ညအိပ်တဲ့အချိန် ကိုယ့်အနီး အနားမှာ ဖုန်းအား သွင်းထားပြီး အိပ်ခြင်းဟာ ခန္ဓာကိုယ် အလေးချိန် တက်စေနိုင်

စပိန် သိပ္ပံပညာ ရှင်တွေက လက်ကိုင်ဖုန်း၊ တက်ဘလက်၊ ရုပ်မြင် သံကြား စက်တွေနဲ့ Laptop စတာတွေရဲ့ မျက်နှာပြင်ကနေ ထုတ်လွှတ်တဲ့ အလင်း ရောင် တွေဟာ အဝလွန်မှုကို ကာကွယ်ပေးတဲ့ ဟော်မုန်း ထုတ်လုပ်မှုကို တားဆီးတဲ့ အကြောင်း ဆိုထား ပါတယ်။

ဒါ့အပြင် အပင်တွေ၊ တိရိစ္ဆာန်တွေနဲ့ လူတွေမှာ ရှိတဲ့ အသားအရောင် ပြောင်းလဲစေတဲ့ ဟော်မုန်းဓာတ်ကြောင့် အိပ်တဲ့ပုံသဏ္ဍာန် ကန့်သတ် ထိန်းချုပ်ပေးပြီး အစာချေ ဖျက်မှုကိုလည်း မြင့်တက်စေ ပါတယ်တဲ့။ ကွန်ပျူတာကို ဖွင့်ပြီးအိပ်မယ်ဆိုရင် ဟော်မုန်း ထုတ်လုပ်မှု အနှောက် အယှက် ဖြစ်စေပြီး အစာချေဖျက်မှု စနစ်ကို နှေးကွးစေတဲ့အပြင် အလေးချိန် သိသိသာသာ တက်လာစေမှာဖြစ် ပါတယ်။ ညဘက် သဘာဝမဟုတ်တဲ့ အလင်းရောင်ဟာ အစာချေဖျက်မှု စနစ်လည်ပတ်မှု နှေးကွေးလျော့နည်းစေ ပါတယ်။ တနည်းအားဖြင့် ခန္ဓာကိုယ် သွေးသား လည်ပတ်မှု သိပ်အလုပ် မလုပ်ဆောင်နိုင်ခြင်း ပဲဖြစ်ပါတယ်။

ဒါပေမယ့် စိုးရိမ်တကြီးဖြစ်နေဖို့တော့ မလို ပါဘူး။ အားသွင်းထားသည်ပဲဖြစ်စေ၊ မသွင်းထားသည်ပဲဖြစ်စေ ဖုန်းကိုအသုံးမပြုတဲ့အချိန်မှာ ပါဝါပိတ်ထားလိုက်ရင် အဆင်ပြေပါပြီ။


Source: metro
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...