ရန်ကုန် တက္ကသိုလ်တွင် စိတ်ကျန်းမာရေး ဆေးခန်း ပထမဆုံးအကြိမ် ဖွင့်ရန် စီစဉ်

ရန်ကုန် တက္ကသိုလ် စိတ်ပညာ ဌာနတွင် စိတ် ကျန်းမာ ရေး စစ်ဆေး ကုသမည့် ဆေးခန်း (Psychological Clinic) ကို ပထမဆုံး အကြိမ် ဖွင့်လှစ်ရန် စီစဉ်လျက် ရှိသည်ဟု သြစတြေးလျနိုင်ငံမှ လာရောက်သည့် ရန်ကုန် တက္ကသိုလ် စိတ်ပညာဌာန ဧည့်ပါမောက္ခ ဒေါက်တာ အောင်မြင့်က ပြောကြားသည်။

အဆိုပါဆေးခန်းကို သြစတြေးလျနိုင်ငံ (Australian Volunteers International School – AVI) အထောက် အပံ့ဖြင့် ရန်ကုန်တက္ကသိုလ် ရာမည တိုးချဲ့ စာသင်ဆောင်တွင် ၂၀၁၅ ခုနှစ်အတွင်း ဖွင့်လှစ်ရန် စီစဉ်လျက် ရှိသည်ဟု ၎င်းကဆိုသည်။

“အကြံပေးတာ၊ တိုင်ပင်တာ၊ ဆေးကုတာတွေ လုပ်မှာပါ” ဟု ဧည့်ပါမောက္ခ ဒေါက်တာအောင်မြင့်က ရှင်းပြသည်။

နိုင်ငံတကာ တက္ကသိုလ်များတွင် ယင်းကဲ့သို့ ကုသသည့် ဆေးခန်းများ ရှိသော်လည်း မြန်မာနိုင်ငံတွင် ယခုအကြိမ် သည် ပထမဆုံးအကြိမ် စတင်ခြင်းဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှ ကထိက ဒေါက်တာ တင်မာစမ်း က ပြောကြားသည်။

အဆိုပါဆေးခန်းကို စိတ်ပညာ ကျောင်းသားများ လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် စီစဉ်မည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 


The Voice Daily, 5.10.2014
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...