အမဲသားနှပ် အိအိလေး

***... အမဲသားနှပ် အိအိလေး အတွက် လိုအပ် တာလေးတွေ…

1. အရွတ်ကလေး များပါသော အမဲသား – 1 kg (၆၅ ကျပ်သား)
2. အတုံး ကြီးကြီး လှီးထားသော ဂေါက်သီးအရွယ် ကြက်သွန်နီ – ၃ လုံးခွဲ
3. ခရမ်းချဉ်သီး – 400 g တစ်ဗူး + ခရမ်းချဉ်သီး အလုံးကြီး တစ်လုံး
4. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
5. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
6. ဇီယာစေ့ (cumin seeds) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
7. မဆလာ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
8. နံနံစေ့ အမှုန့် (coriander powder) – ထမင်းစားဇွန်း ၁ ဇွန်း
9. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
10. chicken powder – ထမင်းစားဇွန်း ၂ ဇွန်း (အပေါ့ အငံ မိမိနှစ်သက်သလို ထည့်ပါ)
11. ဆီ – 300 ml (ဆီများများဖြင့် ချက်မှ ကောင်းသောကြောင့် ဆီကိုလျှော့မထည့်ပါနှင့်။ကျက်သောအခါမှ မစားချင်လျှင် အနည်းငယ်ခပ်ထုတ် ပစ်ပါ)
12. ပျဉ်းတော်သိမ်ရွက် (curry leaves) – ၁၅ ရွက်ခန့်

ပျဉ်းတော်သိမ်ရွက်မှလွဲ၍ ပါဝင်ပစ္စည်းအားလုံးကို မကပ်နိုင်သည့် အိုးတစ်လုံး ထဲ ထည့်ကာ ရောနယ်ပြီး ၁ နာရီခန့် နှပ်ထားပါ။

ပြီးလျှင် high heat ဖြင့် ၁၀ မိနစ်ခန့် တည်ထားပါ။ (အနည်းငယ်မွှေပေးပါ။)
ပြီးလျှင် medium heat သို့လျှော့ကာ အဖုံး ဖုံးပြီး နာရီဝက်ခန့် တည်ထားပါ( ၄-၅ ခါခန့် မွှေပေးပါ)။

low heat သို့လျှော့ချပြီး နောက်ထပ် နာရီဝက်ခန့် ဆက်တည်ပါ (၃-၄ ခါ မွှေပေးပါ)။

အသားနူး၊ အရည်ခမ်းကာ ဆီပြန်လာလျှင် ပျဉ်းတော်သိမ်ရွက်ထည့်ကာ ၁ မိနစ်ခန့် မွှေရောပေးပြီးနောက် အမဲသားနှပ် အိအိလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။ (နူးလွယ်သော အသားဆိုလျှင် ရေ ထပ်ထည့် စရာမလိုပါ။ ခရမ်းချည်သီး နှင့် အသားတို့ မှထွက်လာသော အရည်များဖြင့် လုံလောက်ပါသည်။)

မနူးသေးဟု ထင်လျှင် ရေအနည်းငယ် ထပ်ထည့်ကာ ဆက်တည်ပါ။


Chaw Su's Food Friends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...