ကိုယ်တိုင် ဆံပင်ပေါင်းဆေး ဖန်တီးနိုင်ဖို့
အသင့် ၀ယ်လို့ရနေတဲ့ ဆံပင် ပေါင်းဆေးတွေ မှာ ဓာတုဆေးတွေ ပါမှာ စိုးရိမ်စရာ မလိုအောင် အိမ်မှာပဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပေါင်းဆေးတွေ ကိုယ်တိုင် ဖန်တီး သုံးစွဲနိုင်ဖို့ နည်းလမ်းအချို့ကို မျှဝေပေး လိုက်ပါတယ်။ နွားနို့ ပျားရည်ပေါင်းဆေး
ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ နွားနို့ တစ်ဖန်ခွက် ကို ရောစပ်ပြီးရင် ဦးရေပြားအနှံ့ ညင်သာစွာ နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက် ထားပြီး ရင်တော့ ရေ ခပ်နွေးနွေး လေး နဲ့ ခေါင်းလျှော် ရည်တစ်ခုခု သုံးပြီး လျှော်ပေး ရပါမယ်။
အုန်းနို့ပေါင်းဆေး
အုန်းနို့ ခပ်ပျစ်ပျစ်ကို ဆံပင် အရင်းကနေ အဖျားအထိ သုတ်လိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးရင် အပူပေးထားတဲ့ တဘက်နဲ့ ဖုံးအုပ်ပြီး တစ်နာရီလောက် ထားပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည် နဲ့ လျှော်ချ ပစ်ပါ။
ငှက်ပျောသီး အယ်လ်မွန်ပေါင်းဆေး
ငှက်ပျောသီး တစ်လုံးကို အယ်လ်မွန်ဆီ သုံးစက်နဲ့ ရောပြီး ချွဲပျစ်ပျစ် အနေအထားရရင် ဆံသားတွေကို သုတ်လိမ်းပေးပါ။ ၂၅ မိနစ်လောက် ထားပြီးရင်တော့ ခေါင်းလျှော်ပေးနိုင်ပါပြီ။
စတော်ဘယ်ရီပေါင်းဆေး
စတော်ဘယ်ရီ လက်ဖက်ရည် တစ်ပန်းကန်စာကို ကြက်ဥ အနှစ်၊ သံလွင်ဆီတို့နဲ့ ရောစပ်ထားတဲ့ အနှစ်နဲ့ မိနစ် ၂၀ လောက်ထားပြီး ဆံပင်ပေါင်းနိုင် ပါတယ်။
ရမ်နှင့် လက်ဖက်ရည်ကြမ်း ပေါင်းဆေး
ရမ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ကို လက်ဖက်ရည်ကြမ်း လက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ရောပြီး ဆံပင်အရင်းပိုင်းကို သုတ်လိမ်းပေးပါ။ မိနစ် ၅၀လောက် ကြာရင်တော့ ခေါင်းလျှော် လို့ရပါပြီ။
ကော့ညက်ကြက်ဥပေါင်းဆေး
ကြက်ဥအနှစ်နဲ့ ဆံပင် အနည်းအများအလိုက် ကော့ညက် လက်ဖက်ရည်ဇွန်း ၃ ဇွန်းကနေ ၅ ဇွန်းရောပြီး ဆံသားတွေကို သုတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ရေခပ်နွေးနွေး နဲ့ ဆေးချပြီး ခေါင်းလျှော် ရမှာပါ။
ထောပတ်သီး မရိုးနိစ်ပေါင်းဆေး
အဆီ အနှစ်အပြည့်ပါတဲ့ မရိုးနိစ် တစ်ပုလင်းနဲ့ ထောပတ်သီး တစ်ဝက်ကို သေချာစွာရောစပ်ပြီး ဆံပင် အရင်းကနေ အဖျားအထိ သုတ်လိမ်းပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ရေအေးအေး နဲ့ ဆေးချနိုင်ပါတယ်။
Ref: healthdigezt.com
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+