အင်တာနက် အစွဲလွန်သူ ဦးရေ များသထက် များလာ

By မြတ်ဆုကို

လန်ဒန် ၊ အောက်တိုဘာ ၁၇

လူငယ် လူရွယ်များ ထဲတွင် အင်တာနက် အစွဲလွန်သူ များသထက် များလာကြောင်း လေ့ လာမှု စစ်တမ်း တစ်ရပ်အရ သိရသည်။

စစ်တမ်းကို ဈေးကွက် သုတေသန လုပ်ငန်း Digital Clarity က ပြုလုပ်ခြင်း ဖြစ်သည်။ စစ်တမ်းတွင် အသက် (၁၈) မှ (၂၅) နှစ်ကြား လူငယ် (၁၃၀၀) ပါဝင် သည်။ စစ်တမ်း ပါဝင်သူ (၁၆) ရာခိုင်နှုန်းတွင် အင်တာနက် အစွဲလွန် ရောဂါ ဖြစ်ပွားနေကြောင်း ရလဒ်များ အရ သိရသည်။

(၁၆) ရာခိုင်နှုန်းတွင် ပါဝင်သူများသည် တစ်နေ့ကို အင်တာနက် (၁၅) နာရီနှင့် အထက် အသုံးပြုလျက် ရှိကြောင်း သိရသည်။ အင်တာနက် အစွဲလွန်သူ ဟူ၍ သတ်မှတ်ရာတွင် ကွဲပြားချက်များ ရှိနေသည်။ ယခု စစ်တမ်းက အခြေခံအချက် ငါးချက်ဖြင့် အကဲဖြတ်သည်။

- နာရီပေါင်းများစွာ အွန်လိုင်း သုံးနေခြင်း

- အင်တာနက် သုံးနေစဉ် နှောင့် ယှက် ခံရလျှင်များစွာ စိတ်ထိခိုက် တတ်ခြင်း

- အင်တာနက် သုံးရင်း ကုန်သွား သည့် အချိန်များ အတွက်လည်း နောင်တရ နေတတ်ခြင်း

- အင်တာနက်ချည်း သုံးနေသဖြင့် မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများနှင့်ပါ အဆက်ပြတ် နေတတ်ခြင်း

- အွန်လိုင်း တက်နေရရင် အူမြူး နေတတ်ပြီး အွန်လိုင်းမှ ထွက်လိုက် ရသည်နှင့် လူက ဂဏာမငြိမ် စိတ်မသက်မသာ ဖြစ်လာခြင်း


အင်တာနက် အစွဲလွန်ခြင်း ဟူသည် အွန်လိုင်းဂိမ်းများ အလွန်အမင်း ဆော့ခြင်း၊ အွန်လိုင်းမှ တစ်ဆင့် ညစ်ညမ်းပုံများ ကြည့်ခြင်း စသည့် အကြောင်းအရာ များလည်း ပါဝင်သည်။ လေ့လာမှု စစ်တမ်းကို ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာ အန်ဒရူးဒိုရန် နှင့်အဖွဲ့က ပြုလုပ်ခဲ့ကာ Addictive Behaviours ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။


Source: BBC
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...