White Balance ဆိုတာဘာလဲ...?

ဒီနေ့တော့ Photography မှာ အခြေခံအကျဆုံးထဲက တစ်ခု ဖြစ်တဲ့ White Balance အကြောင်း နဲနဲရှင်းပြချင်ပါတယ်..။ မနေ့ကတော့ ရုံးကအလုပ်တွေနဲ့ ရှုပ်ရှက်ခက်နေတဲ့အတွက် ပို့စ်မတင်ဖြစ် လိုက်ပါဘူး..။

White Balance ဟာလည်း Metering Mode လိုပါပဲ တော်တော်များများရဲ့ လျစ်လျူရှုခြင်း ခံရပါတယ်..။ White Balance ကို လျစ်လျူရှုတော့ ဘာဖြစ်သလဲဆိုတော့..။ Lighting ရှိတဲ့ နေ့ဘက်တွေမှာ မသိ သာပေမယ့်...။ ညဘက်တွေရိုက်တဲ့အခါမှာ ပုံတွေက အကုန် ဝါထိန်ကုန်တာမျိုးတွေ..။ လိမ်မော်ရောင် လိုလို ဖြစ်ကုန်တာတွေ...။ နီရဲ ကုန်တာတွေ ကြုံဖူးကြမယ်ထင်ပါတယ်..။

အဲ့ဒါတွေဟာ ဘာကြောင့်မှ မဟုတ်ပါဘူး...။ White Balance ကြောင့်ပဲ ဖြစ်ပါတယ်..။

White Balance ဆိုတာက အဓိကကတော့ Temperature အပေါ်မှာ မူတည်ပြီး တွက်ထားတာပါ..။ သူ့မှာ Auto ပါပြီးသားဖြစ်တဲ့ White Balance Preset ၇ မျိုးနဲ့ Customize လုပ်နိုင်တဲ့ Function ၂ မျိုးပါ ပါတယ်..။ Preset တွေက Temperature အပေါ်မှာ Standard တစ်ခုစီ ထားပြီး ထည့်ပေးထား တာ ဖြစ်ပါတယ်..။

တစ်ခုတော့ရှိပါတယ်..။ မိတ်ဆွေရဲ့ စိတ်ထဲမှာ ဘယ် White Balance က မှန်တယ်..။ ဘယ်ကောင်က မှားတယ်ဆိုတာကို အသေမှတ် မထားပါနဲ့...။ မိတ်ဆွေကြိုက်တဲ့ ပုံနဲ့လိုက်ဖက်တဲ့ Color နဲ့ White Balance ဟာ အကောင်းဆုံးပါပဲ..။

အောက်ပါအတိုင်း Camera တွေမှာ White Balance Presets & Function ၉ မျိုးပါ ပါတယ်..။

(1) AWB (Auto White Balance)
(2) Daylight
(3) Shade
(4) Cloudy
(5) Tungsten
(6) Fluorescent
(7) Flash
(8) Custom
(9) K (Color Temperature)

Nikon ပဲ ဖြစ်ဖြစ် Canon ပဲ ဖြစ်ဖြစ် ဒီ Preset တွေကတော့ အတူတူပါပဲ..။ အခေါ်အဝေါ်လေးတွေ မသိမသာတော့ ကွဲနိုင်ပါတယ်..။ ဒါပေမယ့် အကျိုးသက်ရောက်မှုကတော့အတူတူပါပဲ...။

(1) AWB (Auto White Balance)

ကျွန်တော်တို့အခုသုံးနေတဲ့ DSLR Camera တွေဟာ TTL Base တွေ ဖြစ်ပါတယ်..။ TTL ဆိုတာ Through The Lens ပါ...။ ကိုယ်ချိန်လိုက်တဲ့ Subject တစ်ခုရဲ့ အလင်းဟာ အောက်ပါအတိုင်း အဆင့်တွေကို ဖြတ်သန်းပြီးမှ မိတ်ဆွေရဲ့ မျက်လုံးကနေ မြင်နိုင်ခြင်း ဖြစ်ပါတယ်..။

