နိုက်ဂျီးရီးယားနိုင်ငံက လူတစ်ပိုင်း ချင်ပန်ဇီ တစ်ပိုင်းနဲ့ မွေးလာသူ

ဟိုးအရင်က သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ စမ်းသပ်ခန်း မှာ လူ/မျောက်ဝံနှစ်မျိုး ပေါင်းစပ် သတ္တဝါဖြစ်တဲ့ လူမျောက်ဝံ ( humanzee) ပြုလုပ်ချင်တယ်လို့ သတင်းထဲ ဖတ်မိကြမှာပါ။ ကျွန်ုပ်တို့ ဘာမှမသိရှိ ရပေမယ့် များစွာသော လူတွေ ကတော့ အံ့သြ မင်သက် သွားကြပါတယ်။ အခုတော့ နိုက်ဂျီးရီးယားနိုင်ငံ လာဂိုစ်ဒေသမှာ အသက် (၂၆) နှစ်ရှိ လူတစ်ပိုင်း မျောက်ဝံတစ်ပိုင်း လူသားတစ်ဦး သက်ရှိထင်ရှား ရှိနေပါတယ်။

ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှု အန္တရာယ်ကိုရှောင်ရှားနိုင်အောင် Azi အမည်ရှိ အဲဒီလူမျောက်ဝံဟာ သူ့အတွက် မရှိမဖြစ်လိုအပ်ချက်တွေ ကူညီစောင့်ရှောက်ပေးတတ်တဲ့ ခင်မင်ရင်းနှီးမိတ်ဆွေအချို့နဲ့သာ အဆက်အသွယ်ပြုလျက် တစ်ဦးတည်း လူသူကင်းဝေးရာအရပ်မှာ သီးခြားနေထိုင်တယ်။ သူမက ရိုးရှင်း လွယ်ကူတဲ့ အင်္ဂလိပ်စကား အခြေခံလောက်ကို ပြောတတ်ပေမဲ့ လက်ဟန်ခြေဟန်နဲ့ အပြန်အလှန် စကားပြောတာ များတယ်လို့ လူမျောက်ဝံရဲ့ ရင်းနှီးမိတ်ဆွေတစ်ဦးက ပြောတယ်။ သူမ ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ချက်တစ်ခုကို ဖော်ပြပေးထားတယ်။ သူအရေးကြီးတဲ့ ဆေးကုမှုခံယူဖို့ လိုအပ်တဲ့အတွက် ပုန်းကွယ်နေထိုင်ရာမှ ထွက်လာဖို့ မျှော်လင့်တယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။

ကျွန်မဖခင်က လူသားပါ။ အမေကျတော့ မျောက်ဝံဖြစ်တယ်။ အမေက အသားစားဖို့ အသတ်ခံရပြီး အဖေက လဲကျတဲ့သစ်ပင်တစ်ခုကြောင့် အသက်ဆုံးရှုံးသွားတယ်။ ကျွန်မ တိရိစ္ဆာန်ဆရာဝန်တစ်ဦးရဲ့ အခမဲ့ ဆေးကုခန်းတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ ကံဆိုးမိုးမှောင်ကျလို့ HIV ရောဂါနဲ့မွေးလာတယ်။ နာမကျန်းဖြစ်နေတဲ့အတွက် ဆေးကုသမှုခံယူဖို့ လိုအပ်တယ်။ အစာအိမ်မှာ ဆိုးဆိုးဝါးဝါး နာကျင်ကိုက်ခဲ တယ်။ ဆရာဝန်ဆီသွားပြဖို့ ပုန်းအောင်းနေနေရာမှ ထွက်လာချင်ပါတယ်လို့ Azi ကပြောဆိုခဲ့တယ်။


Royal Hero Media
https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...