အဖြေလွှာ ပျောက်ဆုံးခဲ့သည့် ကလေးနည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး ရာထူးမှ လျှော့ချခံရ
စာမေးပွဲ အဖြေလွှာများ ပျောက်ဆုံး ခဲ့သည့် စစ်ကိုင်း တိုင်း ဒေသကြီး၊ ကလေးမြို့နည်း ပညာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာ အောင်ဇော်လင်း အား ကျောင်းအုပ်ကြီး ရာထူးမှ လျှော့ချ လိုက်ကြောင်း သတင်း ရရှိသည်။
ကလေးမြို့ နည်းပညာ တက္ကသိုလ်တွင် စာမေးပွဲဖြေ ဆိုနေသော ကျောင်းသူ၊ ကျောင်းသားများ၏ အဖြေလွှာ များမှာ စက်တင်ဘာ ၁၈ ရက်က ပျောက်ဆုံး ပျက်စီးမှု များ ဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့ဖြစ် ပွားပြီးနောက် နှစ် ရက်အကြာတွင် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နည်း ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီးအား စတင်စစ်ဆေး ခဲ့ပြီးနောက် ကျောင်းအုပ် ကြီး ရာထူးမှ လျှော့ချခဲ့ ကြောင်း ကလေးခရိုင် အထွေထွေအုပ် ချုပ်ရေးမှူး ဦးမောင်တူးက အောက်တိုဘာ ၇ ရက်တွင်ပြော သည်။
‘‘ကျောင်းအုပ်ကြီးကို ရာထူး က လျှော့ချပြီး အဲဒီကျောင်းက နေပြီး အရည်အချင်းပြည့်မီတဲ့ အခြားဆရာတစ်ဦးကို ကျောင်း အုပ်ကြီးအဖြစ် လောလောဆယ် တာဝန်ခန့်အပ်ထားပါတယ်’’ဟု ကလေးခရိုင်အထွေထွေအုပ်ချုပ် ရေးမှူး ဦးမောင်တူးကပြောသည်။
စက်တင်ဘာ ၈ ရက်က ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီးက ကျောင်းသူ၊ ကျောင်းသားများအား ပျောက်ဆုံး ခဲ့သည့် အဖြေလွှာများအတွက်ပြန်လည်ဖြေဆိုရမည်ဟု ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသူ၊ ကျောင်း သားများက ကန့်ကွက်ခဲ့ ပြီးနောက် စက်မှုသက်မွေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းကိုယ်တိုင်လာရောက် စစ်ဆေးခဲ့သည်။
ထို့နောက် ကျောင်းသူ၊ ကျောင်းသားများအား ပျောက်ဆုံး ခဲ့သည့် အဖြေလွှာများအတွက် ဂုဏ်ထူးမှတ်များ ပေးမည်ဟူ သော ကတိဖြင့် ကျောင်းသူ၊ ကျောင်းသားများနှင့် ပညာရေး ၀န်ထမ်းများအကြား ညှိနှိုင်းမှုမှာ ပြေလည် ခဲ့ သည်။ ထိုကဲ့သို့ဖြစ်စဉ် များဖြစ်ပွားပြီး ရက်ပေါင်း ၂၀ ကျော်တွင် ကလေးမြို့နည်းပညာ တက္ကသိုလ် ကျောင်း အုပ်ကြီးအား ရာထူးမှလျှော့ချ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
7 Day Daily,
No.526 Thursday, October 9, 2014

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+