စိတ်ကူး ကွန့်မြူး ရိုက်ကူးခြင်း (Abstracts Photography)

စကားဦး

ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု များကို ရေးသားရာ တွင် မရေးဖြစ်သေး သည့် ဓါတ်ပုံ ဆိုင်ရာ ကဏ္ဍ တစ်ရပ် ဖြစ်ပါသည်။

Abstracts Photography သည် နေ့ စဉ် မြင်တွေ့ နေကျ အရာ များ ကို ထူးခြား သည့် မြင်ကွင်း ( Angle ) မှ ကြည့် ကာ ယင်း၏ ထူးခြား သည့် အလှ ကို စိတ်ကူး တွင် ခံစား ကာ ပြန်လည် တင်ပြ သည့် ရိုက်ကူးနည်း ဟု ဆိုရပါမည်။

ဤမှတ်စု ကို ရေးသားရာ တွင် Douge Harman ၏ Digital Photography Handbook, စာအုပ်ပါ Abstract အခန်း ၊ Davis Peterson ၏ Abstract Photography for Beginners နှင့် Ron Bigelow ၏ Abstract Photography Tips and Technique စသည့် ဆောင်းပါး သုံး ခု ကို အခြေပြု ကာ အခြား ကောင်းနိုး ရာရာ ဟု ယူဆ သည့် Abstract ဆိုင်ရာ ဆောင်းပါး များကို စုပေါင်းကာ ဆီလျှော် သကဲ့ သို့ ဘာသာပြန် ထားခြင်း ဖြစ်ပါ သည်။

မှတ်စု တွင် နမူ နာ အဖြစ် ဖေါ် ပြထားသည့် ပုံ များ မှာ အဆိုပါ ဆောင်းပါး များ တွင် ပါသည့် နမူ နာ ပုံ များကို ပြန် လည်ဖေါ် ပြထားခြင်း ဖြစ်ပါသည်။ ဓါတ်ပုံ ပညာ ရှင် အမည် သိရ သည့် ပုံ များကို အမည် ဖေါ် ပြ ထားပြီး ဓါတ်ပုံ ပညာ ရှင် အမည် ကို မသိရ သည့် ပုံ များကို မူ အမည် ဖေါ် ပြနိုင်ခြင်း မရှိကြောင်း ဖေါ် ပြ အပ်ပါ သည်။



Abstract Photography ဆိုင်ရာ နည်းပညာ ။

ဓါတ်ပုံ နှင့်ပတ်သက်၍ အလွယ် ဆုံး ပြောရလျှင် ဓါတ်ပုံ ဆိုသည်မှာ ပုံရိပ်များ ကို ဖမ်းယူ ခြင်း (Capturing of images ) ပင် ဖြစ်သည်။

သို့ရာ တွင် ကင်မရာ ကို တစ်နေ ရာရာ ကို ချိန်ကာ ခလုပ် နှိပ်ရုံ မျှ နှင့် Photographer တစ်ယောက် ဖြစ် မလာနိုင်ပါ။ Photographer တစ်ယောက် ဆိုသည်မှာ အနုပညာ ( Art )နှင့် နည်းပညာ ( Technology ) နှစ်ရပ်ကို အကောင်းဆုံး ပေါင်း စပ် ပြီး သာမန် မြင်ကွင်း တစ်ခု လုံးကို ပြောင်း ပစ် နိုင်မှသာ Photographer ဟု ဆိုရပါမည်။ ပုံ တစ်ပုံ ကို တင်ပြ ရာ တွင် ယင်းကို အသေးစိတ် နားလည် စေရန် အနုပညာ သဘော ကိုပင် ထပ်မံ ခွဲခြား ထားပြန် သည်။ ယင်း မှာ Documentary နှင့် Fine Art တို့ ဖြစ်သည်။


