၂ မိနစ်အတွင်း ၇၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်သော ဘက်ထရီကို တီထွင်

စင်ကာပူရှိ Nanyang Technological University က နှစ်မိနစ်အတွင်း ၇၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်သော ဘက်ထရီကို တီထွင်လိုက်ပါသည်။ အဆိုပါ ဘက်ထရီ များသည် နှစ်ပေါင်း နှစ်ဆယ် အထိ မပျက်ဆီးဘဲ အသုံးပြုနိုင် ပါသည်။

တီထွင်သူများသည် Graphite Anodes များအစား ဓာတုဗေဒ ဖြစ်စဉ်ကို ပိုမိုလျှင်မြန်စေသော Titanium Dioxide Gel များကို အစားထိုး အသုံးပြုထားကြောင်း သိရပါသည်။ ထို့အတွက် အလွန်လျှင်မြန်စွာ အားသွင်း ပေးနိုင်ခြင်း ဖြစ်ပါသည်။

သာမာန်အားဖြင့် စက်လုံးပုံသဏ္ဍာန်ရှိသော Titanium Dioxide များကို လူ၏ ဆံချည်မျှင်ထက် အဆ ထောင်ပေါင်း များစွာ သေးငယ်သော အချောင်းများအဖြစ် ပုံပြောင်း တီထွင်ခဲ့ရပါသည်။

ပညာရှင်များသည် လျှပ်စစ်ကားများအတွက် သူတို့၏ နည်းပညာသည် လွန်စွာ အသုံးဝင်မည်ဟု သုံးသပ်ကြပါ သည်။ “ နောက်မျိုးဆက် လစ်သီယမ် အိုင်ယွန် ဘက်ထရီများဟာ လက်ရှိနည်းပညာထက် လျှပ်စစ်ကားများကို အဆ နှစ်ဆယ် ပိုမိုလျှင်မြန်စွာ အားသွင်းပေးနိုင်မှာပါ။ ဘက်ထရီ နည်းပညာအသစ်ဟာ မကြာခဏ ဘက်ထရီ လဲရတဲ့ လျှပ်စစ်ကားများရဲ့ အလုပ်ရှုပ်မှုကို ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ “ ဟု Science Daily က စင်ကာပူ တက္ကသိုလ်၏ တီထွင်မှုနှင့် ပတ်သက်၍ ပြောကြားပါသည်။

“ ကျွန်တော်တို့ နည်းပညာကို အသုံးပြုရင် လျှပ်စစ်ကားများဟာ ငါးမိနစ် အားသွင်းတာနဲ့ ခရီးဆက်နိုင်ပါပြီ။ ဒီအချိန် ဟာ လောင်စာဆီသုံး ကားများ ဆီဖြည့်ချိန်သာ ရှိပါတယ်။ “ ဟု NTU မှ ပါမောက္ခ Chen Xiaodong က ပြောပါ သည်။


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...