အဆီ နည်းသောနို့က သွေးတိုးနှင့် နှလုံးသွေးကြော ရောဂါတွေကို သက်သာစေနိုင်
နို့မှာ ကောင်းကျိုးတွေ အများကြီးရှိ တယ်ဆိုတာ လူတိုင်း သိပြီးဖြစ် ပါတယ်။ ဒါပေမယ့် နို့က သွေးတိုးနှင့် နှလုံး သွေးကြော ရောဂါတွေကို ကာ ကွယ်ပေးနိုင်တယ် ဆိုတာ သင်သိပါသလား။ ပြင်သစ်နိုင်ငံ မောင့်ပယ်လီယာမှာ ကျင်းပ ခဲ့တဲ့ Euro Fed Lipid Congress တွင် လူပေါင်း ၅၇, ၂၅၆ ဦး၊ သွေးတိုး ဝေဒနာရှင် ၁၅၃၆၇ ဦးအား လေ့လာခဲ့သည်။
နို့တွင် ပရိုတင်းဓာတ် များစွာ ပါဝင်ပြီး ၎င်းက ကြွက်သားနှင့် အရိုး များဖွံ့ဖြိုးရန် အားပေးလေသည်။
နို့က ကယ်ဆီယမ်၊ ဖော့စဖရပ် နှင့် ပိုတက်ဆီယမ်၊ ဗီတာမင်ဒီတို့ ပို မိုပါဝင်သည့်အတွက် အရိုးများကို သန်မာ စေပြီး ကယ်ဆီယမ်နှင့် ပိုတက် ဆီယမ်က သွေးတိုးကို ကျစေပြီး၊ နှလုံးရောဂါကို ကာကွယ် ပေးစေနိုင်ပါတယ်။
နို့တွင် အဆီ အမျိုးမျိုးပါဝင်ပြီး၊ အဆီပမာဏ များသော နို့များကိုမူ လူများသောက်သုံးရန် အတွက် ညွန်း လေ့မရှိ သော်လည်း၊ အဆီပမာဏ နည်းရန် ပြုပြင်ထားသော နို့များကိုမှု သောက်သုံးရန် သင့်တော်ပေသည်။
နို့က ခန္ဓာကိုယ်အတွက် လိုအပ်သော အရည်ဓာတ်ကို ဖြည့် ဆည်းပေးနိုင်သည်။
အခြားသော နို့ထွက်ပစ္စည်း အမျိုးမျိုးဖြစ်သည့် ထောပတ်နှင့် ဒိန် ချဉ်တို့က အစာကြေလွယ်ပြီး အူအတွင်းရှိ ပိုမွှား များကို ချိန်ညှိပေးလေသည်။
အချို့သောသူများ ဥပမာ Lactose into Lerant (နို့တွင်ပါသည့် Lactose ကို မခံနိုင်သည့်သူ) ရှိသူ များတွင် နို့ကို သောက်သုံးရန် မသင့် တော်ပေ။
အ၀င်း
Ref;Medindia
ရလဒ်များအရ အဆီနည်းသည့် နို့ နှင့် နို့ထွက် ပစ္စည်းများ နေ့စဉ်စားခြင်းက သွေးတိုးနှင့် နှလုံးသွေးကြော ရောဂါတွေ ကို သက်သာစေ တယ်ဆိုတာ တွေ့ခဲ့ရတဲ့ အကြောင်း ဖော်ပြခဲ့ပါတယ်။
နို့တွင် ပရိုတင်းဓာတ် များစွာ ပါဝင်ပြီး ၎င်းက ကြွက်သားနှင့် အရိုး များဖွံ့ဖြိုးရန် အားပေးလေသည်။
နို့က ကယ်ဆီယမ်၊ ဖော့စဖရပ် နှင့် ပိုတက်ဆီယမ်၊ ဗီတာမင်ဒီတို့ ပို မိုပါဝင်သည့်အတွက် အရိုးများကို သန်မာ စေပြီး ကယ်ဆီယမ်နှင့် ပိုတက် ဆီယမ်က သွေးတိုးကို ကျစေပြီး၊ နှလုံးရောဂါကို ကာကွယ် ပေးစေနိုင်ပါတယ်။
နို့တွင် အဆီ အမျိုးမျိုးပါဝင်ပြီး၊ အဆီပမာဏ များသော နို့များကိုမူ လူများသောက်သုံးရန် အတွက် ညွန်း လေ့မရှိ သော်လည်း၊ အဆီပမာဏ နည်းရန် ပြုပြင်ထားသော နို့များကိုမှု သောက်သုံးရန် သင့်တော်ပေသည်။
နို့က ခန္ဓာကိုယ်အတွက် လိုအပ်သော အရည်ဓာတ်ကို ဖြည့် ဆည်းပေးနိုင်သည်။
အခြားသော နို့ထွက်ပစ္စည်း အမျိုးမျိုးဖြစ်သည့် ထောပတ်နှင့် ဒိန် ချဉ်တို့က အစာကြေလွယ်ပြီး အူအတွင်းရှိ ပိုမွှား များကို ချိန်ညှိပေးလေသည်။
အချို့သောသူများ ဥပမာ Lactose into Lerant (နို့တွင်ပါသည့် Lactose ကို မခံနိုင်သည့်သူ) ရှိသူ များတွင် နို့ကို သောက်သုံးရန် မသင့် တော်ပေ။
အ၀င်း
Ref;Medindia
Health Updates Journal No,(137)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+