Nasa က အာကာသ ယာဉ်မှူးများကို Mars ဂြိုလ်သို့ အိပ်ငွေ့ချ၍ ပို့ဆောင်ရန် စီစဉ်နေ
Nasa က အာကာသ ယာဉ်မှူးများကို Mars ဂြိုလ်သို့ အိပ်ငွေ့ချ၍ ပို့ဆောင်ပေးနိုင်မည့် နည်းလမ်းကို သုတေသန ပြုလုပ်ရန် ကုမ္ပဏီတစ်ခုကို ရန်ပုံငွေ ထောက်ပံ့နေ ပါသည်။
လက်ရှိ နည်းပညာအရ Mars ဂြိုလ်သို့ လူသားများကို ပို့ဆောင်ရန် ရက်ပေါင်း ၁၈၀ ကြာမြင့်ပါသည်။ ခရီးစဉ် အတွင်း လူသားများ အသက်ရှင်ရန်မှာ မခက်ခဲသော် လည်း အစားအစာ၊ ရေ ၊ စွမ်းအင် နှင့် အခြား ရိက္ခာ များစွာ လိုအပ်မည် ဖြစ်သည်။ ရိက္ခာများ သယ်ဆောင်ရန်လည်း နေရာများစွာ လိုအပ်ပါသည်။ ထို့အတွက် သမားရိုးကျ နည်းလမ်းသည် ကုန်ကျစရိတ်များပြားပါသည်။
အိပ်ငွေ့ချ၍ ပို့ဆောင်ခြင်းဖြင့် လူသားများအတွက် လိုအပ်သော စွမ်းအင် အရင်းအမြစ်များကို လျှော့ချနိုင်ပါသည်။ ကမ္ဘာမြေမှ အိပ်ငွေ့ချ၍ စေလွှတ်လိုက်ပြီး Mars သို့ ရောက်ရှိမှ ပြန်လည် နိုးထစေမည် ဖြစ်သည်။
Nasa က အဆိုပါ အိပ်ငွေ့ချ၍ ခရီးသွားစေသည့် နည်းပညာကို သုတေသန ပြုလုပ်နေသော အတ္တလန်တာ အခြေစိုက် အာကာသ အင်ဂျင်နီယာ ကုမ္ပဏီ ဖြစ်သော SpaceWorks ၏ သုတေသန စီမံကိန်းကို မကြာမီက စတင်၍ ရန်ပုံငွေ ထောက်ပံ့ခဲ့ပါသည်။
သုတေသနတွင် လူများ အတွက် အစားအစာ ဖြည့်ဆည်းပေးရမှုနှင့် လှုပ်ရှားမှုများကို လျှော့ချမှု စသည့် အဆင့်များ ပါရှိပါသည်။ ထိုသို့ ပြုလုပ်ရန် SpaceWorks က အဆင့်သုံးဆင့် စနစ်ကို တီထွင်ထားပါသည်။ ပထမအဆင့်တွင် လှုပ်ရှားမှုများကို လျှော့ချရန် အာရုံကြောနှင့် ကြွက်သားများကို အနားပေးမည် ဖြစ်သည်။ ဒုတိယအဆင့်တွင် လူ၏ ကိုယ်အပူချိန်ကို ၁၀ ဒီဂရီ ဖာရင်ဟိုက် ၀န်းကျင်တွင် ထားရှိမည် ဖြစ်သည်။ ထိုမှသာ လူ၏ စွမ်းအင် လိုအပ်မှုကို ၅၀ မှ ၇၀ ရာခိုင်နှုန်း အထိလျှော့ချနိုင်မည် ဖြစ်သည်။ တတိယ အဆင့်အနေဖြင့် လူအတွက် အစာအာဟာရများကို Drip ချိတ်၍ သွေးကြောအတွင်းသို့ ပေးပို့မည် ဖြစ်သည်။
လက်ရှိအချိန်တွင် SpaceWorks သည် ထိုနည်းလမ်းကို အသုံးပြု၍ လူတစ်ယောက်ကို တစ်ပတ်ကြာ အိပ်ငွေ့ချ ထားနိုင်ပြီဖြစ်သည်။ သို့သော် ရက်ပေါင်းများစွာ အိပ်ငွေ့ချရန်မှာ စိန်ခေါ်မှုများ ရှိနေပါသည်။ ကာလရှည်ကြာ လူ၏ ကိုယ်တွင်း အစိတ်အပိုင်းများကို အနားပေးခြင်းဖြင့် အဆုတ်ကျုံ့ဝင်ခြင်း၊ ကြွက်သားများ အလုပ်မလုပ်တော့ခြင်းနှင့် အရိုးများ အားနည်းခြင်းစသည့် ပြဿနာများစွာ ရှိနေပါသည်။ အခြား ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများကို အကျိုးသက် ရောက်မှုများလည်း ရှိလာနိုင်ပေသည်။ SpaceWork ၏ သူ၏ နည်းပညာကို နှစ်အနည်းငယ် ထပ်မံ၍ သုတေသန ပြုလုပ်ရမည် ဖြစ်သည်။ အနာဂတ်တွင်မူ လူသားများကို အာကာသသို့ ကုန်ကျစရိတ် သက်သာစွာ ပို့ဆောင်နိုင် တော့မည် ဖြစ်သည်။

Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အဆီ နည်းသောနို့က သွေးတိုးနှင့် နှလုံးသွေးကြော ရောဂါတွေကို သက်သာစေနိုင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) သင်၏ လည်ပင်းကို အစဉ်ထာဝရ ဂရုစိုက်ပါ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို