ထိမ်းမြား မင်္ဂလာပွဲ (၃)မျိုး
ထိမ်းမြား မင်္ဂလာပွဲ ကျင်းပပြု လုပ်ရာ ဌာန(ဝါ) သတို့ သမီး ဆောင်ယူရာ ဌာနကို အကြောင်းပြု၍ (၁) အာဝါဟ မင်္ဂလာ၊ (၂) ဝိဝါဟ မင်္ဂလာ၊ (၃)စရမင်္ဂလာ ဟူ၍ ၃မျိုး ကွဲပြားသည်။
အာဝါဟမင်္ဂလာ
အာဝါဟ မင်္ဂလာ ဆိုသည်မှာ သတို့သမီးကို သတို့သား အိမ်သို့ ခေါ်ဆောင်ကာ သတို့သားအိမ်၌ ကျင်းပပြုလုပ် သော မင်္ဂလာပွဲကို ခေါ်ဆိုပေသည်။
ဝိဝါဟမင်္ဂလာ
ဝိဝါဟ မင်္ဂလာဆိုသည်မှာ သတို့သားသည် သတို့သမီးအိမ်တွင် မင်္ဂလာပွဲ ကျင်းပပြုလုပ်ပြီး သတို့သမီးကို သတို့သား အိမ်သို့ ပို့ဆောင်ပေးရ သော မင်္ဂလာပွဲကို ဝိဝါဟ မင်္ဂလာဟု ခေါ်ဆိုပေသည်။
စရမင်္ဂလာ
စရမင်္ဂလာ ဆိုသည်မှာ မိမိတို့ နေအိမ်မှ တစ်ပါး ကြီးကျယ်ခမ်းနား သော အဆောက်အအုံ၊ ဟိုတယ်များ၊ ပန်းဥယျာဉ်များတွင် အခမ်းအနား ကျင်းပပြုလုပ်သော ထိမ်းမြား မင်္ဂလာ ပွဲမျိုးကို စရမင်္ဂလာဟု ဆိုပေသည်။

Popular Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+