Panning ဘယ်လို ရိုက်မလဲ...?

တော်တော်များများ ကြားဖူး မြင်ဖူးကြမယ်ထင်ပါတယ်...။ Panning ဆိုတာ သွားနေတဲ့ Subject ကို Focus ရအောင်ယူပြီးတော့ နောက်ခံ Background ကိုတော့ Motion ပုံဖြစ်သွားအောင်...။ အမှတ်တမဲ့ ကြည့်ရင် အရှိန် ပြင်းပြင်းနဲ့ သွားနေတယ်လို့ ထင်ရအောင် ရိုက်တဲ့ နည်းပါ...။ ဒီ Panning ရိုက်နည်းဟာ အခက်ကြီးတော့မဟုတ်ပါဘူး..။ ဒါပေမယ့် စရိုက်မယ် ဆိုရင်တော့ လက်စ လက်န အကျင့်လေး ရဖို့ နည်းနည်းတော့ လိုအပ်ပါတယ်..။ ဒါကလည်း ၃ .. ၄ .. ခါလောက် သေသေချာချာ ရိုက်ကြည့်လိုက်ရင် အကျင့်ရသွားနိုင်ပါတယ်...။

အကျင့်ရဖို့ ရိုက်နိုင်ဖို့ က သိပ်မခက်ပါဘူး...။ ဒါပေမယ့် ခက်တာလေးတွေ နဲနဲတော့ရှိပါတယ်...။ တွေ့ သမျှ Panning လိုက်ရိုက်နေလို့လဲ မဖြစ်သေးပါဘူး..။ ဒါပေမယ့် ရိုက်လိုက်တဲ့ Panning တိုင်းဟာ အဓိပါယ် အတိုင်းအတာလေး တစ်ခုရှိ ဖို့... ဒါမှမဟုတ် ကြည့်တဲ့သူ့ကို ဆွဲဆောင်နိုင်စွမ်းလေး ရှိဖို့တော့ အနည်းငယ်လိုပါတယ်...။ ဒါမှ ကိုယ်ပြချင်တဲ့ဟာကို ရှင်းရှင်းလင်းလင်းလေး ကြည့်တဲ့သူက သိနိုင်မှာ ဖြစ် ပါတယ်...။

စိတ်ဝင်စားဖို့ကောင်းပြီး Rocket Science လောက် မခက်ခဲတဲ့ Technique လေး တစ်ခုပါ..။ ပျော် ဖို့ကောင်း ပါတယ်..။ စိတ်လှုပ်ရှား ဖို့လဲ ကောင်းပါတယ်..။ အထူးသဖြင့် ကိုယ်ရိုက်လိုက်ပြီး ဘယ်လို ပုံများပေါ်လာမလဲလို့ ကြည့်ရတဲ့ အပိုင်းဟာ ဓာတ်ပုံသမားတိုင်း အတွက် စိတ်အလှုပ်ရှားရဆုံး အချိန်ပါပဲ...။

တစ်ယောက်နဲ့ တစ်ယောက် နည်းစနစ်ပိုင်း ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်..။ ဒါပေမယ့် ကျွန်တော် အလွယ်ကူဆုံးနဲ့ အဆင်အပြေ ဆုံး ဖြစ်မယ်ထင်တဲ့ နည်းလေးကို ဝေမျှလိုက်ပါတယ်...။ ရိုက်နည်းလေး စလိုက်ရအောင်...။

ပထမဆုံး Camera Setting လုပ်ရပါမယ်...။

(1) Mode: Manual ကို ရွေးပါ...။ ( Shutter Mode နဲ့ ရိုက်လို့မရဘူးလားဆိုရင် ရပါတယ်..။ ဒါပေမယ့် Manual Mode က Photographer ကိုပိုပြီး လုပ်ပိုင်ခွင့်ပေးတဲ့ အတွက် Manual Mode ကို သုံးတာ ပါ...။ နောက်ပြီး Daylight မှာ Lighting အရမ်းများနေတဲ့အခါ Panning က Slow Shutter Speed နဲ့ ရိုက်ရတာ ဖြစ်တဲ့အတွက် Aperture ကို Down ချင်တဲ့အခါမှာ Shutter Mode က ပေးမ Down ပဲ Auto သာ ချိန်ပေးပါတယ်..။ အဲ့ဒါဆို အဆင်မပြေပါဘူး..။ ဒါကြောင့် Manual Mode ကို ရွေးတာပါ..။)

