ဗိုက်လှုပ်အကနှင့် ကျန်းမာရေး

ဗိုက်လှုပ် ကခြင်းသည် စီးချက် ကျကျ ၀မ်းဗိုက်နှင့် တင်ပါးကို လှုပ်ရှား ကပြခြင်း ဖြစ်သည်။ ဗိုက်လှုပ်ရှား ကခြင်းသည် လိင်ဆွဲဆောင်မှု ရှိသည်ဟု သိကြသည်။ ထိုအက ဘယ်ကစ တင်သလဲ ဆိုတာတော့ မသိရှိပေ။ အရှေ့အလယ်ပိုင်း ဒေသတစ်ခုမှလို့ ယူဆကြသည်။ ယခုလေ့လာမှုအရ ၎င်းအကသည် အမျိုးသမီးများတွင် ကိုယ်ခန္ဓာ လှပစေကြောင်း တွေ့ရ သည်။

၎င်းလေ့လာမှုအတွက် သြစတြေးလျမှ ဗိုက်လှုပ်ကသူ ၁၁၂ဦးကို လေ့လာခဲ့ကြသည်။ ခန္ဓာကိုယ်ပေါ် စိတ်ခံစားမှုနှင့် အတွေးအမြင်များကို မေးခွန်းများပေးပြီး စစ်တမ်းများ ကောက်ယူ ခဲ့ကြသည်။ လေ့လာ မှု ခေါင်းဆောင် Marika Tiggemann က ““ဗိုက်လှုပ် အကဟာ ခန္ဓာကိုယ်ကို လှပစေရုံသာမက မိမိ ကိုယ်ကို ဆွဲဆောင်မှုရှိခြင်း၊ စိတ် ကျန်းမာရေးအတွက် အားအင်တွေကို ဖြစ်စေပါ သေးတယ်””ဟု ပြော ပါတယ်။


မာဃ
Ref;MNT
Health Updates Journal Vol(138)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...