သင့်ဝင်ငွေ အမျိုးအစားက ဘာလဲ

လူအများစုဟာ သူတို့ ရဲ့ ဝင်ငွေ အမျိုးအစားကို တိတိကျကျ မသိကြပါဘူး။ ၀င်ငွေ နဲတယ်၊ များတယ်၊ ကောင်းတယ် လောက်ပဲ ပြောတတ်ကြ တာပါ။ လူအများစုရဲ့ ဝင်ငွေကတော့ အလယ် အလတ် အမျိုးအစားထဲ ပါမှာပါ။ ဒါပေမယ့်
ဒီအလယ် အလတ် ၀င်ငွေ အမျိုးအစားကိုပဲ စီးပွားရေး ပညာရှင် ကြီးတွေက နောက်ထပ် ၃ မျိုး ကနေ ၄ မျိုးအထိ ပိုင်းခြား သတ်မှတ်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၆ ခုနှစ်ကစပြီး အိမ်ထောင် တစ်စုခြင်းစီရဲ့  နှစ်စဉ်ဝင်ငွေဟာ ကျဆင်း လာခဲ့ ပါတယ်။ ဒီအတွက် အမေရိကန် အစိုးရက ဘာလုပ်ပေးနေသလဲ။ ကိုယ့်ဝင်ငွေကော ဘယ်အမျိုး အစား ထဲမှာ ပါဝင်သလဲ ဆိုတာကို လေ့လာကြည့် ရအောင်ပါ။

ဝင်ငွေကို အလယ်မျဉ်း ဆွဲကာ ပိုင်းခြား သတ်မှတ်ခြင်း။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အိမ်ထောင် စု တွေရဲ့  တစ်နှစ်ဝင်ငွေကို အမေရိကန်ဒေါ်လာ ၅၀၀၅၄ နဲ့  အလယ်မျဉ်းဆွဲပြီး ပိုင်းခြားသတ်မှတ် လို့ ရ ပါတယ်။ အိမ်ထောင်စု စုစုပေါင်းရဲ့  ထက်ဝက်လောက်ရဲ့  နှစ်စဉ်ဝင်ငွေဟာ ၅၀၀၅၄ ထက်လျော့နဲပြီး ကျန်တစ်ဝက်ကတော့ တစ်နှစ်ကို အဲဒီ ပမာဏထက်ပိုတဲ့ ၀င်ငွေ ရှိပါတယ်။

ပထမဆုံး ကိုယ့်တစ်နှစ်ဝင်ငွေကို တွက်ချက်ပြီး ကိုယ့်ဝင်ငွေဟာ ၅၀၀၅၄ အောက်လား၊ အထက်လား ဆိုတာကို သတ်မှတ်ကြည့်ပါ။ အခု ၀င်ငွေကို အထက်တန်းစားဝင်ငွေ၊ အလယ်အလတ် တန်းစား ၀င်ငွေနဲ့  အောက်ခြေ၀င်ငွေအဖြစ် ခွဲကြည့်ရအောင်ပါ။ အမေရိကန်ပြည်ထောင် စုတစ်ခုလုံးမှာ အထက် တန်းစားဝင်ငွေရှိတဲ့ အိမ်ထောင်စုက ၁ ကနေ ၅ ရာခိုင်နှူန်းပဲ ရှိပါတယ်။

တစ်နှစ်ကို ၀င်ငွေ ၁၅၀၀၀၀ ရှိသူတွေက ၅ ရာခိုင်နှူန်း၊ ၂၅၀၀၀၀ အထက်ရှိသူတွေက ၁ ရာခိုင်နှူန်း ဖြစ် ပါတယ်။ ဒီ ၁ ကနေ ၅ ရာခိုင်နှူန်းရှိတဲ့ အထက်တန်းစား ၀င်ငွေ သမားတွေကို အုပ်စု (၂) စု ထပ်ခွဲနိုင်ပါ တယ်။ ငွေဟောင်း ပိုင်ရှင်နဲ့  ငွေသစ်ပိုင်ရှင်ပါ။ အမွေအမျိုးမျိုးကို ဆက်ခံ ရရှိထားပြီး ချမ်းသာနေသူတွေ ကို ငွေဟောင်း ပိုင်ရှင်လို့ ခေါ်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ဘ၀တက်လမ်းကို ရှာဖွေရင်း ၀င်ငွေလည်း တိုးတက်မြင့်မား လာသူတွေကို ငွေသစ်ပိုင်ရှင်တွေ လို့ ခေါ်ပါတယ်။  သင်ကော ငွေဟောင်း ပိုင်ရှင် လား၊ ငွေသစ်ပိုင်ရှင်လား။ သင့်ဝင်ငွေပမာဏဟာ ၁ ကနေ ၅ ရာခိုင်နှူန်း ၀င်ဆန့် နိုင်တဲ့ အထက်တန်းစား ၀င်ငွေအမျိုးအစား ဟုတ်ပါသလား။ မဟုတ်သေးဘူးဆိုရင် ဆက်ဖတ် ကြည့်ရအောင်။