(၁) Lens မှာရှိတဲ့ မှန်ဘီဘူးပေါင်းများစွာကို ဖြတ်သန်းပါတယ်..။

(၂) အဲ့ဒီ့ အလင်းဟာ DSLR Body ထဲမှာ ရှိတဲ့ Mirror ကို သွားရိုက်ပါတယ်..။

(၃) အဲ့ဒီ့ Mirror က တစ်ဆင့် အပေါ်မှာရှိတဲ့ Pentaprism (ငါးမြှောင့် ဖန်တုံး) သို့မဟုတ် Pentamirror ( ငါးမြှောင့်ဖန်တုံးလို မျိုး ဖြစ်အောင်လုပ်ထားသော် မှန်) ကို သွားရိုက်ပါတယ်..။

(၄) အဲ့ဒီ့ ငါးမြှောင့်ဖန်တုံးရဲ့ တစ်ဆင့်ခြင်း အလင်းပြန်မှုတွေကနေတစ်ဆင့် မိတ်ဆွေကြည့်နေတဲ့ View Finder ထဲက ပုံကို မြင်ရခြင်း ဖြစ်ပါတယ်..။

ဒါဟာ DSLR မှာ ပုံရိပ်တစ်ခုကို မြင်ရခြင်းရဲ့ အခြေခံ သဘောတရားပါပဲ..။

Note - ဒီအကြောင်းလေး ထည့်ရေးရခြင်းဟာ ကျွန်တော်နောက်ပိုင်းမှာရေးမယ့် Mirrorless Camera တွေ အကြောင်းကြရင် တီးခေါက် မိထားအောင်လို့ပါ..။

အဲ့သလို ဆင့်ကဲ ဆင့်ကဲ အလင်းပြန်မှုတွေကို Lens ကနေ တိုက်ရိုက်မြင်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ DSLR တွေကို TTL လို့ သတ်မှတ် ခေါ်ဝေါ်ပါတယ်..။ ဥပမာ Leica လို Camera မျိုးကြတော့ Range Finder ဖြစ်သွား ပြန်ပါတယ်..။

ကဲ ကျွန်တော်တို့ White Balance အကြောင်းပြန်ဆက်ရအောင်..။

အဲ့လို TTL ဖြစ်တဲ့အတွက်.... ကျွန်တော်တို့က Subject တစ်ခုကို Focus ဖြတ်...။ Meter တိုင်းလိုက်ပြီ ဆိုတာနဲ့ ..။ အဲ့ဒီ့ Subject နဲ့ ပါတ်ဝန်းကျင်မှာရှိနေတဲ့ Color Saturation တွေ Contrast တွေရဲ့ အနေအထားကို ခန့်မှန်းပြီး AWB (Auto White Balance) က ... ။ ဒါဟာ Temperature ဘယ်လောက်ရှိတယ်..။ ဘာ White Balance နဲ့ဆို အဆင်ပြေမယ့်ဟဲ့ ဆိုပြီး..။ အလိုလို White Balance တစ်ခုကို သတ်မှတ်ပေးပါတယ်..။

သဘောတရားက ကျွန်တော် Metering Mode တွေ အကြောင်းရေးတုန်းက Evaluative Metering Mode နဲ့ ခပ်ဆင်ဆင်တူပါတယ်..။ သူက Guess လုပ်ပေးတဲ့ သဘောပါ..။ တစ်ခါတစ်လေ မှန်နိုင်သလို..။ တစ်ခါတစ်လေလဲ မမှန်နိုင်ပါဘူး..။ အထူးသဖြင့် ညဘက်ဆိုရင်တော့ သိသိသာသာ မှားပါတယ်..။

ဒီ Post ကို ဆက်မဖတ်ခင်...။ ကျွန်တော်အခု ရေးခဲ့တဲ့... ရေးနေတဲ့ သဘောတရားတွေကို နားလည်ဖို့ ..။ ကျွန်တော် အရင်ရေးခဲ့တဲ့ Metering Mode နဲ့ Exposure အကြောင်းတွေကို အရင်သွားဖတ်စေချင် ပါတယ်..။ ဒါမှ Exposure တွေရဲ့ သဘော..။ အလုပ်လုပ်ပုံ..။ ပြီးတော့ 18% Grey Card ဆိုတာ ဘာလဲ ...။ စတာတွေကို နားလည်နိုင်မှာ ဖြစ်ပါတယ်..။

