တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆရာပြုန်းတီးမှုမှာ တစ်နှစ်လျှင် ရှစ်ထောင်ခန့် ရှိဟုဆို
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်နှစ်လျှင် ဆရာ ရှစ်ထောင်ခန့် မွေးထုတ် ပေးနိုင်သော်လည်း ဆရာ ပြုန်းတီးမှုမှာလည်း တစ်နှစ်လျှင် ရှစ်ထောင်ခန့် ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ အခြေအနေများ ရှိနေသည့် အတွက် အခြေခံ ပညာကျောင်းများ အဆင့်တိုးခြင်း၊ အဆင့်မြှင့် တင်ခြင်းများကို စိစစ်ဆောင်ရွက် နေရသည့် အခြေအနေများ ရှိနေကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ အဆင့်တိုးခြင်း၊ အဆင့်မြှင့်တင်ခြင်းများ စသည်ဖြင့် ဆောင်ရွက်ရန်များစွာကျန်ရှိနေသေးပြီး ယင်းအတွက်သတ်မှတ်မူဝါဒများကို ဖြေလျှော့ကာ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အချို့ဒေသများတွင် ကျောင်းအဆင့်တိုးမြှင့်ခြင်း မပြုလုပ်နိုင်သေး ခြင်းမှာ ဆရာလုံလောက်မှု မရှိသည့်အတွက် စိစစ်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
“ကျောင်းအဆင့်မြှင့်တာ အဆင့်တိုးတာတွေကို ဦးစားပေးဆောင်ရွက်ပါတယ်။ အရင်ကချခဲ့တဲ့မူဝါဒ တွေကို ဖြေလျှော့ပြီးတော့ ဘယ်လိုလုပ်ပေးရမလဲဆိုပြီး စဉ်းစားနေကြရပါတယ်။ ဒီလိုကျောင်းတွေ အဆင့်တိုးတာတွေမှာ အဓိကရင်ဆိုင်ရတာက ဆရာအခက်အခဲပါ။ ပညာရေးဝန်ကြီးဌာနက တစ်နှစ် ကိုဆရာရှစ်ထောင်လောက် မွေးထုတ်ပေးနေပေမယ့်လဲ ဆရာပြုန်းတီးမှုက တစ်နှစ်ကိုရှစ်ထောင် လောက်ရှိနေပါတယ်” ဟု ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းကပြောသည်။
ကျောင်းအဆင့်တိုးတိုင်းတွင် ကျောင်းဆရာ၊ ဆရာမနှစ်ဦးမှ သုံးဦးဖြည့်ဆည်းဆောင်ရွက်ပေးရ ကြောင်း၊ အထက် တန်းကျောင်းဆိုပါက ဘာသာရပ်ကျွမ်းကျင်ဆရာများကိုပါ ဖြည့်ဆည်းပေးရ ကြောင်း၊ ယင်းကဲ့သို့ ဆရာလိုအပ်ချက် များရှိနေသည့် သြဂုတ်လတွင် နေ့စားလပေးဆရာများကို ခေါ် ယူခဲ့ရကြောင်း၊ လက်ရှိအခြေအနေအရလည်း အထက်တန်းပြဆရာ ခြောက်ထောင်ကျော်လိုအပ်နေ သေးကြောင်း သိရသည်။
“ကျောင်းတွေကို အဆင့်တိုးပေးရတာတွေကို ဝန်ကြီးဌာနကအားပေးပါတယ်။ အဓိကဖြစ်နေတာက ဆရာ အခက်အခဲဆိုတာ သိစေချင်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဘယ်ကျောင်းကို အဆင့်တိုး ပေးရမှာဆိုတာ မျိုးတွေကို ကန့်သတ်ထားခြင်းမရှိပါဘူး။ ဆရာကိုဘယ်လိုမွေးထုတ်ရမလဲဆိုတာတွေ ကိုဆွေးနွေးလျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီးဦးသန့်ရှင်းက ပြောသည်။
ယင်းကဲ့သို့ ပြောကြားရခြင်းမှာ စက်တင်ဘာ ၂၄ ရက်နေ့ကပြုလုပ်သော အမျိုးသားလွှတ်တော် ပုံမှန် အစည်း အဝေးတွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟာရှိန်းဘွေနှင့် မဲဆန္ဒနယ်အမှတ် (၉) မှ ဦးပေါ်လျှံလွင်တို့မှ ကျောင်းအဆင့်တိုးမြှင့်ခြင်းများနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခြင်း အပေါ်တွင် ဒုတိယဝန်ကြီးကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“၂၀၁၃-၂၀၁၄ မှာ ကျွန်တော်တင်ပြတဲ့ကျောင်းက တွဲဖက်မူလတန်းကျောင်း ရရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၄- ၂၀၁၅ မှာ ဆရာရရှိဖို့အတွက် မနှစ်ကတင်ပြခဲ့ပေမယ့် ကြယ်ပွင့်ပြမေးခွန်းနဲ့ ပြန်မေးရခြင်းဖြစ် ပါတယ်” ဟု ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟာ ရှိန်းဘွေက ပြောသည်။
မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူ ရှစ်သန်းကျော်နှင့် ဆရာ သုံးသိန်းခုနှစ်သောင်း ကျော် ရှိကြောင်း သိရသည်။
Democracy Today Daily
စက်တင်ဘာ (၂၆) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အချိန်ပိုင်း အလုပ်ခေါ်ဆိုမှု များလာ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး
- (အနောကျသို့) ပျင်းနေသလား လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး