အန္တရာယ်ရှိတဲ့ ဒူးနာပျောက်ဆေး

ဒီ မင်းဂွတ်သီး ဆေးအမှတ် တံဆိပ်ဟာ ဒူးနာပျောက် ဆေးဆိုပြီး ရောင်းချနေ ပါတယ်။

လက်တွေ့ သုံးစွဲပြီး ကျောက်ကပ် ဖောယောင်လာလို့ ဆရာဝန် ပြကြည့်မှ ဒီဆေးကြောင့် ဖြစ်ရတယ် ဆိုတာ ကို သိရတယ်။

ဒီဆေးကို သေချာ စစ်ကြည့်လိုက်တော့ မှတ်ပုံတင် ထားခြင်းမရှိပဲ တရုတ်ကလာတဲ့ ဆေးကို ဗူးနဲ့ နာမည်ကိုသာ ပြောင်းထားပြီး ဆိုင်မှာတွေမှာ ရောင်းချနေတယ်လို့ ကိုယ်တွေ့ ခံရသူ တစ်ဦးမှ ပြောပြ ထားပါတယ်။ သူ့လိုပဲ အခြား လူများလည်း သုံးစွဲကြည့်ပြီး ဘေးထွက် ဆိုးကျိုးများ ခံစားနေရ ပါတယ်လို့ ပြောလာကြပါတယ်။

သတင်းစာထဲမှာလည်း ဒီဆေးကို မသုံးသင့်ကြောင်း တားမြစ်ထားပေမယ့် မဖတ်မိ သူများကတော့ ၀ယ်ယူ သုံးစွဲ နေပြီး ဗူးမှာလည်း လိပ်စာ မပေးထားဘူးတဲ့။ တိုးတိုးတိတ်တိတ်ပဲ ရောင်းချနေတယ်လို့ သိပါတယ်။

မသိသေးသူများ မသုံးစွဲမိစေရန်၊ ရောဂါအန္တရာယ် ကင်းဝေးကြစေရန် Share ပေးကြစေလိုပါတယ်။ 


Credit to Naing Gyi Aung
သက်ရှည်ကျန်းမာ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...