Auto White Balance ရဲ့ အခြေခံသဘောကတော့ အဲ့ဒါပါပဲ..။ သူက Guess လုပ်ပေးခြင်းဖြစ်ပါတယ်..။ Daylight ရှိနေတဲ့ အချိန်တွေ မှာ သူ့ရဲ့ Guess မှားသလား မှန်သလားခွဲခြားရခက်ပါတယ်..။ ဒါပေမယ့် Overcast ဖြစ်နေတဲ့အချိန်..။ မိုးအုံ့နေတဲ့အချိန်..။ ညအချိန်တွေမှာတော့ သူ့ရဲ့ Guess ဟာ မှားသလား မှန်သလားဆိုတာ သိသိသာသာ အဖြေထုတ်နိုင်ပါတယ်..။

(2) Daylight

White Balance မှာ နေ့ခင်းမို့လို့ Daylight White Balance ကို သုံးရမယ်လို့ဘယ်သူမှ ပြောမ ထားပါဘူး..။ အခြား White Balance တွေလည်း ထိုနည်းတူပါပဲ..။

သူက ဘာဖြစ်ရင် ဘယ်လိုသုံးလို့ သတ်မှတ်ပေးထားတာမျိုးမဟုတ်ပါဘူး..။ ကိုယ်လိုအပ်တဲ့ (လိုချင်တဲ့ ) Temperature ကို လိုအပ်တဲ့ အချိန် (လိုချင်တဲ့အချိန်) မှာသုံးလို့ရပါတယ်..။

Daylight White Balance Preset က Temperature လေး နဲနဲများပါတယ်...။

ဒီနေရာမှာ Camera က အ၀ါရောင်..။ လိမ်မော်ရောင်..။ အနီရောင် ဆိုရင် ...Temperature များတယ်လို့ အလိုလို သတ်မှတ်ပြီး..။ အဖြူရောင်..။ အပြာရောင်...။ ခရမ်းရောင်..။ စတဲ့အရောင်မျိုးဆို Cold Color , Temperature နဲတယ်လို့ သူ့အလိုလို သတ်မှတ် ပါတယ်..။

ဆိုတော့ Daylight White Balance လေးက Temperature နဲနဲများတဲ့အတွက် အဲ့ဒီ့ White Balance လေးကို သုံးရင် မိတ်ဆွေရဲ့ ပုံလေးတွေက နဲနဲ အဝါဘက်ကို သန်းသွားပါတယ်..။ Temperature တက်လာပါတယ်...။

ဆိုကြပါဆို့ မိတ်ဆွေရိုက်တဲ့အချိန်က မိုးတွေအုံ့နေမယ်..။ လေတွေ တိုက်နေမယ်..။ စွတ်ဆိုနေမယ်..။ AWB နဲ့ ရိုက်လိုက်တယ်.. ပုံက ဖျော့တော့တော့နဲ့ အားမပါသလိုခံစားရတယ်..။ ဒီလိုအချိန်မျိုးမှာ Daylight လို ဟာမျိုးလေး ပေးလိုက်ရင်..။ ပုံလေးက ပိုပြီး Active ဖြစ်လာပါလိမ့်မယ်..။ အားလေး ပါလာပါလိမ့်မယ်..။ ဒါဟာ Daylight White Balance ရဲ့ Effect ပါပဲ...။

ဒါကြောင့် အစပိုင်းမှာ ကျွန်တော်ပြောခဲ့သလို နေပူနေမှ Daylight ကို ရွေးရတာမျိုးမဟုတ်ပါဘူး..။ ကိုယ့်ရဲ့ Taste နဲ့ ဓာတ်ပုံရဲ့ Temperature လိုအပ်မှုအပေါ်မှာပဲ မူတည်ပါတယ်..။

(3) Shade

ဒီကောင်က Daylight ထက် Temperature သိသိသာသာ ပိုများပါတယ်...။ မိုးတွေအရမ်းအုံ့နေတဲ့ အခါမျိုး..။ မိတ်ဆွေရဲ့ Subject က Shadow ရဲ့ အောက်မှာ ရောက်နေတာမျိုး ဖြစ်တဲ့အခါမှာ သုံးသင့် ပါတယ်..။ ဘာလို့ Shadow အောက်ရောက်တာ Shade သုံးရသလဲ ဆိုတော့..။ Shadow အုပ်သွား တာနဲ့ ပုံကို Camera က Temperature Cold ဖြစ်သွားတယ်လို့ သတ်မှတ်ပြီး..။ Color ကို လျော့ချ ပေးပါလိ့မ်မယ်..။ အဲ့လို မဖြစ်အောင် သုံးခိုင်းတာပါ..။