အမေရိကန် လူဦးရေ အများစုကတော့ အလယ်အလတ် တန်းစား ၀င်ငွေပိုင်ရှင်တွေဖြစ်ပါတယ်။ သူ တို့ တစ်တွေဟာ ဘွဲ့ အနည်းဆုံး (၂) ခုရထားကြတဲ့ ပညာရည်မြင့်မားသူတွေပါ။ ပညာအား၊ ဥာဏ်အားနဲ့  အလုပ်လုပ်ကြပြီး လစာ လည်း ကောင်းကောင်းရတဲ့ ကော်လာဖြူလုပ်သားတွေပါ။ အိမ်ထောင်ဦးစီးက အစစအရာရာကို ချုပ်ကိုင်ထားတတ်တဲ့ ဒီအိမ်ထောင်စုမျိုးတွေရဲ့  တစ်နှစ်ဝင်ငွေဟာ ၁၀၀၀၀၀ နဲ့ အထက် ရှိပါတယ်။ ဒီငွေပမာဏမျိုးနဲ့ ဆိုရင် အမေရိကန်နိုင်ငံသား သုံးပုံတစ်ပုံရဲ့ အထက်မှာ နေနိုင်တဲ့အဆင့် ရှိပါတယ်။ ဒီအလယ်အလတ် တန်းစားဝင်ငွေကို ထပ်ခွဲလိုက်မယ်ဆိုရင် ပထမအဆင့်၊ ဒုတိယ အဆင့် နဲ့ တတိယ အဆင့် အလယ် အလတ်တန်းစား ၀င်ငွေပိုင်ရှင်တွေ ထွက်လာပါမယ်။ ဒုတိယအဆင့် အလယ် အလတ်တန်းစား ၀င်ငွေရှိတဲ့ အိမ်ထောင်စုမှာ ကောလိပ်ပညာရေး တက်ရောက်သင်ကြားဖူးသူတွေ ရှိပါ တယ်။ ဒါပေမယ့် ဘွဲ့ မရထားကြလေတော့ ရာထူးကြီးကြီး၊ လစာကောင်းကောင်းရနိုင်မယ့် အလုပ်မျိုးကို မရနိုင်ကြပါဘူး။

ဒီလူတန်းစားထဲမှာကိုပဲ တတိယအဆင့် အလယ်အလတ်တန်းစား ၀င်ငွေပိုင်ရှင်တွေ ထပ်ကွဲသွားပါတယ်။ သူတို့ ဟာ တစ်နှစ်ကို ၃၂၅၀၀ ကနေ ၆၀၀၀၀ အထိရှာနိုင်ကြတဲ့ ကော်လာဖြူလုပ်သားများ ဖြစ်ပါတယ်။
ဒါ့အပြင် ဒုတိယအဆင့် အလယ်အလတ်တန်းစားဝင်ငွေပိုင်ရှင်တွေကို နှစ်မျိုးနှစ်စား ထပ်ခွဲပြီးကြည့် ရအောင်။ အေးချမ်းတဲ့ ဘ၀ပိုင်ရှင်နဲ့  ရုန်းကန်လှုပ်ရှားနေရတဲ့ ဘ၀ပိုင်ရှင်တွေပေါ့။