Photo by: Miuenski Miuenski

Abstract Photography သည် Fine Art အမျိုး အစား တွင် ပါဝင်သည်။ အဆိုပါ Abstract Photography သည် ပြင်ပ တွင် သာမန် မြင်နေကျ အရာ များကို ပင် မြင်နေကျ အမြင် မျိုး အဟုတ် ဘဲ Subject တစ်ခု ၏ ပုံစံ (Shape) ဖွဲ့စည်းမှု ( Form) အရောင်( Colour) , မျက်နှာပြင် အရေး အကြောင်း ( Texture ) တို့ ၏ ထူးခြား မှု ကို ရှာဖွေ ကာ ရိုက်ကူးခြင်း ဖြစ်သည်။

လူသား တို့ ၏ မျက်စေ့ ကို ဆွဲ ဆောင် မှု အရှိဆုံးမှာ အဆင် ဒီဇိုင်း ဟု ဆိုရ မည့် Pattern ပင်ဖြစ်သည်။ ဤ အကြောင်း ကြောင့် ပင်လျှင် ရှေးဦး လူသားတို့ သည် Constellation ကို စတင်တွေ့ ရှိ ခဲ့ခြင်း ဖြစ်သည်။

Abstract Photography သည် Subject ကို ကြည့် ရှု သည် ထက် ကြည့်သူ၏ တုန့် ပြန် ခံစား မှု ( Emotional Response ) ကို ဆွဲ ထုတ် ကာ ခံစားစေသည့် နည်း ဖြစ်သည်။ မျက်စေ့ နှင့် မြင်နေသည်ထက် အတွင်းသို့ နှိုက်၍ ကြည့် ကာ ခံ စားစေခြင်း ဖြစ်သည်။

သို့ ရာ တွင် Abstract Photography နှင့်ပတ် သက်၍ အလွန် သတိ ထားရမည့် အချက် မှာ အလွန် ကောင်း မွန် သည် Abstract Photography ပုံ တစ်ခု အခြေအနေ နှင့် မည်သို့မျှ စိတ် ၀င်စား ဘွယ် ရာ မရှိသည့် စက္ကူစုတ် ဖြစ်သွား မည့် အခြေ အနေ နှစ်ရပ်သည် အလွန် နီးကပ် နေသည်။ Thin Line ကလေးသာ ရှိနေသည် ဆိုသည့် အချက် ဖြစ်သည်။

ဆိုလိုသည် မှာ အယူအဆ တစ်ချက်မှားသွား သည် နှင့် Powerful Abstract Photography သည် တစ်ခုဖြစ် လာရမည့် အစား ကြည့်သူ အနေနှင့် မည်သည် ကို ခံစား ရမည် မသိဘဲ စက္ကူစုတ် အဖြစ်သို့ ရောက်သွား နိုင်သည် ဆိုသည့် အချက် ပင် ဖြစ်သည်။


Photo by: Sel

Abstract Photography ရိုက်ကူးရာ တွင် အရေးကြီးသည်မှာ Photography Rule များ ထက် Abstract Photography ဆိုင်ရာ လမ်းညွှန် သဘော တရားများ (Rule or guidelines of abstract photography) ကို နားလည် ကာ ကောင်းစွာ အသုံး ချတတ်ရန် လိုပေသည်။ အကယ်၍ အဆိုပါ Abstract Photography ဆိုင်ရာ လမ်းညွှန် သဘော တရားများ ကို ချိုး ဖေါက် မည်ဆိုပါက လည်း မသိ၍ ချိုး ဖေါက် ခြင်း မဟုတ် ဘဲ သိလျှက် နှင့် ပုံ အခြေအနေ တိုးတက် လာစေရေး လိုအပ် ချက် အရ တမင် ချိုးဖေါက် ခြင်းမျိုး သာ ဖြစ်ရန် လိုသည်။