ဒါမှမဟုတ် အဝါ ခပ်ပြင်းပြင်းလိုချင်တဲ့အခါမျိုးမှာလည်း သုံးနိုင်ပါတယ်...။

(4) Cloudy

ဒီကောင်ကတော့ Shade လောက် Color မပြင်းပေမယ့် Daylight ထက်တော့ Color Temperature များပါတယ်...။ စောစောက နှစ်ခုရဲ့ ကြားဆိုပါတော့..။ လိုအပ်သလို သုံးနိုင်ပါတယ်..။ ကျွန်တော်ကတော့ Personal Experience အနေနဲ့ သုံးခဲပါတယ်...။

အများကြီးထပ်ရှင်းပြစရာမလိုတဲ့အတွက် မရှင်းတော့ပါဘူး..။ နောက်တစ်ခုဆက်သွားရအောင်...။

(5) Tungsten

ဒီကောင်ကတော့ စိမ်းဖန့် ဖန့် အရောင်လေးကို ပေးပါတယ်..။ မီးလုံးပုံလေးနဲ့ သင်္ကေတ ပြထား ပါတယ်..။ မီးလုံးပုံနဲ့ ပြထားရတာက အကြောင်းရှိပါတယ်..။

ညဘက်မီးလုံးထွန်းထားတဲ့ အခန်းမှာ ရိုက်မယ်ဆိုရင် မီးလုံးရဲ့ အဝါရောင်ကြောင့် Camera က ရိုက်တဲ့အခါမှာ ပုံတွေဟာ အရမ်းဝါသွားတာမျိုး နီသွားတာမျိုး ဖြစ်တတ်ပါတယ်..။

ဒါကြောင့် ဒီလိုတွေ မဖြစ်ရအောင် Tungsten ကို သုံးကြပါတယ်..။ ဟင်...။ ပြထားတော့ မီးလုံးပုံကြီး..။ Color ထွက်လာတော့ Cold Temperature ကြီး ဖြစ်နေပါလားလို့တွေးစရာ ရှိပါတယ်... မီးလုံးပုံ ပြထားလို့ Temperature ပြင်းပြင်းရမှာဆိုပြီး Tungsten ကို ရွေးရိုက်ရင် မှားပါလိ့မ်မယ်..။

ဘာလို့လဲဆိုတော့ စောစောက ကျွန်တော်ပြောသလိုပဲ..။ မီးလုံးထွန်းထားတဲ့အချိန်ဟာ ပုံကို White Balance မှားအောင် ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့အတွက် အဲ့ဒီ့ဘေးက ကာကွယ်ပေးနိုင်အောင်..။ Tungsten White Balance ကို ထည့်ပေးထားတာဖြစ်ပါတယ်..။ သူက သာမန်ထက်ပိုပြီး Cold Temperature ဖြစ်စေတဲ့အတွက်... မီးလုံးက Over Temperature နဲ့ သူ့ရဲ့ Under Temperature ပေါင်းစပ်လိုက်တဲ့အခါမှာ တကယ်ရှိသင့်တဲ့ Temperature (Color) ကို ရသွားစေတဲ့ သဘောပဲဖြစ်ပါတယ်..။

ဒီလောက်ဆိုရင် Tungsten အကြောင်းက ပြည့်စုံသလောက် ဖြစ်သွားပါပြီး..။ ကျွမ်းကျင်သွားတဲ့ အခါကြတော့လဲ ..။ Temperature (color ) ကြောင့်မဟုတ်ပဲ Effect Color တစ်ခုအနေနဲ့ စိတ်ရှိသလို အသုံးချနိုင်ပါတယ်..။

(6) Fluorescent

ဒီကောင်ကတော့ နဲနဲရှင်းဖို့လိုပါလိမ့်မယ်..။ ကျွန်တော်တို့ Tungsten တုန်းက Over Temperature နဲ့ Under Temperature ကို ချေနိုင်အောင်သုံးပါတယ်..။ သူ့ ကြတော့ အဲ့ဒီ့ သဘော သိပ် မသက်ရောက်တော့ ပြန်ပါဘူး..။ မီးချောင်းရဲ့ သဘာဝအလင်းရောင်က အဖြူလို့ ယေဘူယျအားဖြင့် သတ်မှတ်နိုင်ပါတယ်..။

