ငွေကြေးဟာ မြွေပွေးလို အဆိပ်ရှိသလား

“ငွေလိုချင်တာ လုံးဝ မကောင်းဘူး”
“ငွေမက်ရင် ဘ၀ပျက်မယ်”
“ငွေဆိုတာ အဆိပ်ပဲ”
“ငွေဟာ လူတွေရဲ့ ဘ၀တွေကို ဖျက်ဆီး ပစ်နိုင်တယ်”
“ချမ်းသာချင်ရင် ရိုးရိုးသားသား ရှာစားလို့တော့ မရဘူး၊ ချမ်းသာ နေတဲ့ သူတွေကလည်း ကလိမ်ကကျစ်တွေ လုပ်လို့ ချမ်းသာနေကြတာ၊ ငွေချမ်းသာနေတဲ့ ကောင်တွေဟာ အားလုံး ကလိမ်ကကျစ်တွေပဲ”
ကျွန်တော် ဖြတ်သန်း လာခဲ့တဲ့ တစ်လျှောက်လုံးမှာ ငွေနဲ့ပတ်သက်လို့ ဒီလိုစကားတွေ ကြားခဲ့ရပါတယ်။ အခုလက်ရှိ မှာလည်း ကြားနေ ရတုန်းပါပဲ။ လူတွေပြောကြတဲ့ ဒီလိုစကားတွေကြောင့် ကျွန်တော် ငွေလိုချင်လာ တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့တောင် ခံစားလာရပါတယ်။ ငွေကို အားကြိုးမာန်တက် ရှာဖွေနေတဲ့ အခါမှာ ကိုယ့်ကိုယ်ကိုယ်မကောင်း တာများလုပ်နေသလားလို့တောင်ထင်မိပါတယ်။ ဒါပေမယ့် ကျွန်တော် ငွေရှာ တာ သမ်္မာအာဇီဝ အလုပ်နဲ့ပါ။ 

လူတိုင်း ငွေကို အလိုရှိကြတာကတော့ ငြင်းလို့မရဘူးမဟုတ်လား။ ဒါပေမယ့် “ကျွန်တော် ကျွန်မငွေလိုချင်ပါတယ်” လို့ ပြောရမှာကိုတော့ ကျွန်တော်တို့ လူမျိုးတွေက ရှက်စရာတစ်ခုလို့ စိတ်မှာ မှတ်ထင်နေတတ် ကြပါတယ်။ စိတ် ထဲမှာ အမှန်တကယ် လိုအပ်နေရင်တောင် နှုတ်က ထုတ် မပြောကြပါဘူး။ ကုန်ကုန်ပြောရရင် ငွေအကြောင်းကို ခေါင်းထဲကနေ ထုတ်ထားကြ တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငွေအကြောင်း စဉ်းစားပြီး ငွေစကားပြောရင် လူ အထင် သေးခံရမှာ စိုးရိမ်လို့ပါပဲ။ မိသားစု ထမင်းဝိုင်း မှာတောင်မှ ငွေအကြောင်းမဆွေးနွေးကြပါဘူး။

ဒီလိုနဲ့ပဲ လူအများစုက ငွေအကြောင်းကို မလေ့လာ မသင်ယူတော့ ဘဲ လျစ်လျူရှုလိုက်ကြပါတော့တယ်။ ငွေကြေး ပညာနဲ့လည်း အလှမ်းဝေး လာကြပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် ငွေကြေးပညာ အသိ ဉဏ်တွေနည်း ပါးလာကြပြီး ဆင်းရဲခြင်းဆိုတဲ့ အကျိုးတွေကို ခံစားကြရ တာဖြစ်ပါတယ်။ အဓိကအချက်ကတော့ “ငွေလိုချင်ဟာ မကောင်းဘူး၊ ငွေလိုချင်တာ လောဘပဲ” ဆိုတဲ့ သဘောထား ခံယူချက်တွေကြောင့်ပါပဲ။ 

ကျောင်းတွေမှာငွေကြေးပညာရေးကိုဘယ်တော့မှ မသင်ပေးပါဘူး။ ကလေးတွေကို ငွေအကြောင်းသင်ပေးရင် “စိတ်ဓာတ်တွေ ပျက်ပြားကုန် မယ်” ဆိုတဲ့ အချက်တွေကြောင့်ပါပဲ။ ငွေအကြောင်းသင်ပေးလိုက်တာနဲ့ ကလေး တွေဟာ တစ်ကိုယ်ကောင်းဆန်လာမယ်။ ပစ်္စည်းဥစ်္စာတွေကို မက်မောတတ်လာမယ်။ လောဘ သားတွေဖြစ်လာ မယ်ဆိုတဲ့ အကြောင်း ပြချက်တွေပေးကြပါတယ်။ 