အောက် တွင် ဖေါ် ပြ မည့် အကြောင်း အရာ များမှာ Abstract Photography ရိုက်ကူခြင်းဆိုင်ရာ နည်း လမ်း အမျိုး မျိုး ဖြစ်သည်။ ဤ နည်းလမ်း များကို လမ်း ညွှန် ထားကာ ရိုက်ကူးခြင်းအားဖြင့် Powerful Abstract ပုံ များ ရရှိနိုင်ပါလိမ့်မည်။

အရောင် ( Colour )


Photo by: Vittorio Pandolfi

Abstract photography တွင် အရောင် များကို စိတ် တိုင်းကျ အတားအဆီးမရှိ သုံးနိုင်သည်။ အရောင် ၏ Level, Hues, Tones, Saturation စသည်များကို စိတ် ကြိုက် ကစား နိုင်သည်။ အခြားသော ဓါတ်ပုံ ကဏ္ဍများဖြစ်သည့် Portraiture, Landscape photography etc ..စသည်တို့ တွင် သုံးသည့် စည်းမျဉ်း ဥပဒေသ များသည် Abstract photography တွင် အကျုံး မ၀င် ဟု ဆို ရပါမည်။ အားလုံး သော အရာ များ မှာ ဖန်တည်းရှင် ဓါတ်ပုံ သမား ၏ အထိန်း အကွပ် အောက်မှာ သာ ရှိသည်။ မူရင်း အင်္ဂလိပ် ဘာသာ အတိုင်း ပြောရ သော် “ Let your imagination run wild, wield your power and use colours to your advantage.” ပင် ဖြစ်ပါ သည်။ စိတ် အဟုန် ကို ရွက်ကုန်ဖွင့် နိုင်သည်ဟု ဆိုရပါမည်။

Controlled Depth of Field and Selective Focus


Photo by: Paula Bailey

Aperture ကို ကျယ်ကျယ် ဖွင့်ပေး ခြင်းအားဖြင့် Depth of Field ပါးလာ သည့် အတွက် အာရုံ စူး စိုက်စေရာ Center of Interest နေရာ ကိုသာ Focus ပြတ်နေစေခြင်း ဖြင့် ကြည့်သူ၏ အမြင်အာရုံကို ဖမ်းထား နိုင်သည်။ ထို့ ကြောင့် ဤနည်းသည် Powerful Abstract ပုံကောင်း တစ်ပုံ ရ စေ နိုင်သည့် နည်း ကောင်း တစ်ခု ဖြစ်သည်။ ဤ နည်းကို တိကျ စွာ ဆောင်ရွက် နိုင်လျှင် အာရုံ စူး စိုက်စေရာ Center of Interest နေရာ သည် ပြတ်သား နေကာ အာရုံ မပြန့်စေလို သော အခြားနေရာ များ မှုန် ( Blur) နေပေလိမ့် မည်။ ဤ သို့ ဖြင့် ကြည့်သူ ၏ အာရုံ ကို လိုရာနေရာ သို့ ပို့ ပေး နိုင်သည်။

ပုံ ကို အားဖြည့် ပေးမည့် အခြား အချက် တစ်ချက် တစ်ရပ်မှာ Background ဖြစ်သည်။ Subject ၏ အရောင်သည် Background နှင့် Colour Contrast ရှိနေစေခြင်း ဖြင့် Subject သည် ပို၍ ပေါ်လွင်လာကာ ယင်း အပေါ် အာရုံ ပို၍ ရောက်စေလိမ့်မည်။ ၎င်း အပြင် Subject ကို အာရုံ ပို့ ပေးစေမည့် Leading Line ဖြစ်သော Curve ကဲ့ သို့ လိုင်း များ ထည့် သွင်း ဖွဲ့ စည်း ကာ ရိုက်သင့်ပါသည်။

