ကညွှတ် ကြက်အသည်းကြော်

***... ကညွှတ် ကြက်အသည်းကြော် အတွက် လိုအပ် တာလေးများ….

1. ကြက်အသည်း – ကီလိုဝက် (၃၀ သားခန့်)
2. ကညွှတ် – ၃၂ ပင်
3. ဓါးပြား ရိုက်ထားသော ကြက်သွန်ဖြူ အတက်ကြီး – ၅ တက်
4. အခွံခွါပြီး ပါးပါး ရှည်ရှည် လှီးထားသော ဂျင်း – လက်တစ်ဆစ်ခန့်
5. Chicken powder – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
6. နနွင်းမှုန့် – လက်ဖက်ရည် ဇွန်း ၃ ပုံ ၁ ပုံခန့်
7. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
8. ဆီ – 2/3 cup (160 ml)

ရေဆေးထားသော ကညွှတ်များကို ငရုတ်ကျဉ်ပွေ့ဖြင့် ဖွဖွလေးထုကာ လက် ၂ ဆစ် အရှည်ခန့် လှီးထားပါ။

ကြက်အသည်းကို ရေဆေး၊ ရေစစ်ကာ ၁ လက်မအရွယ်ခန့် လှီးပြီး နနွင်း၊ Chicken powder တို့ဖြင့် နယ်ထားပါ။

high heat ဖြင့် အပူပေးထားသည့် ဆီ ဒယ်အိုးထဲ ဂျင်း နှင့် ကြက်သွန်ဖြူထည့်ကြော်ပါ။

၁ မိနစ်ခန့်ကြာလျှင် ကြက်အသည်းကို ထည့်ကာ မွှေကြော်ပေးပါ။

၁၀ မိနစ်ခန့်ကြာလျှင်(အသည်းကျက်လျှင်) ကညွှတ် နှင့် ဆား ကိုထည့်ကာ ကညွှတ်အနည်း ငယ်နွမ်း ရုံ မွှေကြော်ပေးပြီးနောက် မီးဖိုမှ ဖယ်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


Chaw Su's Food Friends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...