ဒါပေမယ့် အဲ့လိုမီးချောင်းထွန်းထားတဲ့ အခန်းမျိုးထဲမှာ ဒီအတိုင်းရိုက်ကြည့်ရင် မိတ်ဆွေလိုချင်သလို အဖြူရောင် မဟုတ်ပဲ ..။ စိမ်းဖန့်ဖန့် အရောင်လေးတွေ ဖြစ်နေတာကို သတိထားမိနိုင်ပါတယ်..။ Exposure Mixing ဖြစ်ပြီး Camera က သေသေချာချာ နားမလည်တော့ တဲ့ သဘောဖြစ်ပါတယ်...။

ဒီလိုအခြေအနေကနေ ရုန်းထွက်နိုင်ဖို့အတွက် Fluorescent ကိုသုံးခြင်းဖြစ်ပါတယ်..။ ကျွန်တော်ကတော့ တစ်ခါတစ်လေ Blue Sky တွေ ရှိနေတဲ့အခါမျိုးမှာ Fluorescent ကို Effect တစ်ခုအနေနဲ့ ..။ အပြာခပ်ပြင်းပြင်းလေးပါအောင် သုံးတတ်ပါတယ်..။

(7) Flash

ဒီကောင်ကတော့ Flash ကိုသုံးပြီးရိုက်တော့မယ်ဆိုရင် ... Flash က ပေးတဲ့ အလင်းက Cold Temperature ဖြစ်ပါတယ်..။ အဖြူများတယ်ပေါ့ဗျာ..။ အဲ့ဒီ့အတွက် ဒီကောင်က Warm ဖြစ်သွားအောင် Temperature လေး နဲနဲထပ်ထည့်ပေးတဲ့သဘောပါ..။ ဒါဆိုရင် ပုံမှန် Temperature (Color) ရှိတဲ့ ပုံတစ်ပုံ ဖြစ်သွားပါလိ့မ်မယ်...။

သူ့သဘောတရားလေးကတော့ ရိုးရှင်းတဲ့အတွက် အများကြီး သိပ်ရှင်းစရာ မလိုပါဘူး.. ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ Color Effect တစ်ခုအနေနဲ့ သုံးချင်တယ်ဆိုရင်လည်းသုံးနိုင်ပါတယ်...။

(8) Custom

ဒီကောင်ကတော့ ရှင်းရတာ ရှည်ပါပြီ....။ ရှည်သလောက် အရေးပါတဲ့ Setting လဲ ဖြစ်ပါတယ်..။ ဒီကောင်က စောစောကလို Preset တွေ မဟုတ်တော့ပါဘူး..။ ကိုယ်တိုင် Customize လုပ်ရတော့ မယ့်ဟာဖြစ်ပါတယ်...။

ဘာလို့ ကိုယ်တိုင် Customize လုပ်ဖို့လိုသလဲဆိုတော့..။ ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ Preset တွေ Temperature(Color) တွေဟာ Standard တစ်ခုကို သတ်မှတ်ပြီး လုပ်ထားတာဖြစ်တဲ့အတွက် ..။ အမြဲတမ်းမမှန်နိုင်ပါဘူး..။ အမြဲတမ်းမှန်ဖို့လဲ မဖြစ်နိုင်ပါဘူး..။

ဆိုကြပါစို့ဗျာ..။ မီးချောင်းထွန်းထားတဲ့ အခန်းထဲမှာနေတာခြင်းတူပေမယ့်..။ အဲယားကွန်းတပ်ထားတဲ့ အခန်းရဲ့ Temperature နဲ့...။ အဲယားကွန်း မတပ်ထားတဲ့ အခန်းရဲ့ Temperature မတူနိုင်တဲ့ သဘောမျိုးပေါ့..။ သူတို့က ယေဘူယျအခြေအနေအတွက်ပဲ အသုံးဝင် ပါလိ့မ်မယ်..။ တကယ့် အရေးပါတဲ့..။ တိတိကျကျရိုက်ရတော့မယ့်နေရာမျိုးမှာအဆင်မပြေတော့ပါဘူး..။

ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးကတော့ Customize လုပ်ဖို့ပါပဲ...။

