ရှလကာရည်ရဲ့ အသုံးဝင်ပုံ

မီးဖိုချောင်မှာ မရှိမဖြစ် ထားလေ့ရှိကြတဲ့ ရှလကာရည်က ဟင်းချက် ဖို့အပြင် ဘယ်နေရာတွေမှာ အသုံးတည့် သလဲဆို တာ သိထားနိုင်ဖို့ ပြောပြပေး ချင်ပါတယ်။ ကျောနာ ကျောအောင့်ဖြစ် ပြီဆိုရင် ရေချိုးဇလုံထဲမှာ ရေနွေးနဲ့ ရှလကာရည် လက်ဖက်ရည် ပန်းကန်လုံးနှစ် လုံးစာကို ရောစပ်ပြီး နာရီဝက်လောက် စိမ်ပေးရင် သက်သာနိုင်သလို ကြွက်သားတွေ တောင့်တင်း နာကျင်တာကိုလည်း သက်သာစေနိုင် ပါတယ်။

ခေါင်းကိုက်တာ သက်သာဖို့ဆိုရင်လည်း ရေနွေးနွေနဲ့ ရှလကာရည်ကို လက်ဖက်ရည် ပန်းကန်လုံးထဲမှာ တစ်ဝက်စီ အချိုးကျ ရောစပ်ပြီး နားထင်ကို ဖိကပ်သုတ်လိမ်း ပေးနိုင်သလို လာဗင်ဒါရနံ့ ရှလကာရည် သုံးပြီးတော့လည်း ရနံ့ကုထုံးအနေနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ခြေထောက် ကြွက်တက်တာ၊ အဆစ်လွဲတာတွေဖြစ်ရင်လည်း အ၀တ်စနုနုတစ်ခုကို ရှလကာရည် ဒါမှမဟုတ် အပူပေးထားတဲ့ ရှလကာရည်စိမ်ပြီး မိနစ် ၂၀ လောက် ညင်သာစွာ ဖိကပ်ပေးနိုင်ပါတယ်။

ချောင်းဆိုးရင်လည်း ခေါင်းအုံးမှာ ပန်းသီးရှာလကာရည်ဖျန်းပြီးအိပ်ရင် ညဘက်ချောင်းဆိုးတာကို သက်သာစေ ပါတယ်။ နောက်ပြီး အသက်ရှူကျပ်တာ၊ နှာပိတ်တာတွေဖြစ်ရင်လည်း ရှလကာရည်ကို ပန်းကန်ထဲထံထည့်ပြီး ခပ်ပြင်းပြင်းရှူပေးရင် သက်သာပျောက်ကင်းစေပါတယ်။ လည်ချောင်းနာပြီဆိုရင်လည်း ရေနဲ့ ရှလကာရည် အနည်းငယ်ရော စပ်ပြီး ပလုတ်ကျင်းပေးနိုင်ပါသေးတယ်။

ပျားတုပ်တာ၊ ပိုးကောင်ကိုက်တာခံရပြီဆိုရင် ပြောင်းဖူးမှုန့်နဲ့ ရှလကာရည်ကို ခပ်ပျစ်ပျစ်ဖျော်ပြီး အကောင်ကိုက် ခံရတဲ့ နေရာကို သုတ်လိမ်းပေးနိုင်ပါတယ်။ အသားအရေနေလောင်ဒဏ်ခံရရင်လည်း အရေပြားပေါ်ကို ရှလကာရည် ပက်ဖျန်းပြီး အသာပွတ်ပေးရင် သက်သာပျောက်ကင်းနိုင်ပါတယ်။

ဒီတော့ ရှလကာရည်ရဲ့ ဘက်စုံအသုံးတည့်ပုံကို အိမ်ရှင်မတွေသိထားပြီဖြစ်တဲ့အတွက် အိမ်တွင်းဆေးဝါးအဖြစ် သုံးနိုင်ဖို့ ဆောင်ထားလိုက်ကြရအောင်ပါ။ 


Ref: healthdigezt.com
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...