(2) Aperture: f/8 က နေ f/16 အထိ မိမိရိုက်မယ့် Lighting အပေါ်မူတည်ပြီး သင့်တော်သလို ရွေးပေး ပါ..။ ဒီနေရာမှာ အားလုံး တပြေးညီ ဖြစ်သွားအောင် ကျွန်တော် f/11 လို့ သတ်မှတ်ပေးလိုက်ပါမယ်...။

(3) Shutter: ဒီကောင်ကကတော့ Panning Photography မှာ အဓိက အကျဆုံးပါ..။ Aperture နဲ့ ISO က သင့်တော်သလို ပြောင်းလဲလို့ ပြသနာမရှိပေမယ့် Shutter Speed ကတော့ တော်တော် အရေးကြီးပါတယ်..။ ကိုယ်ရိုက်မယ့် Subject ရဲ့ Speed (Acceleration) ကို မှန်ကန်အောင် တွက်ချက် (ခန့်မှန်း) ထားနိုင်ဖို့ လိုပါတယ်...။ Shutter Speed မြန်သွားရင် Panning ပုံကို မရနိုင်ပဲ ပုံအားလုံးက Still (Freeze) ဖြစ်သွားပါလိမ့်မယ်..။ Shutter နှေးလွန်းအား ကြီးသွားရင်လည်း Background တင် Motion ဖြစ်သွားတာမျိုးမဟုတ်ပဲ Subject ပါ Motion ဖြစ်သွားပြီး ... Sharp မဖြစ်တာတွေ Focus မပြတ်တာတွေ ဖြစ်သွားနိုင်ပါတယ်..။

သာမန်ခပ်မှန်မှန်သွားနေတဲ့ ကားတစ်စီးအတွက် 1/100s လောက်က အဆင်ပြေပါတယ်..။ စက်ဘီး ဆိုင်ကယ်အတွက်ဆိုရင်တော့ 1/30s လောက်ဆိုရင် အဆင်ပြေနိုင်ပါတယ်...။ စမ်းကြည့်ကြပါ...။ Manual Mode မှာ ရိုက်နေတာဖြစ်တဲ့အတွက် View Finder ထဲမှာ ပြနေတဲ့ Exposure Meter ကို ကြည့်တတ်တဲ့ အကျင့်ရအောင် လုပ်စေလိုပါတယ်..။ Meter ကိုကြည့်ပြီး Aperture အတိုး အလျော့ လုပ်ရမလား..။ Shutter ကို အတိုးအလျော့ လုပ်ရမလား...။ ISO အတင်အချ လုပ်ရမလား ဆိုတာက ဓာတ်ပုံ ပညာရဲ့ အသက် ပါပဲ...။ ကျွန်တော်လည်း ပုံသေနည်း (Formula) ကြီးနဲ့ ပြောပြပေးလို့ မရပါဘူး..။ Practice Makes Perfect ပါ...။

(4) Focusing: ကျွန်တော်က Canon သမားဆိုတော့ Nikon Setting ကို တိတိကျကျမသိပါဘူး..။ ဒါပေမယ့် သဘောတရားကတော့ အတူတူပဲ ဖြစ်မှာပါ...။ Canon Focus Mode မှာ One Shot မထား ရတော့ပဲ AI Servo ကို ရွေးပေးပါ..။ Nikon မှာဆို Continuous ပါ...။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သွားနေတဲ့ အရာကို သူ့အရှိန်အတိုင်းလိုက်ပြီးတော့ လူကိုပါ လှုပ်ပြီးရိုက်ရမှာ ဖြစ်တဲ့ အတွက် One Shot နဲ့ ရိုက်ရင် အဆင်ပြေမှာ မဟုတ်ပါဘူး..။ ကျွန်တော်ရေးတာကို ဖတ်တာထက် ရိုက်ကြည့်ရင် ပိုသိသွားပါလိ့မ်မယ်..။

