ဟင်းခတ် အမွှေးအကြိုင်တစ်မျိုး ဦးနှောက်ဆဲလ်များ ပျက်စီးမှုကို လျင်မြန်စွာ ပြန်ကောင်းစေနိုင်

ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးဖြစ်သော နနွင်းတက် သည် အာရုံကြော ဆဲလ်များ ကြီးထွားရန် အားပေးပြီး ဦးနှောက် ဆဲလ်များ ပျက်စီးခြင်းကို သဘာဝ အလျောက် ပြန်လည် ကုသရာတွင် အရေးပါကြောင်း ဂျာမနီနိုင်ငံ၊ ဂျူးလစ်ခ်မြို့ ၊ အာရုံကြော သိပ္ပံနှင့် ဆေးဝါး တက္ကသိုလ်မှ ဂျာမန်သုတေသီများက တွေ့ ရှိခဲ့သည်။

ထို့ ကြောင်း နနွင်းကို အခြေခံသော ဆေးဝါးတစ်မျိုး ဖော်စပ်ထုတ်လုပ်ရန် ကြိုးပမ်းနေကြပြီး နောင်တွင် လေဖြတ်ခြင်း နှင့် အယ်လဇိုင်းမားကဲ့သို့  ဦးနှောက် အာရုံကြော ဆဲလ်များ သေဆုံးခြင်းကြောင့် ဖြစ်ပွားနိုင်သော ရောဂါဝေဒနာများ ကို ကုသသွားနိုင်ရန် ဆက်လက် စမ်းသပ်နေကြကြောင်း သိရသည်။

နနွင်းတက်တွင်သဘာဝအတိုင်းတွေ့ ရလေ့ရှိသာ aromatic turmerone ဓါတ်ကိုကြွက်များအား ထိုးသွင်းပေးပြီး ဦး နှောက်ကိုစကင်ဖတ်ကြည့်ရာ အာရုံကြောဖွံ့ ဖြိုးမှုတွင် အရေးပါသော ဦးနှောက်အစိတ်အပိုင်းများသည် ပိုမို လှုပ်ရှား အားကောင်းလာသည်ကို တွေ့ ခဲ့ရပြီးနောင် နနွင်းတက်တွင်ပါရှိသောဓါတ်သည် ဦးနှောက်ဆဲလ်များ အားကောင်း ပြန့် ပွားစေသည်ကို သိရှိလာရခြင်းဖြစ်သည်။

ထို့ နောက် သုတေသီများက ကြွက်များ၏ အာရုံကြောပင်စည်ဆဲလ်များကို aromatic tumerone စစ်ထုတ်ရည် ပြင်း အားအမျိုးမျိုးဖြင့် စိမ်ပေးစမ်းသပ်ခဲ့သည်။ အာရုံကြောပင်စည်ဆဲလ်များသည် ဦးနှောက်အတွက်လိုအပ်သော ဆဲလ် အမျိုးအစားတိုင်းအတွက် အသွင်ပြောင်းပေးနိုင်ပြီး တစ်စုံတစ်ခုသော ရောဂါကြောင့် ဦးနှောက်နှင့် အာရုံကြောဆဲလ် များပျက်စီးသွားလျင် ဆဲလ်အသစ်ပြန်ထုတ်လုပ်ရန် အလွန်ရေးပါကြောင်း သိရသည်။

နနွင်းတက်မှာပါတဲ့အဲဒီဓါတ်နဲ့  စမ်းသပ်ကြည့်တဲ့အခါ ကြွက်နဲ့ ငါးတွေမှာတော့ သိသာတဲ့ရလာဒ်တွေကို တွေ့ ရပါ တယ်။ လူတွေမှာသုံးကြည့်ဖို့ ကတော့ ဆက်လက်စမ်းသပ်ရဦးမှာပါ။ ကြွက်တစ်ကောင်ရဲ့  ခန္ဓာကိုယ်အရွယ်အစား နဲ့  လူတစ်ယောက်ရဲ့  ခန္ဓာကိုယ်အရွယ်အစားက အပုံကြီးကွာခြားပါတယ်။ လူ့ ဦးနှောက်ကိုကော ဒီနနွင်းတက်မှာ ပါတဲ့ဓါတ်က ဘယ်လောက်ထိ အကျိုးပြုနိုင်မလဲ၊ ဘယ်လောက်အချိုးအစားအထိ အသုံးပြုရမလဲ၊ ဦးနှောက်ဆဲလ် တွေထဲကိုရောက်အောင် ဘယ်လိုပို့ ရမလဲဆိုတာ ကျွန်မတို့  ဆက်လက်လေ့လာနေပါတယ်ဟု ဦးဆောင် သုတေသီ ဒေါက်တာမာရီယာ က ပြောပြသည်။

သို့ သော် နနွင်းတက်ပါ aromatic tumerone ကို လူသားအကျိုးအတွက်လည်း အသုံးပြုသွားနိုင်ရန် ရာခိုင်နှူန်း များနေသည်။ ယင်းဓါတ်ပိုပေးလေ အာရုံကြောပင်စည်ဆဲလ်များ ပိုမိုအားကောင်းကြီးထွားလာလေဖြစ်သည်ကို တွေ့  ရပြီး ယင်းဆဲလ်များက ဦးနှောက်ဆဲလ်အချို့ ကို မြန်ဆန်စွာပင် ပြန်လည် လန်းဆန်း အားကောင်းလာစေ သည်ကို တွေ့  ရသည်။

မည်သို့ ပင်ဆိုစေ နနွင်းတက်ကဲ့သို့  သာမန်ဟင်းခတ်အမွှေးအကြိုင်တွင်တွေ့ ရသော ဓါတ်တစ်မျိုးက ဦးနှောက် ပင်စည်ဆဲလ်များကို အားကောင်းစေပြီး ဦးနှောက်တွင်းပျက်စီးသွားသောဆဲလ်များကို အသစ်ပြန်ဖြစ်စေရာ အား ပေးသည်ကို တွေ့ ရှိခဲ့ရသည့်သုတေသီများအား ဆေးသုတေသနလောကက အသိအမှတ်ပြု ချီးမွမ်းလျက်ရှိ ကြောင်း သိရသည်။


သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...