Lightroom အခြေခံအသုံးပြုနည်း (၃)
ဒါကလည်း တကယ်တမ်းကျွမ်းကျင်ပြီး အတွေ့အကြုံများတဲ့သူတွေရေးမှ ကောင်းမယ်လို့ ကျွန်တော်ထင် ပါတယ်…။ ကျွန်တော့်မှာ ရှိတဲ့အတွေ့အကြုံလောက်နဲ့ ရေးလိုက်လို့…။ အားနည်းချက်တွေ အမှားတွေ ပါသွားရင် မကောင်းပါဘူး…။
တစ်ချို့ အကြောင်းအရာတွေ အသေးစိတ်ထပ်ရေးဖို့ ကြတော့လည်း …။ Photography မှာ တစ်ချို့ အရာတွေက စာရေးပြရုံလောက်နဲ့ နားလည်ဖို့ မလွယ်ပါဘူး…။ တတ်နိုင်သမျှ Basic Knowledge တွေ ကိုတော့ အရှင်းဆုံး ဖြစ်မယ်ထင်တဲ့နည်းလေးတွေနဲ့ ကျွန်တော်ရေးခဲ့ပေးတာ မှန်ပေမယ့်…။ အရမ်းအသေးစိတ်ကျလာတဲ့ အခါမှာတော့…။ ကိုယ်တိုင် ရိုက်ကြည့်မှ…။ Experience တွေရလာမှ အဆင်ပြေနိုင်မယ့် အပိုင်းတွေ ရှိပါတယ်..။
ဒါ့ကြောင့်…။ ကျွန်တော် အကြွေးအနေနဲ့ ကျန်နေမယ်လို့ ယူဆတဲ့ Lightroom အကြောင်းကို ဆက်ပြီး ရေးပေးဖို့ ဦးစားပေး ဆုံးဖြတ်လိုက်ပါတယ်…။
ကျွန်တော်တို့ ဒီနေ့ Lightroom ရဲ့ အသေးစိတ် အပိုင်းလေးတွေ ဆက်ပြီးလေ့လာကြရအောင်..။
အခြေခံနဲ့ ပါတ်သတ်ပြီး…။ Library ထဲကို Photo Import လုပ်တာတွေ…။ Develop Module ကို သွားတာတွေတော့ ကျွန်တော်ရေးပေးခဲ့ပြီးပါပြီ…။
ဒီနေ့တော့ ကျွန်တော်တို့ အသေးစိတ် အချက်အလက်တွေထဲက Adjustment Brush တွေ အကြောင်း လေ့လာကြပါမယ်…။
Photoshop အသုံးပြုလေ့သူတွေအတွက် Brush တွေဟာ သိပ်ပြီးအထူးအဆန်းမဟုတ်တော့ ပါဘူး…။ Photoshop လိုပဲ Lightroom မှာလည်း Adjustment Brush တွေသုံးလို့ရပါတယ်..။
Photoshop ထဲက အသုံးပြုပုံတွေနဲ့တော့ မတူပါဘူး…။
Lightroom ထဲက Brush တွေကတော့ ပုံရဲ့ အသေးစိတ် အစိတ်အပိုင်းတိုင်းကို မိမိ စိတ်တိုင်း ကျ ပြုပြင်နိုင်အောင် ထည့်သွင်းပေးထားခြင်းဖြစ်ပါတယ်…။
ဥပမာ ကျွန်တော်တို့က Subject နဲ့ Background မှာ…။ Subject ရဲ့ Exposure ကို မထိချင်တော့ ပါဘူး..။ အနေတော်ပဲလို့ ယူဆထားပါတယ်…။ အနောက်က Background ရဲ့ Exposure ကိုပဲ တင်ချင်၊ ချခြင်တယ်ဆိုပါတော့…။ ဒီလိုနေရာမှာ Adjustment Brush တွေက လိုလာပါပြီ…။
နောက်ထပ် ဥပမာ တစ်ခုအနေနဲ့…။ Background ရဲ့ Clarity ကိုတော့ Sharpness ကောင်းကောင်းနဲ့ ထားချင်တယ်…။ ဒါပေမယ့် Subject (ဥပမာ Model) ရဲ့ Skin Tone လေးကိုတော့ Soft လေး လုပ်ချင်တယ်…။ ဒါမျိုးဆိုရင်တော့ Adjustment Brsuh ရဲ့ အသုံးဝင်ပုံတွေက အရေးပါလာမှာ ဖြစ် ပါတယ်…။
နောက်တစ်ခုက ဒီ Tutorial ထဲမှာ Spot Removal Tool လေးအကြောင်းလဲ တစ်ခါထဲ ထည့်ရေးပေး လိုက်ပါတယ်…။ သူ့အကြောင်း သီးသန့်ရေးရလောက်အောင် Function တွေက မများတာက တစ်ကြောင်း..။ လွယ်ကူတာက တစ်ကြောင်းကြောင့် တစ်ခါထဲ ထည့်ရေးပေးလိုက်ပါတယ်..။ Photoshop မှာဆိုရင်တော့ Clone Tool လို ဟာမျိုးနဲ့ ဆင်တူမယ်ထင်ပါတယ်…။
စလိုက်ရအောင်…။
Spot Removal Tool
Step 1
ထုံးစံအတိုင်း ကျွန်တော်တို့ Process လုပ်ချင်တဲ့ ပုံတစ်ပုံကို Lightroom Library ထဲကို Import လုပ်လိုက်ပါ…။ ပြီးရင် Develop Module ကို သွားလိုက်ပါ…။

