အအေးမိ နှာစေးသူများအတွက် ဆေးမလို ကြေးစစ်စစ်သာ လိုဟုဆို

အအေးမိ နှာစေးနေ သူများအတွက် ကြေးပြားစစ်စစ် တစ်ခုကို ဆောင်ထားခြင်းသည် ဆေးသောက်ခြင်း ထက် ထိရောက်မှု ရှိကြောင်း CopperZap သတင်းတွင် ဖော်ပြထားသည်။ ကြေး၏ ပင်ကိုသတ္တိသည် ရောဂါပိုး မွှား များကို နှိမ်နင်း တိုက်ခိုက်နိုင်သည့် သတ္တိရှိသော ကြောင့် အအေးမိနှာစေး နေသူများသည် ကြေးပြား စစ်လေး တစ်ခုကို နှာခေါင်းအဝတွင် ထားကာ ကုသ ခြင်း နည်းများကို ရှေးနှစ်ပေါင်း များစွာကတည်းက ကုသခဲ့ကြကြောင်း ယင်းသတင်းက ဆိုသည်။

အအေးမိပြီး နှာရည် တရွဲရွဲ ဖြစ်နေသူများသည် ကြေးချောင်း စစ်စစ် တစ်ချောင်းကို နှာခေါင်း အတွင်းသို့ စက္ကန့် ၆၀ ခန့် ထည့်ထား လိုက်ခြင်းဖြင့် ပျောက်ကင်း သွားစေနိုင်မည် ဖြစ်သည်။ ကြေးချောင်းကို လက်ထဲတွင် ကိုင်ထားသူ တစ်ဦးသည် နှာခေါင်းနှင့် လက်များတွင် ပွားများနေသည့် ရောဂါပိုးများကို သတ်ပေးနိုင်သောကြောင့် ကြေးချောင်းစစ်စစ် တစ်ချောင်းကို ဆောင်ထား သင့်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။

ယခုအခါ ဈေးကွက်အတွင်း ဝင်နေသည့် CopperZap ကြေးချောင်းလေးများသည် အီကိုလီ အပါအဝင် ရောဂါဖြစ် စေသည့် ပိုးပေါင်း ၁၀၀ ခန့်ကို သတ်နိုင်သော်လည်း အီဘိုလာ ဖြစ်စေနိုင်သော ရောဂါပိုးကိုမူ စမ်းသပ်ခြင်း မပြုရ သေးကြောင်း၊ ဆေးထိုးဆေးသောက်ရန် မလိုဘဲ ကြေးပြားလေးတစ်ပြားကို ဆောင်ထားရုံဖြင့် ရောဂါ ကာ ကွယ်နိုင်သည့် နည်းဖြစ်ကာ ဘေးထွက်ဆိုးကျိုးလည်း မရှိနိုင်ကြောင်း၊ CopperZap ကြေးတစ်ပြားလျှင် ၃၅ ဒေါ်လာခန့်ဖြင့် အမေရိကန် ပြည်ထောင်စုရှိ ဆေးဆိုင်ကြီးများတွင် ရောင်းချနေကြကြောင်း copperzap.com ဝက်ဘ်ဆိုက်တွင်လည်း ရေးသားထားသည်။


The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...