Whatsapp ကို Facebook အပြီးသတ် ဝယ်ယူ

Facebook သည် messaging app ဖြစ်သည့် WhatsApp ကို ယခုအခါ အပြီးသတ် ဝယ်ယူနိုင် ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာ သွားခဲ့သည်။

Facebook သည် WhatsApp အား အပြီးသတ် ဝယ်ယူ မှုကို အမေရိကန် ငွေကြေးလုံခြုံရေးနှင့် လဲလှယ်ရေး ကော်မတီသို့ စာရွက် စာတမ်းများ လျှောက်ထား၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည် ဖေဖော်ဝါရီလက Facebook သည် WhatsApp ကို ငွေကြေးနှင့် စတော့ ရှယ်ယာများ အပါအဝင် ဒေါ်လာ ၁၉ ဘီလီယံဖြင့် ဝယ်ယူသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

Facebook အနေဖြင့် messaging ဝန်ဆောင်မှု WhatsApp ကို ဝယ်ယူရန် ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် (FTC) မှ ခွင့်ပြုချက် ရရှိခဲ့သည်။ အမေရိကန်အစိုးရကလည်း WhatsApp ၏ မူဝါဒအတိုင်း သုံးစွဲသူအမည်၊ တည်နေရာ၊ အီးမေးလ်လိပ်စာ သို့မဟုတ် အခြား အချက်အလက်များကို မစုဆောင်းရန် Facebook အား သတိပေးခဲ့သည်။ ဆက်လက်ပြီး FTC က Facebook ကိုသုံးစွဲသူများ၏ ဖုန်းနံပါတ်များကို third party software များသို့ အချက်အလက်များ မရောင်းချရန် တားမြစ်ခဲ့သည်။

Facebook ၏ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်နှင့် WhatsApp အမှုဆောင်အရာရှိချုပ် ဂျန်ကိုအမ်တို့ ကလည်း မူဝါဒ ပြောင်းလဲမှုများ လုပ်ဆောင်သွားမည် မဟုတ်ကြောင်း FTC သို့ ကတိပြု ပြောကြားသွားခဲ့သည်။


Ref: UPI
Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...