Nikon နဲ့ Canon Customize လုပ်ပုံလုပ်နည်းခြင်းမတူပါဘူး..။ Nikon ရဲ့ Customize System ကို ကျွန်တော်ပိုသဘောကျပါတယ်..။ ကျွန်တော်အကြိုက်ဆုံး Customize System ကိုပြောပါဆိုရင်တော့..။ ပွင့်ပွင့်လင်းလင်းပြောရရင်..။ Nikon ရော Canon ရော မဟုတ်ပါဘူး..။ Sony ပါပဲ...။ Sony မှာ Customize လုပ်တဲ့အခါမှာ Temperature ကိုပါ ပြပေးတဲ့ အတွက် အရမ်းအသုံးတည့်ပါတယ်..။ Temperature လဲ တိတိကျကျရပါတယ်..။ Sony ပိုင်ရှင်တွေ သိပါလိမ့်မယ်...။

Nikon က Customize လုပ်ရတာလွယ်ပါတယ်..။ White Balance Setting ထဲမှာ Custom ကိုရွေးပါ..။ ပြီးရင် Test Shot တစ်ပုံရိုက်ကြည့်ပါ...။ Okay လို့ ပြရင် ရပါပြီ..။ White Balance မှန်သွားပါပြီ..။ Okay/Good လို့ မပြရင် ထပ်ရိုက်ပါ..။ မပြမခြင်းရိုက်ပါ..။ ပြပြီဆိုရင် White Balance အမှန်ရပြီ ဖြစ် တဲ့အတွက် မိတ်ဆွေ စပြီး ရိုက်နိုင်ပါပြီ...။

Canon မှာဆိုရင် Nikon နဲ့ ပြောင်းပြန်ပါ..။ သူက ပုံအရင် ရိုက်ပေးရပါတယ်..။ ကိုယ်ရိုက်ချင်တဲ့ Subject တစ်ခုကို ရိုက်လိုက်ပါ..။ ဆိုလိုတာက White Balance ချိန်ပြီးရင် ကိုယ်တကယ် ရိုက်မယ့် Subject ကိုပြောတာပါ...။ ပြီးရင် Menu ထဲကိုသွားပါ.. Menu Setting ထဲမှာ Custom WB ကို ရှာပါ..။ Camera အမျိုးအစားအပေါ် မူတည်ပြီး ရှိနိုင်တဲ့နေရာမတူလို့ ကျွန်တော်အတိအကျ မပြောတာပါ..။ Custom WB ကိုတွေ့ ပြီဆိုရင် နှိပ်လိုက်ပါ..။ သူက ပုံတွေ ပြပါလိ့မ်မယ်..။ အဲ့ဒီ့ပုံတွေထဲက ကိုယ်နောက်ဆုံး White Balance အမှန်လိုချင်လို့ ရိုက်ထားတဲ့ပုံကို ရွေးပေးလိုက်ပါ..။ ဒါဆို အိုကေ..။ ရသွားပါပြီ..။

ဒီနေရာမှာ အဓိက ဖြည့်ပြီးပြောချင်တာက..။ စောစောကလို ကိုယ်ရိုက်ချင်တဲ့ Subject ရဲ့ White Balance ကိုယူပြီး Customize လုပ်တာထက် ပိုတိကျခြင်ရင်..။ 18% Grey Card လေး ဆောင်ထားပါ...။

ဥပမာဗျာ..။ ရွေတိဂုံဘုရားသွားတယ်..။ ညဘက်..။ နီယွန်မီးတွေထွန်းထားတယ်..။ AWB နဲ့ ရိုက်ထည့် လိုက်တယ်..။ အကုန်ဝါထိန်ပြီး ထွက်လာတယ်..။ အိုကေ..။ ဒါဆို ..။ စောစောက ကျွန်တော်ပြောတဲ့ 18% Grey Card လေးကိုထုတ်..။ နီယွန်မီးတိုင်တစ်ခုခုရဲ့ အောက်မှာထား..(ထောင်ထားပါ) ပြီးရင် အဲ့ဒါလေး ကို ရိုက်ပြီး Customize ထဲမှာ White Balance အမှန်ကို ရွေးပေးလိုက်ပါ..။ အဲ့ဒီ့ 18% Grey Card နဲ့ White Balance ချိန်တာက ပိုပြီး တိကျမှုရှိပါတယ်..။

ကျွန်တော်ကတော့ Daylight တွေမှာ Customize လုပ်ပြီး ရိုက်လေ့သိပ်မရှိပေမယ့် Night Scene တွေ ဆိုရင်တော့ အမြဲတမ်း Customize လုပ်ပြီးမှ ရိုက်ဖြစ်ပါတယ်..။