မည်သို့ သောပြတ်သား မှု မျိုး နှင့် ပြ လို သနည်း။


Photo by: Emilio Dellepiane

ပုံ တစ်ခုလုံး ပြတ်သားနေအောင် ပြမည်လော၊ သို့ တည်းမဟုတ် မိမိ ပြ လိုသည့် နေရာ တစ်ခု ထည်း ကို Focus ဖမ်း မည်လား ဆုံး ဖြတ်ရပါမည်။ ပုံ ၏ နေရာ အားလုံး ပြတ်သား နေစေလိုပါက Aperture ကျဉ်း ကျဉ်း ထားကာ ရိုက်ရပါမည်။ လိုသည့် နေရာ တစ်နေရာ ထည်းကိုသာ ပြတ်သားနေစေလိုပါက Shallow Depth of field ပေး မည့် Aperture ကျယ်ကျယ် နှင့် ရိုက်ရပါမည်။

Lines များကို အသုံချခြင်း။


Photo by: Stephen Zacharias

တတ်နိုင် သမျှ အားကောင်းသည့် Graceful or Dynamic Lines များ ကိုသုံး ရပါမည်။ အဆိုပါ လိုင်းများသည် ပုံကို အလွန်အားကောင်း စေသည့် Leading Lines များ ဖြစ်ကြသည်။ နမူနာပြ အဖြစ် အောက်ပါ ပုံ ကိုကြည့်ပါက လိုင်းများ သည် ကြည့် သူကို ပုံ ၏အဆုံး အထိ ဆွဲ ခေါ် သွားသည် ကို မြင်နိုင်ပေ လိမ့် မည်။


Photo by: Alexcoitus

ထိရောက်သည့် Effective Lines များသည် ပုံ အဓိက ပြယုဒ် များ ဖြစ်နေစေရမည်။ ထို့ အပြင် ပုံ အတွင်း ရှိ Curve, Angle, Straight Lines စသည့် လိုင်း များ အားလုံးသည် အခြင်းခြင်း အပြန် အလှန် အကျိုးပြု ကာအချိုးကျ နေစေရန်လိုသည်။ အကယ်၍ လိုင်းများကို ပုံ တွင် Main Subject အဖြစ် ပြလိုပါက အခြာသော နေရာ ရှိ အရောင်များ၏ Saturation ကို လျှော့ ပေးရပါမည်။ သို့ မဟုတ်ပါက ကြည့် သူ၏ အာရုံ ကို COI ဖြစ်သည့် လိုင်း မှ ဆွဲ ထုတ် သွား ပေလိမ့် မည်။

မျက်နှာပြင် အရေး အကြောင်း (Texture )


Photo by: Ozyman

မျက်နှာပြင် ပေါ်ရှိ အရေး အကြောင်း များဖြစ်သည့် Texture များသည်လည်း Line များကို သုံးသည့် နည်း အတိုင်းပင် ဖြစ်သည်။ တစ်ခါ တစ်ရံ တွင် Line နှင့် Texture တို့ ကို တွဲ သုံးသည့် အချိန် လည်းရှိသည်။ Texture ကို ပုံ တွင် ထည့် သွင်း ဖေါ်ပြ မည်ဆိုပါလျှင် ပုံ၏ အရေး အကြီး ဆုံးသော နေရာတွင် နေရာ ပေး ရန် လိုသည်။ ပုံ တွင် ပါဝင် သည့် Line များ နှင့် သဟဇာတ ( Harmony ) ဖြစ်ရန် လည်း လိုသည်။ Texture ကို မှန်ကန်စွာ သုံးနိုင်ပါက ပုံသည် ကြည့်သူ၏ ရင်ထဲသို့ စူးဝင် သွား စေနိုင်လိမ့်မည်။


“The Dome” Photo by: Richard Crowe

မှုန် ၀ါးစေခြင်း ( Blur )


Photo by: Evan Leeson

နေရာ အားလုံး ကို ပြတ်သား မနေ စေဘဲ လိုသည့် နေရာ လေး တွင်သာ ကွက် ၍ ပြတ်သားပြီး ကျန်နေရာများ ၀ါးနေစေသည်မှာလည်း စိတ်ဝင်စား ဘွယ် ကောင်း သည့် Abstract photography တစ်ရပ် ပင် ဖြစ်သည်။ သို့ ရာ တွင် အဆိုပါ နည်းသည် နမူနာ ပြထားသည့် ပန်း ၀တ်ဆံ ကဲ့ သို့ အချို့သော Subject အတွက်သာ လျှင် သင့် လျှော်သည်။

ဤ ရိုက် နည်း တွင် မိမိအနေနှင့် Subject ကို မှန်ကန် စွာ ရွေးချယ် ကာ ရိုက် ကူး ရန် လိုပါမည်။ Romantic ဆန်သည့် ပုံ မျိုး တွင် ဤ နည်း သုံးသင့်သည်။ Blur ဖြစ်စေလို သည့် နေရာများ အတွက် Special soft Focus Lens သို့ မဟုတ် Soft focus Filter များ တပ် ကာရိုက်ကူး နိုင်သည်။ သို့ မဟုတ် Post Production တွင် Photoshop ဖြင့် လည်း ဆောင်ရွက် နိုင်သည်။

The Zooming Technique

Slow Shutter Speed ကို Focal Lenth အတို အရှည် ပြောင်း သည့် ( Zoon-in, Zoom-out ) စသည့် နည်း များ နှင့် တွဲသုံးကာ စိတ်ဝင်စား ဘွယ်ရာ ပုံ ကို ဖန်တည်း နိုင်သည်။

အဆိုပါ နည်း နှင့် ရိုက် မည်ဆိုပါက Tripod ကိုသုံးရပါမည်။ Wide Angle နှင့် စ တင်ကာ Zoom ဆွဲ၍ Narrow Angle သို့ ပြောင်း လိုက်ပါ။ ဤ သို့ ဖြင့် ပုံ သည် Strong Center of Interest ရရှိလာပြီး Center of Interest ၏ အရောင်နှင့် Background အရောင်တို့ သည် Colour Contrast ဖြစ်လာ လိမ့် မည်။

Move in Close


Photo by: Miuenski Miuenski

Subject တစ်ခု လုံးမဟုတ်ဘဲ ယင်း၏ အနားသို့ ကပ်ကာ တစ်စုံ တစ်ရာသော အပိုင်း မျှ သာ ပေါ်လွင် အောင် လည်း ရိုက် နိုင်သည်။ မလိုအပ်သော Distraction ဖြစ်စေ မည့် အပိုင်း များကို ဖယ်ထုတ် လိုက် သည့် နည်း ပင် ဖြစ်သည်။ ဤ သို့ ဖြင့် Subject ၏ Form, Colour, Curve, တို့ကို ပို၍ အလေးပေး ပေး လွင်လာ စေမည် ဖြစ်သည်။

The Use of Light and Shadows





အရိပ် နှင့် အလင်းရောင်တို့ အပြန်အလှန် အကြောင်းပြု ကာ Inter Play ဖြစ်နေသည့် ပုံများသည် လည်း Abstract ပုံကောင်း တစ်ပုံ ဖြစ်စေသည်။ အချို့ သော ဓါတ်ပုံ သမားများက Light တစ်ခု ထည်းကိုသာ အားပြု ပြီး အရိပ် ( Shadow ) ကို လှစ်လျှူ ပြု ထေားသည် မှာ မှား ယွင်းသည် ဟု ဆိုရမည်။ စင်စစ်အားဖြင့် Shadow သည် အလင်းရောင်မဲ့သော Lack of Light နေရာ ဟု သာ တွက်ဆ၍ မရ။ ပုံ တစ်ပုံ ကို အသက်သွင်းပေးသော အရာ ဖြစ်သည် ကို လည်း မမေ့သင့်ပေ။ Shadow သည် Abstract photography ကိုအား တောင့် လာစေသည့် အရာ ဖြစ်သည်။

