ကမ္ဘာပေါ်မှာ အန္တရာယ် အများဆုံး ပုရွတ်ဆိတ် (၃) မျိုး
Victor.PaaTung on 2014-10-15 13:08
ပုရွတ်ဆိတ် ဆိုတာ အလွန် သေးငယ်တဲ့ သတ္တဝါ လေးတွေပါ။ သို့ပေမဲ့ သူ့ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ် အတွင်း တချို့သော ပုရွတ်ဆိတ်တွေမှာ အသက် သေစေနိုင်တဲ့ အဆိပ် အတောက်တွေ ပါဝင်တယ်။ ဒါ့ကြောင့်မို့ အဲဒီပုရွတ်ဆိတ် အကြောင်း တွေကို သင့်ရဲ့အချိန်တွေထဲက ခဏလောက် ဖဲ့ပြီးတော့ဖြစ်ဖြစ် ဖတ်ရှု ထားသင့်ပါတယ်။
(၃) အဝါရောင်သီးနှံစားပုရွက်ဆိတ် (Yellow Harvester Ant)
ပုရွတ်ဆိတ် ဆိုတာ အလွန် သေးငယ်တဲ့ သတ္တဝါ လေးတွေပါ။ သို့ပေမဲ့ သူ့ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ် အတွင်း တချို့သော ပုရွတ်ဆိတ်တွေမှာ အသက် သေစေနိုင်တဲ့ အဆိပ် အတောက်တွေ ပါဝင်တယ်။ ဒါ့ကြောင့်မို့ အဲဒီပုရွတ်ဆိတ် အကြောင်း တွေကို သင့်ရဲ့အချိန်တွေထဲက ခဏလောက် ဖဲ့ပြီးတော့ဖြစ်ဖြစ် ဖတ်ရှု ထားသင့်ပါတယ်။
(၃) အဝါရောင်သီးနှံစားပုရွက်ဆိတ် (Yellow Harvester Ant)
နောက်အမည်တမျိုးက Marcopa Harvester Ant ပါ။ ကြည့်လိုက် ရင်တော့ သေးငယ်ပြီး ဘာအန္တရာယ်မှ ပေးနိုင်မယ့် ပုံမရှိပါ။ ဒါပေမဲ့ အဆိပ်အသက် အပြင်းဆုံး ပိုးကောင်ထဲက တမျိုးပါ။ အမေရိကနိုင်ငံ အာရီဇူးနားမှာသာ တွေ့ရတယ်။ ဒီအကောင်ရဲ့ အကိုက်ခံ လိုက်ရပြီးဆိုရင် ခန္ဓာကိုယ် ယောင်ယမ်း လာမှုတွေဖြစ်လာတယ်။ ဓာတ်မတည့်မှု တစ်ခုခုဖြစ်ရင် အသက်ပါ ဆုံးရှုံးနိုင်တယ်။ တစ်ချက်အကိုက် ခံရပြီးဆိုရင် အလေးချိန် ၂ ကီလိုဂရမ်ရှိ ကြွက်တစ်ကောင်တောင် အသက်သေနိုင် ပါတယ်။
(၂) Red Harvester ပုရွတ်ဆိတ်
အဆိပ်အတောက် အပြင်းဆုံး ပုရွတ်ဆိတ်ထဲ တစ်ခုဖြစ်တယ် ဆိုပေမဲ့ Fire Ants ပုရွတ်ဆိတ် တွေလောက်တော့ ရန်လိုမှု သိပ်မရှိပါဘူး။ နောက်ပြီး ဒီပုရွတ်ဆိတ် အမျိုးအစားများကို အမေရိကမှာသာ တွေ့ရပါတယ်။ အကိုက်ခံရရင် အရေပြားယောင်မှု ဖြစ်လာပြီး နာကျင်မှု ခံစား လာမှာဖြစ်တယ်။ ခန္ဓာကိုယ် ဓာတ်မတည့်မှုတွေကြောင့် အသက်ဆုံးမှုဖြစ်ပွားနိုင်တယ်။
(၁) Fire Ants ပုရွတ်ဆိတ်
အခြားအခြားသော ပုရွတ်ဆိတ် အမျိုးအစားထဲမှာ Fire Ants ပုရွတ်ဆိတ်တွေ ကိုက်ခံရမှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တာပါ။ (၁) နှစ် ကမ္ဘာပေါ်မှာ လူအယောက် ၂၀ ဝန်းကျင်လောက် သေဆုံးကြတယ်။ ဒီပုရွတ်ဆိတ် အမျိုးအစားတွေရဲ့ အကိုက်ခံရမှုကြောင့် အသားကျွမ်းခြင်း၊ ယောင်ယမ်း နာကျင်ကိုက်ခဲ လာမှုတွေဖြစ်လာပြီး ဓာတ်မတည့်မှုရှိပါက အသက်သေဆုံးနိုင်ပါတယ်။ အာရှတိုက်၊ အမေရိကတိုက်နဲ့ ဥရောပနိုင်ငံတွေမှာ တွေ့ရပါတယ်။
Source: MIF
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) Panning ဘယ္လို ရိုက္မလဲ...? Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) အချိုရည်အန္တရာယ် အသိပညာပေး ဆိုင်းဘုတ်များက ဆယ်ကျော်သက် များအပေါ် အကျိုးသက်ရောက်မှုရှိ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း