အလုပ်မြန်မြန် ပြီးအောင် လုပ်နည်း ၅ ချက်
အလုပ် မပြီးလို့ အချိန်ပို လုပ်ပြီး အိမ်ပြန်နောက်ကျ တဲ့နေ့တွေလည်း မနည်းတော့ပါ။
အလုပ် မြန်မြန်ပြီးအောင် လုပ်နည်းလေးကို တင်ပြ လိုက်ပါတယ်။
၀၁. လက်ရှိ လုပ်နေတဲ့ အလုပ်ရဲ့ အကျိုး (ရည်ရွယ် ချက်) ကို စဉ်းစားပါ။
လက်ရှိ လုပ်နေတဲ့ အလုပ်ကို လုပ်ရခြင်းအတွက် အကျိုးကျေးဇူးက ဘာဖြစ်မလဲ ဆိုတာကို သေသေချာချာ စဉ်းစားပါ။ ပိုက်ဆံအတွက်ဖြစ်ရင်ဖြစ်မယ်။ ဒါမှဟုတ် တစ်ဦး တစ်ယောက်အတွက် ဖြစ်ရင်ဖြစ်မယ်။
၀၂. လက်ရှိ လုပ်နေတဲ့ အလုပ်ရဲ့ ဆိုးကျိုးကိုလည်း စဉ်းစားပါ။
မလုပ်တဲ့အတွက် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးက ဘာဖြစ်မလဲဆိုတာကိုလည်း စနစ်တကျ စဉ်းစားဖို့လို အပ်ပါ တယ်။
၀၃. ၂၀%ကို တွေ့အောင်ရှာပါ။
အီတလီနိုင်ငံမှ စီပွားရေးပညာရှင် Vilfeodo Pareto ရဲ့ 20-80 Rule ဆိုတာ ရှိပါတယ်။ ၂၀% အထိ လုပ်ခဲ့တဲ့ အလုပ်က ၈၀% အထိအောင်မြင်မူကို ရရှိနိုင်တယ် ဆိုတဲ့ အတွေးပါ။ ဆိုလိုတာ ကတော့ အလုပ်ကို သေသေချာချာ စနစ်တကျလုပ်သွားရင် အချိန်နည်းနည်းနဲ့ အောင်မြင်မူကို ရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
၀၄. အလုပ်တစ်ခုကို အာရုံစိုက်ပါ။
တစ်နေ့မှာ လုပ်ရမယ့်အလုပ်တွေ အများကြီး ရှိနိုင်ပါတယ်။ ဒါပင်မဲ့ တစ်ခုပြီးမှ တစ်ခုလုပ်ဖို့ အကြံပေးပါ ရစေ။ အလုပ်တစ်ခုကို မပြီးပြတ်သေးပဲနဲ့ နောက်တစ်ခုကို ကိုင်လုပ်ရင် အလုပ်ရဲ့ အရည်အသွေး ကျဆင်း သွားနိုင်ပါတယ်။
၀၅. နည်းနည်း ဆူတဲ့နေရာမှာ အလုပ်လုပ် ကြည့်ပါ။
လူဆိုတာ ပတ်ဝန်းကျင်က တိတ်ဆိပ်နေတာထက် နည်နည်းလေး ဆူဆူညံညံ ရှိတဲ့နေရာမှာ အလုပ် လုပ်တာက ပိုပြီး အာရုံစိုက်နိုင်ပါတယ်။ ကိုယ့်ရုံးထဲမှာပဲ မဟုတ်ပဲ အပြင်တစ်နေရာမှာ ကော်ဖီဆိုင် မှာပဲဖြစ်ဖြစ် ခဏနေရာကို ပြောင်းလုပ်တာလဲ ကောင်းတယ်လို့ အကြံပေးပါရစေ။
Chelmo Team
Credit. Tabi-labo
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ယခုချက်ချင်း လုပ်သင့်သော ဘဝအတွက် ၂၇ ချက် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးAcer Aspire E1-510P-2671 Laptop Review ငှက်ပျောဖူး ဝက်သား ဟင်းထုပ် ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်
- (အနောကျသို့) Lightroom အခြေခံအသုံးပြုနည်း (၃) လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးAcer Aspire E1-510P-2671 Laptop Review ငှက်ပျောဖူး ဝက်သား ဟင်းထုပ် ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်