါ။
၎င်းအပင်၏ ဥကို အမှုန့်ပြုလုပ်ပြီး ပျားရည်နှင့် အမြဲ မှီဝဲနေလျှင် အနာရောဂါ ကင်းဝေးပြီး သက်ရှည်ကျန်းမာ စေပါမည်။
ဒီဆေးကို မှီဝဲလာတာ အမေ့အသက် ၈၀ ကျော်ပြီ။ ကျန်းကျန်းမာမာ ပါပဲ။ ဒါ့ကြောင့် ငါ့သားကို လက်ဆောင် ပေးလိုက်မယ် ဆိုပြီးပေး လိုက်တာ ပါ။
မိတ်ဆွေများ အပင်တွေ့လျှင် အသုံးပြုနိုင်ကြပါစေ။

by Myint Myat Lu
သက်ရှည်ကျန်းမာ
သက်ရှည်ကျန်းမာ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+