ဒုတိယအဆင့် အလယ်အလတ်တန်းစား ၀င်ငွေပိုင်ရှင်ခြင်း အတူတူ တစ်ချို့ က ရတဲ့ဝင်ငွေ၊ ရှိတဲ့ ဘ၀နဲ့  ကျေနပ် တင်းတိမ်ရောင့်ရဲနိုင်ပြီး ဘ၀ကိုအကောင်းဖက်က မြင်ကြပါတယ်။ အိမ်ထောင်စုထဲမှာ သက်ကြီးသက်ငယ် အချိုးအစား ကိုက်ညီချင်မှ ကိုက်ညီမယ်။ ၀င်ငွေကို အားနဲ့ အင်နဲ့ ရှာနိုင်တဲ့ လူလတ် ပိုင်းတွေ ရှိချင်မှရှိမယ်။ ဒါပေမယ့်လည်း သူတို့ ဟာ ပျော်ပျော်ပါပဲ။ စီမံခန့် ခွဲမှုကောင်းတယ်လို့  ဆိုရမှာပါ။

တစ်ချို့  ဒုတိယအဆင့် အလယ်အလတ် တန်းစားတွေကတော့ ကိုယ့်ကိုယ်ကိုယ် အဆင့်အနိမ့်ဆုံး လူတန်း စား လို့  သတ်မှတ်ထားပြီး ရုန်းကန်လှုပ်ရှားနေရသူတွေပါ။ အိမ်ထောင်စုမှာ မိန်းမနဲ့ ကလေးတွေများမယ်၊ ၀င်ငွေရှာဖွေ နိုင်သူဟာ တစ်ဦးတည်းဖြစ်ကောင်းဖြစ်မယ်၊ ဒါကြောင့် သူတို့ ရဲ့ ဘ၀၊ လူနေထိုင်မှုစနစ်နဲ့  အတွေးအခေါ်တွေ ကလည်း တတိယအဆင့် အလယ်အလတ်တန်းစားတွေနဲ့ မခြား ပူလောင်နေတတ် ပါတယ်။

တတိယအဆင့် အလယ်အလတ်တန်းစားဆိုရင်တော့ လက်လုပ်၊လက်စားတွေပေါ့။ သူတို့ ကို ကော်လာ အပြာ လုပ်သားတွေလို့ လည်း ခေါ်ပါတယ်။ အလယ်အလတ်တန်းစားမှာ သူတို့ ဟာ တစ်ခုခုကိုအမြဲ လိုအပ်နေပြီး ဆင်းရဲ နွမ်းပါးမှုရဲ့  အထုအထောင်းကို အစဉ်အမြဲ ခံနေရသူတွေဖြစ်ပါတယ်။ ပညာ အရည် အချင်းကလည်း နိမ့်ကျလေတော့ ပညာနဲ့ ဥာဏ်ရည်ဥာဏ်သွေးကို အားမကိုးနိုင်တော့ဘဲ ကျွမ်းကျင်ရာ လိမ္မာ၊ ကြုံရာကျဘမ်း အလုပ်တွေကို လုပ်ကိုင် နေရသူတွေ ဖြစ်ပါတယ်။

နှစ်စဉ်ဝင်ငွေဆိုတာဝေးလို့  လစဉ်ဝင်ငွေကိုတောင် မစောင့်နိုင်ဘဲ နေ့ တွက်နဲ့  သော် လည်းကောင်း၊ နာရီပိုင်းနဲ့ သော်လည်းကောင်း ရရာအလုပ်ကိုဝင်လုပ်ပြီး စားဖို့ ၊သောက်ဖို့  ဖူလုံအောင် မနဲ လုပ်နေရ သူ တွေပါ။ ရဲတပ်ဖွဲ့ ဝင်တွေ၊ ထရပ်ကားမောင်းသူတွေ၊ စက်ရုံလုပ်သားတွေကို ဒီအုပ်စုထဲ ထည့်ထား ပါတယ်။ သူတို့ ရဲ့  တစ်နှစ်လုံးဝင်ငွေကို ပေါင်းကြည့်မယ်ဆိုရင် ၂၃၀၅၀ ကနေ ၃၂၅၀၀ လောက် ရှိပါ တယ်။