(5)Drive Mode: Single Shot ကနေ Burst Mode ကို ပြောင်းပါ..။ တစ်ချို့ Camera တွေမှာ ရိုးရိုး Burst Mode နဲ့ High Burst Mode ပါပါတယ်...။ မြန်နိုင်သမျှ မြန်မယ့် Mode ကိုရွေးပေးပါ..။ ဒီနေရာမှာ High End ဖြစ်တဲ့ Camera တွေက အားသာချက် ရှိနေပါ တယ်..။ ဥပမာ 7D ဆို 8 fps အထိ သွားတဲ့အတွက် ကိုယ်လိုချင်တဲ့ ပုံကို ရဖို့ သေချာသလောက်ရှိပါတယ်..။

ဒါပေမယ့် နောက်ပိုင်း ကျွမ်းကျင်သွားရင် fps (Frame Per Second) က အရေးမကြီးတော့ပဲ ကိုယ့်ရဲ့ Timing ကိုက် နိုင်မှုက ပိုအရေးကြီးတာကို သတိ ထားမိပါလိ့မ်မယ်...။ Setting အားလုံး Ready ဖြစ်ပြီဆို ရိုက်ဖို့ပဲ ရှိပါတယ်..။ Setting လုပ်တာက ဘာမှ မခက်ခဲပါဘူး..။ Shutter Speed တွက်ရတာလေး တစ်ခုပါပဲ..။ အခု တကယ် ရင်ခုန်ရမယ့် အပိုင်းက ရိုက်ရမယ့် အပိုင်းပါပဲ...၊ကိုယ်ရိုက်မယ့် Subject ရဲ့ အကွာအဝေး Background ရဲ့ အနေအထားကို လိုက်ပြီး Wide Lens နဲ့ ရိုက်ရမလား Tele နဲ့ ရိုက်ရမလား ဆိုတာကတော့ မိမိရဲ့ Choice ပါပဲ...။

နောက်ပိုင်းအဆင့်မြင့် Lens တွေမှာဆိုရင် Panning အတွက် Function တွေ ပါလာပါတယ်..။ ဥပမာ Canon မှာဆို IS Mode II ဖြစ်ပြီး Nikon မှာဆို VR Active ဖြစ်ပါတယ်...။ ဒီလို Function တွေ ပါတဲ့ Lens တွေက လည်း တော်တော်လေးကို ဈေးကြီးမြင့်လွန်းပါတယ်...။အားလုံးပြီးသွားရင် ရိုက်ကြပါမယ်..။ ကိုယ်ရိုက်ချင်တဲ့ Subject နဲ့ ထောင့်မှန်ကြမယ့် နေရာမှာနေပါ ...။ ကျွန်တော်ပြောတာ ပုံသေမမှတ်ပါနဲ့ ..။

ကျွန်တော်ဆိုလိုတာက စက်ဘီးကို ရီုက်မယ်..။ စက်ဘီးက လမ်းပေါ်မှာ သွားနေတယ်ဆိုရင် လမ်းဘေး မှာ နေဖို့ ကိုပြောတာပါ..။ စက်ဘီး အရှေ့တည့်တည့် ဒါမှမဟုတ်..။ အနောက်ဘက်က မနေဖို့ ပြောတာ ပါ...။ (တော်ကြာကားတိုက်သွားရင် ကျွန်တော် အမှုပတ်မှာစိုးလို့ပါ..။ :D ...။ နောက် တာပါ..။ နောက် ပိုင်းအရှေ့ တွေ အနောက်တွေက ရိုက်တဲ့ ..။ နိုင်ငံခြားမှာ Car Commercial ရိုက်သလို ရိုက်တဲ့ နည်းတွေ ကျွန်တော်ရေးပေးပါ့မယ်..။) လမ်းရဲ့ ဘေး ဘယ်ညာ ကြိုက်တဲ့နေရာနေပါ..။ Lighting ကို သတိထားပါ..။