(9) Kelvin/K (Custom)

ဒီ Custom က စောစောက Customize နဲ့ နဲနဲလေးကွဲပါတယ်..။ ဒီကောင်က Temperature ကို တန်းရွေးပေးရမှာပါ...။ ရမ်းရွေးလည်းရပါတယ်..။ ပုံ တစ်ပုံရိုက်ကြည့်လိုက်..။ ဝါနေတယ်ဆိုရင်..။ အေးတဲ့ Temperature ကို လျော့ပြီးရွေးပေးလိုက်..။ အေးနေတယ်ထင်ရင် Warm ဖြစ်မယ့် Temperature ကို ရွေးပေးလိုက်..။ ဒါပါပဲ..။

ပိုပြီးတိကျချင်တယ်ဆိုရင်..။ သာမိုမီတာလေး တစ်ချောင်းသာ ဆောင်ထားလိုက်ပါ..။ အဲ့ဒီ့ သာမိုမီတာ ကပြတဲ့ Kelvin အတိုင်းသာ ထာားပေးလိုက်ပါ..။ ဒီ့ထက်ရှင်းတာတောင် ဒီလောက်မရှင်းပါဘူး...။

ဒီလောက်ဆိုရင် White Balance တွေအကြောင်းတော်တော်လေး ပြည့်စုံမယ်ထင်ပါတယ်..။ တစ်ချို့ကလည်း အရေးမကြီးဘူးလို့ သတ်မှတ်ကြပါတယ်..။ တစ်ချို့ကလည်းအရေးကြီးတယ်လို့ သတ်မှတ်ကြပါတယ်..။

ကျွန်တော့် Personal အယူအဆအရတော့ တစ်ခါတစ်လေ အရေးကြီးသလို..။ တစ်ခါတစ်လေ အရေးမကြီးပါဘူး..။ ကိုယ့်ရဲ့ အသုံးချတတ်မှုနဲ့ Creativity အပေါ်မှာ မူတည်ပါတယ်..။ White Balance ကို အသားပေးပြင်နေလို့ ပုံကောင်းတွေ လွတ်သွားတာမျိုး ဖြစ်နိုင်သလို..။ ပုံက ကောင်းရဲ့သားနဲ့ White Balance ကြီး စုတ်ပြတ်သတ်နေလို့ သုံးစားမရတော့တာလဲ ဖြစ်နိုင်ပါတယ်..။

ဒီ့အတွက် သုံးသင့်တဲ့အချိန်လား မသုံးသင့်တဲ့အချိန်လား..။ သုံးရမလား မသုံးရဘူးလားဆိုတာ..။ ကိုယ်တိုင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်..။ Raw နဲ့ ရိုက်တဲ့သူတွေအတွက် ပြသနာသိပ်မရှိပေမယ့် JPEG သမားတွေအတွက်ကတော့ တော်တော်လေးအရေးကြီးပါတယ်လို့ ပြောရင်း..။ ကျွန်တော့်ရဲ့ ဒီ White Balance အကြောင်းလေးကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်..။

ရိုက်ရင်းနဲ့လေ့လာ..။ လေ့လာရင်းနဲ့ ရိုက်ပါ..။ အတွေ့အကြုံဟာ ငွေနဲ့ဝယ်လို့မရသလို..။ Theory တွေ နောကြေတိုင်း ..။ စာတွေဖတ်တိုင်းလဲ မရနိုင်ပါဘူး..။ ဘာကင်မရာတွေနဲ့ ရိုက်နေသလဲ ဆိုတာထက် ဘယ်လိုရိုက်သလဲဆိုတာပဲ တွေးစေချင်ပါတယ်..။ Gear မစုံတာဟာ အားငယ်စရာ ..။ စိတ်ဓာတ်ကျစရာ...။ ရှက်စရာ..။ မဟုတ်ပါဘူး..။ Creativity မရှိတာ Inspiration မရှိခြင်းကသာ အဓိက အားနည်းချက် ဖြစ်ပါတယ်..။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

P.S- Dedicated To Sayar Pe Myint Oo


White Balance Icons

White Balance Icons With Their Definitions

White Balance With Their Temperature


Temperature Related To Color

Temperature Changes Color

Presets & Colors

White Balance Presets

Must Have, 18% Grey Card
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...