Step 2
အခု ကျွန်တော် ပထမဆုံးအနေနဲ့ Spot Removal Tool လေးကို အရင်ဆုံးအသုံးပြုပြီး..။ Lady Black နဖူးပေါ်မှာရှိတဲ့ ဝက်ခြံလေးကို ဖျောက်ပြပါမယ်…။

Spot Removal Tool ကို Click လုပ်ပါ…။ ပြီးရင် ကိုယ်လိုချင်တဲ့ Area အကြီးအသေးကို သတ်မှတ်ပေးပါ…။ ပြီးရင် ကိုယ် Remove လုပ်ချင်တဲ့ Spot (Area) ပေါ်မှာ ထောက်ပြီး Click လုပ်ပေးလိုက်ပါ..။ ဒါဆိုရင် သူက သင့်တော်မယ့် နေရာက အစိတ်အပိုင်းလေးကို ယူပြီး Patch လုပ်ပေးပါလိမ့်မယ်..။ လွယ်ပါတယ်…။
ပြီးရင် Done နှိပ်ပါ…။ ဒါဆို စောစောက ကျွန်တော်ပြောတဲ့ ဝက်ခြံကို Remove လုပ်ပြီးသား ဖြစ်သွားပါပြီ..။
လွယ်လွယ်လေးပါ…။ ကျွန်တော်တို့ Adjustment Brush Tool အကြောင်းဆက်သွားရအောင်ပါ..။

Adjustment Brush
Step 3
Adjustment Brush အကြောင်းဆက်မသွားခင်…။ ကျွန်တော် အရင်တုန်းက ရေးခဲ့ဖူးတဲ့ အခြေခံလေးတွေထဲက နဲနဲပါးပါး ပြင်ဖို့လိုမယ်ထင်တာလေးတွေ အရင် ပြင်ကြည့်ရအောင်ပါ…။
Histogram ကို ကြည့်လိုက်ပါ…။ ဘယ်ဘက် (Under) ကို Clipping ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်…။ (ဘယ်ဘက်အခြမ်းမှာ မျှားအပြာရောင်လေး ပြနေပါတယ်) (Histogram အကြောင်းကို နားမလည်ရင်..။ ကျွန်တော်အရင်ရေးခဲ့ဖူးတဲ့ Histogram အကြောင်းကို ပြန်လည် ဖတ်ရှုစေချင်ပါတယ်…။)
ဘယ်ဘက် (Under) ကို Clipping ဖြစ်နေတဲ့အတွက် ပထမဆုံး ကျွန်တော် Shadow Slide လေးကို အသုံးပြုပြီး Shadow လေး နဲနဲဖြေပေးလိုက်ပါတယ်…။ အိုကေ Shadow ပျောက်သွားပါပြီ…။ Histogram မှာလည်း Clipping မဖြစ်တော့ပါဘူး…။
ပြီးတော့ ပုံက နဲနဲ ဖြူဖျော့ဖျော့ဖြစ်နေတယ်လို့ထင်တဲ့ အတွက် Vibrance လေး နဲနဲတင်ပေးလိုက်ပါမယ်…။ +50 လောက်ဆို အိုကေပါပြီ…။
Vibrance ကစားလိုက်လို့ ဘယ်ဘက်ကို Clipping နဲနဲဖြစ်သွားပါတယ်..။ ဒီတစ်ခါမှာတော့ ကျွန်တော် Shadow Slide မှာ သွားပြီး မပြင်တော့ပဲ..။ အောက်နားမှာရှိတဲ့ Black Slide မှာ နဲနဲ Increase လုပ်ပေးခြင်းအားဖြင့် Clipping လေးကို ဖြေလိုက်ပါတယ်…။

