အချိန်ပိုင်း အလုပ်ခေါ်ဆိုမှု များလာ

ရန်ကုန်- တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကျောင်း ပိတ်ရက်၊ အားလပ်ရက် များတွင် လုပ်ကိုင်နိုင်မည့် အချိန်ပိုင်း အလုပ်ခေါ်ဆိုမှုများ ရှိလာကြောင်း သတင်း ရရှိသည်။

နယ်မှ လာရောက်သူ ကျောင်းသားအများစုသည် ရန်ကုန်မြို့ တွင် စုပေါင်း၍ အဆောင်ငှားရမ်း နေထိုင် ရခြင်း၊ နေထိုင်မှု စရိတ်မြင့်မား ခြင်းတို့ကြောင့် ငွေကြေး လိုအပ်ချက် ဖြည့်ဆည်းရန် ကျောင်းချိန် ပြင်ပတွင် အချိန်ပိုင်း အလုပ်များ လိုအပ်နေသည်။

ကွန်ပျူတာ အခြေခံတတ်ရ မည်ဖြစ်ပြီး မိုဘိုင်းဖုန်း၊ အိမ်၊ အင်တာနက် ကဖေးတို့တွင် တစ်နေ့လျှင် တစ်နာရီသာ အလုပ်လုပ်ရမည်ဖြစ်ကာ ကျန်အစိတ်အပိုင်းများကို ကုမ္ပဏီကသင်ကြားပေး ကြောင်း အလုပ်ခေါ်နေသောနည်း ပညာပိုင်းဆိုင်ရာကုမ္ပဏီတစ်ခု ထံမှ သိရသည်။

သတင်းစာ၊ ဂျာနယ်အချို့၏ အခမဲ့ကြော်ငြာကဏ္ဍများ၌ အလုပ်အကိုင် ခေါ်ဆိုမှုများတွင် လည်း အချိန်ပိုင်း အလုပ် ခေါ်ဆိုမှု များရှိလာသည်။

တစ်နေ့လျှင် တစ်နာရီလုပ် ရသည်ဆိုသည့်အလုပ်မှာ အင် တာနက်၊ ၀က်ဘ်ဆိုက်များတွင် ကုမ္ပဏီက တာဝန်ပေး ထားသော ကုမ္ပဏီအမည်နှင့်ကြော်ငြာများ တွင် Likeလုပ်ပေးရသည့်အလုပ် မျိုးလည်း ပါဝင်ကြောင်းစုံစမ်း သိရ သည်။

‘‘အိမ်ကလုပ်လည်းရတယ်။ တယ်လီဖုန်းနဲ့ပြောရတာလည်းရှိ တယ်။ အွန်လိုင်းကနေ ၀က်ဘ် ဆိုက်ထဲဝင်ပြီး Likeလုပ်ပေးရ တယ်’’ဟု ယင်းကုမ္ပဏီနှင့်ဆွေး နွေးဖူးသူတစ်ဦးကရှင်းပြသည်။

ရန်ကုန်မြို့တွင် အဆောင်ငှားရမ်းခ ကျပ်နှစ်သောင်းခွဲခန့်ရှိပြီး တစ်လလျှင် စားစရိတ်အပါအ၀င် ငွေကျပ်တစ်သိန်းခွဲ ၀န်းကျင် ကုန်ကျကြောင်း နယ်ကျောင်းသားများထံမှ သိရသည်။

အရောင်းဈေးကွက်မြှင့်တင် ရေး၊ ကားမောင်း၊ကွန်ပျုတာစာစီ စာရိုက်၊စာရင်းကိုင်၊ ဘာသာပြန်၊ စာသင်ဆရာ၊ စားသောက်ဆိုင် စားပွဲထိုး၊ ဖုန်းအရောင်းဆိုင်များ၊ အချိန်ပိုင်းဒီဇိုင်း Layoutချခြင်းနှင့် အချိန်ပိုင်း စာစီစာရိုက်ခြင်း အစရှိသဖြင့် မိမိကျွမ်းကျင်ရာအသက်မွေးဝမ်းကျောင်းများဖြင့် လာ ရောက်လျှောက်ထားပါက ပိုမိုအ ဆင်ပြေနိုင် ကြောင်းThe Golden Free အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ကိုကျော်ဇေယျာဦး က ဆိုသည်။

တစ်နာရီလုပ်အားခ ရှစ်ရာ ကျပ်မှ လုပ်ငန်းကျွမ်းကျင်မှုနယ် ပယ်အလိုက် တစ်နာရီကျပ်နှစ် သောင်းခွဲအထိ လုပ်အားခ ရရှိကြ သူများရှိကြောင်း ၎င်းကရှင်းပြသည်။ နိုင်ငံရပ်ခြားတွင် အချိန်ပိုင်းအလုပ်များစွာရှိပြီး ကျောင်းသား များမှာ ကျောင်းချိန်ပြီးသည်နှင့် လုပ်ငန်းခွင်သို့ ၀င်ကြသည်။ ငွေကြေးတတ်နိုင်သူများရှိသော်လည်း အလုပ်၏ တန်ဖိုးသိစေရန်မှာအချိန်ပိုင်းအလုပ်က များစွာအ ထောက်အကူပြုသည်။ 


7 Day Daily
No.519 Thursday, October 2, 2014
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...