ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ယောက်ျားအင်္ဂါအတု ပညာရှင်များ စမ်းသပ်လိုဟုဆို
မြောက် ကာရိုလိုင်းနား ပြည်နယ် Wake Forest Institute မှ အန်သိုနီ အက်တလာ ဦးဆောင်သည့် သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့သည် စမ်းသပ်ခန်းအတွင်း ယောက်ျား အင်္ဂါအတုကို မွေးမြူထားနိုင်ခဲ့ပြီး၊ လာမည့် ငါးနှစ်အတွင်း ယင်းအင်္ဂါအတုကို တပ်ဆင် စမ်းသပ်ပေး မည့် စေတနာ့ ဝန်ထမ်းလူနာ တစ်ဦးကို အလိုရှိ ကြောင်း The Guardian သတင်းတွင် ဖော်ပြထား သည်။
မွေးဖွားစဉ် ကတည်းက ယောက်ျားအင်္ဂါ မပါခဲ့သူများ၊ ကင်ဆာကြောင့် ဖြတ်တောက် လိုက်ရသူများနှင့် ထိခိုက်ဒဏ်ရာ တစ်ခုခုကြောင့် ဆုံးရှုံးသွား သူများအတွက် အဆင်ပြေ စေရန် ယင်းအင်္ဂါအတုကို စမ်းသပ်ခန်းအတွင်း မွေးမြူခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။
ယင်းအဖွဲ့သည် လူသားများတွင် ဓာတ်ခွဲခန်းထုတ် လိင်အင်္ဂါအတုကို တပ်ဆင်စမ်းသပ်နိုင်ရန် အတွက် အမေရိကန် အစားအစာနှင့် ဆေးဝါးအုပ်ချုပ်ရေး အဖွဲ့ (FDA) ၏ လက်ခံအတည်ပြုချက်ကို ဦးစွာရယူရမည်ဖြစ် သည်။
ဒေါက်တာ အန်သိုနီနှင့်အဖွဲ့သည် အမျိုးသားနှင့် အမျိုးသမီးအင်္ဂါများ အစားထိုးနိုင်ရေးအတွက် ကာလကြာမြင့်စွာ စမ်းသပ် တီထွင်လျက်ရှိပြီး၊ ယခုထုတ်လုပ်ထားသည့် ယောက်ျားအင်္ဂါအတုကို တပ်ဆင်လိုသူ၏ ကိုယ်ပိုင်ဆဲလ် များဖြင့် ထုတ်လုပ် မွေးမြူထား နိုင်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။
ပညာရှင်များသည် လူနာ၏ ဆဲလ်မျှင်များကို ထုတ်ယူပြီး ယင်းဆဲလ်များကို စမ်းသပ်ခန်းအတွင်းရှိ ဓာတ်ခွဲခန်းသုံး ဖန်ခွက်ထဲတွင် ပေါင်းစပ် မွေးမြူခဲ့ခြင်းဖြစ်ကြောင်း၊ ဆဲလ်များသည် ကြွက်သားမျှင်များ၊ သွေးကြောများဖြင့် ပကတိ လူသားအင်္ဂါကဲ့သို့ တဖြည်းဖြည်း ကြီးထွားလာစေရန် မွေးမြူပေးနိုင်ခဲ့ကြောင်း၊ ယခုမွေးမြူထားသော အင်္ဂါအတုမှာ သေဆုံးသူ အလှူရှင်ထံမှ ဆဲလ်များကို ထုတ်ယူကာ မွေးမြူထားခြင်း ဖြစ်ကြောင်း The Guardian သတင်းက ဆိုသည်။
အကယ်၍ အင်္ဂါအတုတွင် အသုံးပြုထားသော ဆဲလ်များသည် လူနာရှင်နှင့် ကိုက်ညီမှုရှိလျှင် ပုံမှန်အတိုင်း လုပ် ဆောင်နိုင်ရုံမျှမက၊ ကံကောင်းလျှင် ကလေးအဖေ ဖြစ်ခွင့်ပင် ရရှိနိုင်ကြောင်း ဒေါက်တာ အန်သိုနီက ပြောကြား သည်။
ယင်းအဖွဲ့သည် ယုန်အထီး ၁၂ ကောင်ကို ဓာတ်ခွဲခန်းထုတ် လိင်အင်္ဂါအတုဖြင့် အောင်မြင်စွာ တပ်ဆင်စမ်းသပ်ပြီး ဖြစ်သည်ဟု The Guardian တွင်ဖော်ပြထားသည်။
The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) မ်က္လံုးသံုးၿပီး ကိုလက္စထေရာ ဘယ္လို စစ်ဆေးမလဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... တိရိစ္ဆာန်နှင့် လိင်ဆက်ဆံသော တိမွေးကု ဆရာဝန် တရားစွဲခံရ
- (အနောကျသို့) အအေးမိ နှာစေးသူများအတွက် ဆေးမလို ကြေးစစ်စစ်သာ လိုဟုဆို Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... တိရိစ္ဆာန်နှင့် လိင်ဆက်ဆံသော တိမွေးကု ဆရာဝန် တရားစွဲခံရ