Step 4
အခု ကျွန်တော်တို့ Adjustment Brush Tool ကို စသုံးပါတော့မယ်…။ ဒီပုံမှာ Adjustment Brush Tool မသုံးလည်း ရပါတယ်..။ အရမ်းကြီးမလိုအပ်ပါဘူး..။ ဒါပေမယ့် Tutorial အနေနဲ့ ကျွန်တော် သုံးပြခြင်းဖြစ်ပါတယ်…။
Adjustment Tool ကို Click လုပ်လိုက်ပါ…။
Adjustment Tool ရဲ့ အောက်မှာ Effect ဆိုတဲ့ Selection Box လေးပေါ်လာပါလိမ့်မယ်…။ အဲ့ဒီ့မှာ ကိုယ်ဘာကို ပြင်ချင်သလဲဆိုတာ..။ ပြင်ချင်တဲ့ Function ကိုရွေးပေးလို့ရပါတယ်..။ Exposure ကို ပြင်ချင်တာလား..။ Skin Tone ပြင်ချင်တာလား..။ Moire, Saturation, Contrast, Shadow, Highlight, Dodge, Burn, Teeth Whitening စသဖြင့် Function မျိုးစုံ ပါပါတယ်…။
ဒီ Function တွေကို ကြည့်လိုက်ရုံနဲ့ ကျွန်တော့် ညီအစ်ကိုတွေ ဘာဆက်လုပ်ရမယ်ဆိုတာ သဘောပေါက်ပြီးသား ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်…။
ဒါပေမယ့် Tutorial လေးဖြစ်နေတော့ ပြီးတဲ့အထိတော့ ဆက်ပွားခွင့်ပြုပါ….။

Step 5
ဒီပုံမှာတော့ ပထမဆုံး ကျွန်တော် Lady Black ရဲ့ Skintone ကို Soften နဲနဲလုပ်ချင်ပါတယ်..။ Smooth ဖြစ်သွားအောင်လို့ပါ…။
Soften Skin ကိုရွေးလိုက်တာနဲ့ အပေါ်က Slider တွေမှာ Clarity ကို Minus ဘက်ကို အလိုအလျှောက် Default ထားပေးထားတာကိုတွေ့ရပါလိမ့်မယ်…။ အဲ့ဒီ့မှာ ကိုယ်လိုချင်တဲ့ Smoothness ကို လိုချင်သလောက် အတိုးအလျှော့လုပ်ပေးလို့ရပါတယ်…။
ဒီနေရာမှာ ကျွန်တော် သတိလေးတစ်ခုလောက်တော့ ပေးချင်ပါတယ်…။ တန်ဆေး၊ လွန်ဘေးပါ..။ Smoothness ကို -100 လောက်အထိတော့ မချစေချင်ပါ..။ အဲ့လောက်အထိ ချလိုက်ရင် ပုံကြီးက ဖွာတာတကြီးနဲ့ ဖြစ်သွားပါတယ်..။ ကြည့်လိုက်တဲ့ သူတွေအနေနဲ့လည်း Natural သိပ်မဖြစ်တော့ပဲ…။ အလွန်ကျွံကြီး Process လုပ်ထားမှန်း သိပ်သိသာသွားပါလိမ့်မယ်..။ အခု ညီကိုတို့ လို ဒီလိုပို့စ်မျိုး ဖတ်ဖူးပြီးသား နားလည်ပြီးသား သူများက ကြည့်မယ်ဆိုရင် Skintone ကို အလွန်ကျွံပြုလုပ်ထားကြောင်း တန်းသိမှာ ဖြစ်ပါတယ်..။
သိသာ သိစေ..။ မမြင်စေနဲ့ပေါ့ဗျာ..။ အဲ့ဒီ့တော့ Skin Tone ကို..။ လိုအပ်သလောက်သာ အသုံးပြုဖို့ တိုက်တွန်းပါရစေ…။ ပညာရှိ သတိဖြစ်ခဲ ဖြစ်မှာဆိုးလို့ပါ…။
ဒီပုံမှာဆို ကျွန်တော် +60 လောက်အထိပဲ တင်ထားပါတယ်…။