ကိုယ်ရိုက်မယ့် Subject ကို ချိန်ပါ..။ AI Servo အလုပ်လုပ်ပါလိ့မ်မယ်..။ အရင်လို တီတီဆိုပြီး မည်မှာမဟုတ်ပါဘူး..။ သူက AI Servo ဖြစ်တဲ့အတွက် တောက်လျှောက် လိုက်ချိန်နေတာဖြစ်တဲ့အတွက် Focus မိတဲ့အသံထွက်မှာမဟုတ်ပါဘူး..။ ဒါပေမယ့် မပူပါနဲ့ စိတ်ထဲမှာ မိနေပြီလို့သဘောထားပါ... (တကယ်လည်း မိနေပါတယ်...) ချိန်ပြီးသွားပြီဆိုရင် တောက်လျှောက် လိုက်ရိုက်ပါတော့..။ စက်ဘီး ဦးတည်ရာ ဘက်ကို ကိုယ်ကိုပါ လိုက်လှည့်ပြီး ကိုယ့် Camera က Burst Speed နိုင်သလောက် လိုက်ရိုက်ပါ...။

ပြန်ကြည့်လိုက်ပါ Panning လို့ခေါ်နိုင်တဲ့ ပုံတွေ ရနေပြီ ဖြစ်ပါတယ်..။ ဒါပေမယ့် Subject မပြတ်တာတို့ Composition သဘောမကျ တာတို့ တွေ့ရပါလိ့မ်မယ်...။ မပူပါနဲ့ နောက်တစ်ခါ ထပ်ရိုက်ပါ..။ များများ ရိုက်ပါ..။ သဘောပေါက်လာလိ့မ်မယ်..။ Timing ခန့်မှန်းတက် လာလိမ့်မယ်...။ တစ်နာ ရီလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးတဲ့အချိန်မှာတော့ အပေါင်းအသင်းတွေကြားမှာ ချပြနိုင်လောက်တဲ့ အဆင့်ရှိတဲ့ Panning တစ်ပုံကို မိတ်ဆွေ ပိုင်နိုင်သွားပြီ ဖြစ်ပါတယ်...။ အထူးမှာချင်တာကတော့ တစ်ခါ နှစ်ခါ ရိုက်လို့ မရဘူးဆိုပြီး စိတ်ဓာတ်မကျဖို့ပဲ ဖြစ်ပါတယ်..။ အောက်မှာ ကျွန်တော်ရိုက်ထားတဲ့ Panning အချို့ ကို နမူနာအနေနဲ့ တင်ပေးလိုက်ပါတယ်...။

ကျွန်တော်မှာချင်တာကတော့ စိတ်ဓာတ်မကျပါနဲ့..။ အားမငယ်ပါနဲ့...။ လေ့လာမှုတွေရပ်မသွားပါနဲ့..။ ရိုက်ရင်းလေ့လာ...။ လေ့လာရင်း ရိုက်ပါ...။ ကိုယ်လေ့လာတဲ့ ပညာရပ်အပေါ် တန်ဖိုးထားပါ..။ အလေး အနက်ထားပါ...။ ကျွန်တော်ဒါတွေကို လက်ညောင်းခံ အချိန်ကုန်ခံ ပြီးရေးနေတာ ပေါ်ပင် စိတ်ဝင်စား သူတွေအတွက် မဟုတ်ပါဘူး..။ ကျွန်တော့်လိုပဲ Photography ကို လေးလေးနက်နက် တန်ဖိုးထားတဲ့ သူတွေအတွက်ပါ...။ ကျွန်တော် အချိန်ကုန်ရကျိုး..။ လက်ညောင်းရကျိုး နပ်ချင်ပါတယ်...။

လေးစားစွာဖြင့်

Black Dream
http://www.aperture21.com

P.S - Dedicated To Sayar Pe Myin Oo









--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...