Tips for Fantastic Abstract Photography

Abstract Photography သည် Portrait or Landscape ပုံ များကဲ့ သို့ အားလုံးကို ထင်ရှားစွာ မပြဘဲ ရိုက်ကူးသူ က ၄င်း၏ စိတ်ကူး ပုံ ရိပ် ကို ပြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် မိမိ ရိုက်ကူးမည့် Abstract ပုံ၏ အနှစ် သာရ သည် ဘာလဲ- Essence of what you are Photographing - ကို ကြိုတင်စဉ်းစား ထားရန် လိုပေသည်။ အောက် ပါ အချက် များ မှာ Abstract Photography ရိုက်ကူးရာ တွင် ဆောင်ရွက် သင့်သည့် အဓိက အချက် အချို့ ကို ဖေါ်ပြထားခြင်းသာ ဖြစ်ပါသည်။

1. Get Close



Abstract Photography သည် မိမိ ပြလိုသည်ကို သာမန် Photography ကဲ့ သို့ မဟုတ်ဘဲ ကြည့် သူအား တစ်မူ ထားခြားသည့် မြင်ကွင်းမှ ပြခြင်း ဖြစ်သည်။ ထို့ ကြောင့် Texture, Pattern များကို ပြ လိုပါက အနီးကပ် ရိုက်ကာ Frame ပြည့် နိုင်သမျှ ပြည့်အောင် ရိုက်ပြ သင့်သည်။ ဤ သို့ ဖြင့် ပုံသည် တစ်မူ ထူးခြားလာကာ ပြသလိုသည့် အချက်မှနေ၍ လွဲ၍ မည်သို့ မျှ ဒွိဟ အပွားနိုင်သည့် အနေအထားမျိုး တွင် ရှိနေပေ လိမ့်မည်။

2. Thinking in Tones



ဓါတ်ပုံ သမားကောင်း တို့သည် ၄င်း တို့ ရိုက် မည့် Subject ပေါ်သို့ ကျရောက်သည့် Bright High Light ကို သဘော ပေါက် နားလည် ကြသည့် အလျှောက် Exposure ကို လို အပ် သကဲ့ သို့ ညှိ နိုင် ကြသည်။ လျှပ်တပျက် အတွင်းမှာ ပင် ၄င်း တို့ ၏ ဆဌမ အာရုံ ( Sixth Sense ) အရ အရောင် အသွေး ပြေ ပြစ် မှု ရှိမရှိကို သိနိုင်စွမ်း ရှိကြသည်။ ဤ သည်ကို အတု ယူရန် လိုပါသည်။

3. Lookout for Interesting Elements



Abstract ရိုက်ကူး နိုင်သည့် အရာ များ ဖြစ်သည့် Repeating Line, Strange Texture, Interesting Pattern, Plants, Clouds, Rocks, Sand, Water စသည် တို့ ကို သဘာဝ ပတ်ဝန်း ကျင် တွင် အလွယ် တကူ တွေ့ နိုင်ပေသည်။ မိမိ အနေနှင့် မိမိ ပြ လိုသည့် Abstract ပုံ ၏ Angle and Composition ကို အဆန်း တကျယ် မြင် ကွင်း ဖြစ်လာစေရန် စဉ်းစား စီစဉ် ရုံ သာ ဖြစ်သည်။

4. Using Hand-Held Flash and Tripod



ကင်မရာတွင် Hot Shoes adaptor ပါ လျှင် Flash ကို Flexible Cord ဖြင့် အပြင် သို့ ထုတ်၍ လက် ဖြင့် ကိုင် ကာ လိုအပ်သည့် နေရာ တွင် အလင်း ဖြည့် ပေး သင့်သည်။ Angle Flash သုံးလျှင် သဘာဝ အလင်းရောင်ကို ပို ညက်လာစေကာ Abstract ကို ပို ကြည့်ကောင်းလာစေသည်။ Abstract ပုံ ကို အနီးကပ် ရိုက်လျှင် ပြ လိုသည့် အသေးစိတ် နေရာ များ ပြတ်သား နေစေရန် Tripod သုံးရန် လိုအပ်ပါ သည်။