Step 6
ဒီတစ်ခါတော့ Teeth Whitening လေးကို ရွေးပြီး စမ်းကြည့်လိုက်ပါ…။ ကျွန်တော် Before နဲ့ After လေးတွဲပြထားပါတယ်..။ ကျွန်တော်ထပ်ပြီး ရှင်းမပြတော့ဘူးနော်…။ စောစောက အပေါ်က ပြောခဲ့တဲ့ နည်းလေးတွေအတိုင်းပါပဲ…။ နဲနဲ စမ်းကြည့်လိုက်ပါ…။

Step 7
အခုနောက်ဆုံး ကျွန်တော် Adjustment Layer ရဲ့ အကူအညီနဲ့ လုပ်ချင်တာလေးကတော့ Burn လုပ်မှာပါ…။ ကျွန်တော် မလိုချင်တဲ့နေရာလေးတွေကို မှောင် (Under) လေး လိုက်ပေးမှာပါ…။
ဒီလိုလုပ်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့ Subject ကို Highlight ဖြစ်လာစေပါတယ်…။
Tool Box ရဲ့အောက်ဆုံးနားမှာ ရှိတဲ့ Effect မှာပါတဲ့ Vignetting Effect နဲ့ကွာတာကတော့…။ ဒီကောင်က ကိုယ်လိုချင်တဲ့နေရာတွေကို လိုက်ပြီး သီးသန့်လုပ်ပေးလို့ရပါတယ်..။ Vignetting Effect ကတော့ ဒေါင့်လေးခုကိုပဲ Burn/Dodge လုပ်ပေးတာ ဖြစ်ပါတယ်..။
ဒါ့ကြောင့် Adjustment Brush ထဲက Burn လေးကို ကျွန်တော်ရွေးလိုက်ခြင်းဖြစ်ပါတယ်…။
အိုကေ…။ ကျွန်တော် သိပ်မလိုချင်တဲ့နေရာလေးတွေ နဲနဲ လိုက်ပြီး Brush လေးနဲ့ ပွတ်ကြည့်ရအောင်…။
Skinetone တုန်းကအတိုင်းပဲ Burn လုပ်ချင်တဲ့ ပမာဏကို Exposure Slide မှာ အတိုးအလျော့ လုပ်ပေးလို့ရပါတယ်..။ များများမှောင်ချင်ရင် Under များများပေးပေါ့…။
ပြီးရင်တော့ Done ပေါ့…။

အားလုံးပြီးရင်တော့ ပြီးပါပြီ…။

အခု ဒီနေ့ Post လေးထဲမှာ Shadow ဖြေနည်း၊ Histogram ကိုကြည့်ပြီး Edit လုပ်နည်း..။ Adjustment Brush ထဲမှာပါတဲ့ Skintone, Teeth Whitening နဲ့ Burn တို့ကိုအသုံးပြုပြီး ပြင်ပြခဲ့ပေးပါတယ်…။
တစ်ခြား Funciton တွေကိုလည်း စဉ်းစားမိရင် စဉ်းစားမိသလို အသုံးပြုကြည့်နိုင်ပါတယ်..။
များများစမ်းကြည့်စေချင်ပါတယ်…။ ဒါဆိုရင် သဘောပေါက်တာ မြန်လာပါလိမ့်မယ်…။ အစပိုင်းမှာ ပြေပြေပြစ်ပြစ်မရှိတဲ့ ပုံတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့်….။ အတွေ့အကြုံလေးရ လာတာနဲ့ အမျှ Lightroom ကို ကျွမ်းကျင် ပိုင်နိုင်စွာအသုံးချနိုင်တဲ့သူတွေ ဖြစ်လာမယ်လို့ ယုံကြည်ရင်း…။
လေးစားစွာဖြင့်
Black Dream
www.blackdream21.com
www.aperture21.com
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) အလုပ်မြန်မြန် ပြီးအောင် လုပ်နည်း ၅ ချက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို JAVA leaning Myanmar (PDF)သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံးSamsung Multipackage Firmware Collection
- (အနောကျသို့) အဆုတ်ကင်ဆာရောဂါနှစ် ၂ဝကြာ တိမ်မြုပ်နေနိုင်ကြောင်း လေ့လာမှု တစ်ခုတွင် တွေ့ရှိ ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို JAVA leaning Myanmar (PDF)သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံးSamsung Multipackage Firmware Collection