လီနင်ရုပ်တု...

ရုရှားနိုင်ငံမှာ နေထိုင်နေသည့် ဂျူးလူမျိုးတစ်ဦးသည် အစ္စရေးနိုင်ငံမှာ ပြန်လည်အခြေချဖို့ ခွင့်ပြုချက် ရရှိခဲ့သည်။
မော်စကိုလေဆိပ် အရောက်တွင် ၎င်းအိတ်ထဲ၌ ထည့်ထားသော လီနင်ရုပ်တုကို အကောက်ခွန်အရာရှိက တွေ့ပြီး သူ့ကို မေးလိုက်သည်။
“ဒါက ဘာလဲ...?”
"မေးခွန်းမေးတာ မှားနေတယ် ဆြာ... 'သူက ဘယ်သူလဲ?' လို့ မေးသင့်တယ်... သူက ရဲဘော် လီနင်... ဆိုရှယ်လစ်စနစ် အုတ်မြစ်တွေကို ချပေးခဲ့ပြီး ရုရှားလူမျိုးတို့ရဲ့ အနာဂတ်နဲ့ သာယာဝပြောမှုကို ဖန်တီးပေးခဲ့တဲ့သူပေါ့... ကျုပ် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အမှတ်တရ ယူလာတာပါ..."
ရုရှားအကောက်ခွန် အရာရှိသည် အနည်းငယ် ရှက်သွားပြီး သူ့ကို ထပ်မံစစ်ဆေးခြင်း မပြုတော့ဘဲ လွှတ်ပေးလိုက်သည်။
အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်လေဆိပ် အရောက်တွင် အဆိုပါရုပ်တုကို အကောက်ခွန် အရာရှိက စစ်ဆေးတွေ့ရှိပြီး သူ့ကို မေးလိုက်ပြန်သည်။
“ဒါက ဘာလဲ..?”
"မေးခွန်မေးတာ မှားနေတယ် ဆြာ... 'သူက ဘယ်သူလဲ?' လို့ မေးသင့်တယ်... သူက လီနင်လေ... ကျုပ်ကို ဂျူးတစ်ယောက် ဖြစ်နေလို့ ရုရှားက ထွက်သွားအောင် လုပ်ခဲ့တဲ့ သောက်ရူးပေါ့ဗျာ... သူ့ကို နေ့တိုင်းကျိန်ဆဲချင်လို့ ဒီရုပ်တုကို ယူလာတာပါ..."
အစ္စရေး အကောက်ခွန်အရာရှိက သူ့ကို တောင်းပန်လိုက်ပြီး သွားခွင့်ပြုလိုက်သည်။
အစ္စရေးရှိ သူ၏နေအိမ်အသစ်သို့ ရောက်သည့်အခါ ရုပ်တုကို စားပွဲပေါ် တင်ထားလိုက်သည်။
အစ္စရေးမှာ ပြန်လည်အခြေချခွင့် ရသည်ကို အောင်ပွဲခံသည့်အနေဖြင့် သူငယ်ချင်းများနှင့် ဆွေမျိုးများကို ညစာစားရန် ဖိတ်ခေါ်ခဲ့သည်။
ညစာစားပွဲတွင် မိတ်ဆွေတစ်ဦးက ရုပ်တုကို ကြည့်ပြီး "သူက ဘယ်သူလဲ...? ဟု သူ့ကို မေးလိုက်သည်။
"ဒီမယ် သူငယ်ချင်း... 'သူက ဘယ်သူလဲ? လို့ မေးတာ မှားတယ်... မင်း မေးသင့်တာက 'ဒါက ဘာလဲ?' လို့ မေးရမှာ... ဒါက အလေးချိန် ၁၀ ကီလိုရှိတဲ့ ရွှေတုံးကြီးပေါ့ကွာ... လေဆိပ်တွေမှာ ဘာအခွန်မှ မဆောင်ရပဲ ယူလာနိုင်ခဲ့တယ် ဆိုပါတော့..."
(နိုင်ငံရေးမှာလည်း ထိုနည်း၎င်းပါပဲ။ ကိုယ့်ရဲ့ပရိသတ် အနေအထားအပေါ် မူတည်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ လှည့်စားသွားတာပါပဲ...။)


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...