Gas မီးဖိုနဲ့ ချက်သူများ သတိထားပါ

သင်ဟာ ဓာတ်ငွေ့ကို သုံးပြီး ချက်ပြုတ်နေသူ တစ်ယောက် ဆိုရင်တော့ ဒီစာလေးကို ဂရုတစိုက် ဖတ်ပြီး မှတ်သားစေ ချင်ပါတယ်… ဒီလို အဖြစ် အပျက်ဟာ အိမ်ထောင်စု အများစုမှာ ဖြစ်တတ်တဲ့ အမှားဖြစ်လို့ သင့်အနေနဲ့ ဒီလိုမျိုး မကြုံရအောင် လုပ်ဆောင် ထားရပါမယ်…

အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်ထဲမှာ အိမ်ရှင်မ တစ်ယောက်ဟာ မီးလောင် ဒဏ်ရာနဲ့ သေဆုံးခဲ့ ရတဲ့ ထိတ်လန့် တုန်လှုပ်ဖွယ် အဖြစ်ဆိုး တစ်ခုဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်…

ဘယ်လိုဖြစ်သလဲဆိုတော့ ဓာတ်ငွေ့အိုးနဲ့ ဟင်းချက်နေ တုန်းမှာဖြစ်ပါတယ်… အမျိုးသမီးဟာ ပန်းကန်ဆေး စင်နားမှာ ပိုးဟပ်တွေကို တွေ့ပါတယ်… ဒါကြောင့် insect killer တစ်ဗူးကို ဆွဲယူပြီး ချက်ပြုတ်နေတဲ့ ဓာတ်ငွေ့ မီးဖိုနားမှာ ဖြန်းမိခဲ့ပါတယ်…

ချက်ချင်းဆိုသလို ပေါက်ကွဲမှု တစ်ခုဖြစ်ပြီး အမျိုးသမီးကို မီးတောက်တွေက တမဟုတ်ချင်း ဝါးမြိုသွား ပါတယ်… သူမခန္ဓာကိုယ်ရဲ့ ၆၅ ရာခိုင်နှုန်းအထိ လောင်ကျွမ်း ခံလိုက်ရပါတယ်…

သူမရဲ့ အမျိုးသားဟာ အလောတကြီး ပြေးလာခဲ့ပြီး မီးငြိမ်းသတ်ဖို့ ကြိုးစားခဲ့ပါတယ်… သူ့အဝတ်အစားတွေ လည်း မီးလောင် ခံလိုက်ရပါတယ်…. အမျိုးသား ဖြစ်သူကတော့ ဆေးရုံကို အချိန်မီ ပို့ဆောင်နိုင်ပြီး ကုသမှု ခံခဲ့ရပေမဲ့ သူ့ဇနီးဖြစ်သူ ဆေးရုံရောက်တာနဲ့ သေဆုံးကြောင်း ကြားရတဲ့အတွက် ပူဆွေးဝမ်းနည်း နေခဲ့ရ ပါတယ်….

နားလည်ထားရမှာက insect killer spray တွေမှာ အငွေ့ပျံလွယ်ပြီး မီးလောင်လည်း လွယ်တဲ့ ငွေ့ရည်တွေ ပါဝင်ပါတယ်… (insect killer တွေတင်မကပါဘူး… Air Freshener တွေ… အရက်ပြန်နဲ့ မီးလောင် လွယ်တဲ့ တခြား spray တွေ အကုန်လုံးကိုလည်း သတိထားရပါမယ်…) ဒါတွေနဲ့ ဖြန်းလိုက်တဲ့ အခါမှာ သေးငယ်တဲ့ အမှုန်အစက်လေးတွေအဖြစ် ခွဲဖြာပြီး အလျင်အမြန်ပျံ့နှံ့သွားပါတယ်… ဒီအထဲက အစက်တစ်စက်ကို မီးညှိလိုက်ရုံနဲ့တင် လေထဲမှာရှိတဲ့ အောက်ဆီဂျင်၊ မီးဖိုးကထွက်တဲ့ ဓာတ်ငွေ့ တို့နဲ့ ရောစပ်ပြီး ပေါက်ကွဲသွားစေနိုင်ပါတယ်…

ဒါကြောင့် သင့်မိသားစုတွေနဲ့ မိတ်ဆွေတွေကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ပညာပေးဆွေးနွေး တာမျိုး ဖြန့်ဝေ တာမျိုး တတ်နိုင်သလောက်လုပ်ပေးပါ… လူ့အသက်ပေါင်းများစွာကယ်တင်နိုင်ဖို့အတွက် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပါတယ်….


Ref: Daily Health Tips
ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...