ကျန်းမာရေး နာလန်ထများ အတွက် နေရောင်သည် အားဆေး
ဆေးရုံ အခန်းထဲသို့ နေရောင် ကောင်းကောင်းဝင်လေ လူနာများသည် နာလန်ထ ပြန်ကျန်းမာနှုန်း မြန်ဆန်လေ ဖြစ်ကြောင်း အမေရိကန်နိုင်ငံရှိ Cleveland Clinic ဆေးရုံမှ သုတေသန တစ်ရပ်က ဖော်ပြသည်။
နေရောင် ကောင်းစွာ မ၀င်သော အခန်းများတွင် နေရ သော လူနာများသည် နေရောင် ကောင်းစွာ ၀င်သော အခန်းများတွင် နေရသော လူနာများထက် နာကျင် ကိုက်ခဲမှု ပိုဖြစ်ကြသလို၊ စိတ်ဖိစီး ဒဏ်လည်း ပိုခံကြရကြောင်း သုတေသနက ဖော်ပြသည်။ နေ့ဘက်တွင် နေရောင် ကောင်းစွာ မရခြင်း၊ ညဘက်တွင် အခန်းတွင်း မီးများ လင်းထိန်နေခြင်း တို့ကြောင့် လူနာ များသည် နေ့ည မှားကာ အိပ်စက်မှု ပုံစံများ အနှောင့်အယှက် ဖြစ်ခြင်းသည်လည်း နေရောင် မလုံလောက်သော အခန်း များတွင် နေရသော လူနာများ စိတ်ဖိစီး၊ စိတ်အားငယ်ခြင်း ဒဏ် ပိုခံရစေသည့် လက်သည် ဖြစ်ကြောင်း သုတေသန က ထောက်ပြသည်။ သို့ဖြစ်ရာ မိမိကိုယ်တိုင် လူနာတစ်ယောက် အနေနဲ့ ဆေးရုံရောက် နေလျှင် နေ့ဘက်တွေမှာ တတ်နိုင် သလောက် မိမိအခန်းထဲ နေရောင် ၀င်အောင် လိုက်ကာများ ဖွင့်ပေးထားဖို့ ပြောပါ။ မိမိက လူနာ စောင့်ပေးရသည် ဆိုလျှင် လည်း နေရောင်များ များဝင်အောင် လုပ်ပေးပါ။ မိမိက ကျန်းမာရေး ၀န်ထမ်းဖြစ်သည် ဆိုလျှင် လူနာများ နေ့ဘက်မှာ လန်းဆန်းသော နေရောင်ရအောင် ဖန်တီးပေးပါ။
The Messenger
--------------------------------------