အောက်ခြေ၀င်ငွေ သမားတွေကိုတော့ ဆင်းရဲမွဲတေတဲ့ လူတန်းစားထဲကို စိတ်မကောင်းစွာနဲ့ ပဲ ထည့်သွင်းရ ပါလိမ့်မယ်။ စားဝတ်နေရေးလို နိစ္စဓူဝလိုအပ်ချက်ကိုတောင် မဖြည့်ဆည်းနိုင်ဘူးဆိုရင် ဆင်းရဲမွဲတေသူလို့  သတ်မှတ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဆင်းရဲမွဲတေသူလို့  သတ်မှတ်ခံထားရသူဦးရေဟာ ၄၂ သန်းခန့်  ရှိပါတယ်။ တစ်နှစ်ဝင်ငွေဟာ ၁၈၀၀၀ ကနေ ၂၃၀၅၀ ပဲရှိတယ်ဆိုရင် ဆင်းရဲမွဲတေသူတွေ ဖြစ် ပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ခေတ်မှီမြို့ ပြအိမ်ယာတွေမှာ ကိုယ်ပိုင် တိုက်ခန်းတွေနဲ့  နေနေနိုင်ကြဆဲ ပါပဲ။

အခုဖော်ပြခဲ့တဲ့ ကိန်းဂဏန်းတွေဟာ ကမ္ဘာ့ပထမနိုင်ငံ အမေရိကန်ပြည်ထောင်စုရဲ့  ၁၉၉၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အတွင်း မှတ်တမ်းတင်ထားရှိတဲ့ ကိန်းဂဏန်းတွေဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာကို ချမ်းသာမှုခွဲဝေခြင်း ဟာ ညီမျှမှုမရှိသေးပါဘူး။ အလယ်အလတ်တန်းစားဝင်ငွေသမားတွေက တိုးတက် ဖို့ ဝေးလို့  ဆုတ်ယုတ်တာနဲ့ ပဲ ကြုံတွေ့ နေရချိန်မှာ ပထမတန်းစားဝင်ငွေသမားတွေကတော့ နှစ်စဉ်ပိုပြီး ချမ်းသာလာနေပါတယ်။

၁၉၈၈ ခုနှစ် က နေ ၂၀၀၈ ခုနှစ်အတွင်း အလယ်အလတ်တန်းစားဝင်ငွေပိုင်ရှင်တွေဟာ အရင်က ၃၃၄၀၀ ၀င်ငွေရှိရာကနေ ၃၃၀၀၀ အထိ ကျဆင်းခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ ပထမတန်းစားဝင်ငွေပိုင်ရှင်တွေရဲ့  ၀င်ငွေကတော့ ၃၃ ရာခိုင်နှူန်းတောင် တိုးလာခဲ့ပါတယ်။

အမေရိကန်အစိုးရက ဘာလုပ်ပေးသလဲ။ ဘာမှလုပ်မပေးဘူးလို့  အလယ်အလတ်တန်းစား ၀င်ငွေ ပိုင်ရှင်တွေက မကျေမနပ်ပြောကြပါတယ်။ သူတို့ ဝင်ငွေဟာ ဒီနှူန်းအတိုင်း ဆက်ပြီးကျဆင်းနေမယ်ဆိုရင် သိပ်မကြာခင်မှာဘဲ အောက်ခြေ ၀င်ငွေသမားတွေ ဖြစ်ပြီး ဆင်းရဲမွဲတေသူတွေလို့  ကြေငြာခံ ရတော့ မှာ ဖြစ်ပါတယ်။ တစ်ကယ်တော့ အမေရိကန်အစိုးရဟာ လူမှုလုံခြုံရေး၊ အစားအသောက်ထောက်ပံ့ရေး စီမံချက်တွေနဲ့  ဆင်းရဲမွဲတေမှုလျော့ချရေးကို ပြုလုပ်ခဲ့တဲ့အတွက် အခုနောက်ဆုံး အချိန်အထိမှာ ဆင်းရဲ မွဲတေမှုနှူန်းကို ၁၀ ဒသမ ၉ ရာခိုင်နှူန်း ချနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒါဟာ အောက်ခြေ၀င်ငွေသမားတွေကိုပဲ အထောက်အကူပြုပြီး အလယ်အလတ်တန်းစား ၀င်ငွေ သမားတွေကိုတော့ အကျိုးသက်ရောက်မှုမရှိဘူးလို့  စောဒကတက်ကြတာ ဖြစ်ပါတယ်။

သင့်ဝင်ငွေကော… ဘယ်အမျိုးအစား ထဲမှာ ပါပါသလဲ။


 သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...