5. Practice and Experiments



ပုံကောင်း ရရန် အတွက် လေ့ ကျင့် ရန် လိုပါသည်။ အကြိမ်ကြိမ် စမ်းသပ် ရိုက်ကူး ကာ သုတေသန သဘောမျိုး လုပ်ကြည့်ရန် လည်း လိုပါသည်။ ကြိမ် ဖန်များစွာ လေ့ကျင့် ရန် ၊ စမ်း သပ်ရန် လိုပေသည်။

တစ်ခါ တစ်ရံ အဆိုစလောက် ပြောင်းလဲ မှု လေးတစ်ခု ပြု လုပ် လိုက်ခြင်းသည် ပုံ တစ်ခုလုံး တွင်ကြီး မားသော ပြောင်းလဲ မှု ကြီး တစ်ခု ဖြစ်သွားးတတ်သည်။ တစ်ခါ တစ်ရံတွင် မူ မိမိ အနေနှင့် မှားယွင်း သည်ဟု ယူဆ ထားသော သော Wrong Setting လေးတစ်ခုသည် ပုံ အတွက် အလွန် မှန်ကန်ကောင်းမွန် သည့် လုပ်ဆောင် ချက် တစ်ရပ် ဖြစ်လာတတ်သည်။ ထို့ ကြောင့် မိမိ၏ ပစ္စည်း ကိရိယာ နှင့် Subject များကို Experiment လုပ်ကြည့် ရန် ၀န် မလေးသင့်။

6. Crop and Rotate your Image



Abstract ပုံ တစ်ပုံ ရလာပြီဆိုလျှင် Post Processing တွင်လိုအပ်သည့် အနေ အထား မျိုး ပုံ ဖြစ်လာစေရန် Crop လုပ်ကြည့် ပါ။ အလျှား လိုက် သို့ မဟုတ် ဒေါင် လိုက် လှည့် ကြည့်ပါ။ ၁၈၀ ဒီကရီ လှည့်ကာ ကြည့်ပါ။ မည်သည့် အနေအထားက မည်သို့သော Impact ရှိလာမည် စစ်ကြည့်ပါ။ ထိုအချိန် တွင် ပုံ ၏ သီးသန့် နေရာ အချို့သည့် အဆိုပါ ပုံ၏ အရည် အသွေး ကို မြှင့်တင် ပေးသည့် နေရာ ဖြစ်နေသည်ဆိုသည် ကိုတွေ့ လာပါလိမ့်မည်။ အဆိုပါ အမြင် ဆန်း သစ် ဖြစ်လာ နိုင်မည့် အနေအထားကို ယူပါ။

Abstract နမူနာ ပုံများ (Sample Abstract Pictures.)



























 

နိဂုံး။

ဤ မှတ်စုသည် စိတ် အလျှင် ကဲ့သို့ ကျယ် ပြန့် လှသော Abstract Photography ၏ မိတ်ဆက် နိဒါန်း သဘော မျှသာ ဖြစ်ပါသည်။ ကျယ် ပြန့် လှသည့် စိတ် အစဉ် ကွန်မြူး သည့် ဤ ရိုက်ကူးခြင်း ကို လက်တွေ့ စိတ်ကူး စိတ်သမ်း အသစ်များဖြင့် အနှောင်အဖွဲ့ မရှိ စိတ် အလ၊ျှင် ကွန့်မြူး နိုင်သမျှ ကွန့် မြူးကာ ရိုက်ကူး ကြည့် ကြ ခြင်း ဖြင့် ရှေ့ သို့ တက်လှမ်း နိုင်ကြ ပါစေရန် ဆန္ဒပြု အပ်ပါသည်။


Credit;ဆရာဦးစိုးလှိုင် (Country Road)
---------------------------------------------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...