ငွေအကြောင်းသင်ပေးလို့ ဖြစ်လာနိုင်တဲ့ အန်္တရာယ်ဆိုတာ မရှိသ လောက်ပါပဲ။ ဒါပေမဲ့ ငွေအကြောင်းဘာမှ မသိ လို့ ဖြစ်လာနိုင်တဲ့ အန်္တရာယ်တွေကတော့ ဘ၀တစ်ခုလုံး၊ တိုင်းပြည်တစ်ခုလုံးနဲ့ သက်ဆိုင် နေပါတယ်။ ငွေပညာ ကို မသင်ပေးတဲ့အတွက်သာ ပျက်စီးကြတာ ဖြစ်ပါ တယ်။ ငွေပညာမရှိလို့သာ လေလွင့်ကုန်တယ်။ လောဘကြီး သူတွေ တိုးပွားလာတယ်။ ငွေကို ဖြစ်သလိုရှာတဲ့ ဒုစရိုက်မှုတွေဖြစ်လာတယ်။ အခြေအနေမဲ့ လေလွင့်သူတွေဟာ အကျင့်စာရိတ်္တတွေပျက်ပြီး ဒုစရိုက် လောကထဲ ရောက်သွားနိုင်တဲ့အထိ ဖြစ်နိုင်ချေရှိပါတယ်။

ဆင်းရဲမှုကြောင့် လေလွင့်လူငယ်တွေဟာ ငွေတွေအမြောက်အမြား အလွယ်တကူရစေနိုင်တဲ့ ဖြတ်လမ်းနည်းတွေ၊ ခိုး၊ ဆိုး၊ လုယက်၊ တိုက် ခိုက်မှုတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေ၊ တရားမ၀င် ကုန်ပစ်္စည်းရောင်း ၀ယ်မှုတွေ ဖြစ်လာပါတယ်။ ငွေကြေးချို့တဲ့လို့ ကြံမရတဲ့ အဆုံး ကိုယ့်ဘ၀ကို ရေတိမ်နစ်တဲ့အထိ ဖြစ်သွားရတဲ့ အမျိုးသမီးငယ် တွေလည်း ရှိကြပါတယ်။ငွေကို ဘယ်လိုရှာဖွေပြီး ငွေကြေးကြွယ်ဝအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်း မသိလေလေ ငွေကို ဖြစ်သလို ရှာကြတော့ လေလေပါပဲ။

ဒီတော့ ငွေဟာ မကောင်းဆိုးဝါးပဲလား။ ငွေဟာ လူတွေရဲ့ ဘ၀တွေ ကို ဖျက်စီးတတ်တာလား။ ငွေကြေးဟာ မြွေပွေးလိုပဲ အဆိပ်ရှိသလား။ ငွေကြေးဟာ မီးလိုပဲ ကိုင်သူကို ပူလောင်စေ တတ်သလား။ 

ငွေဆိုတာ သူ့ချည်းသက်သက်ဆိုရင် ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးမဟုတ်ပါဘူး။ ငွေဟာ ဘောလ်ပင် တစ်ချောင်းလိုပဲအသုံး ချကိရိယာတစ်ခုဖြစ်ပါတယ်။ လှပတဲ့ စာလုံးလေးတွေနဲ့ ချစ်မေတ္တာ စာရေးလို့ရသလို၊ လူ တစ်ယောက်ကို အလုပ်ထုတ်ပစ်တဲ့စာလည်း ရေးနိုင်ပါတယ်။ ဘောလ်ပင်ကို စာရေးဖို့သက်သက် ပုံစံထုတ်ထား ပေမယ့် လက်နက်တစ်ခုအဖြစ် လူတစ်ယောက်ကို ထိုးလို့လည်းရပါတယ်။ ဒီ့အ တွက် ဘောလ်ပင်မှာ အပြစ်မရှိပါ ဘူး။ ကိုင်တဲ့လူအပေါ်မှာပဲ မူတည်တာ ဖြစ်ပါတယ်။ ငွေဟာလည်း အလားတူပါပဲ။

ငွေကြေးဆိုတာက သူ့ကို ကောင်းကောင်း အသုံးချတတ်ရင် “အကောင်းဆုံးအစေခံ” ဖြစ်ပေမယ့် မသုံးတတ် ရင်တော့ “အဆိုးဆုံး သခင်” ပါပဲ။ ငွေကို မကိုင်တွယ်တတ်ရင် အဆိပ်ရှိတယ်။ ဒါကြောင့် တချို့လူတွေ ငွေကြေး တွေ သုံးမကုန်အောင် ရှိလာတဲ့အခါ ပျက်စီးကြတာတွေ့ရမှာပါ။ ငွေဆိပ်မိပြီး ငွေဆိပ်မွှန်ကာ မျက်လုံးတွေ ပြာဝေပြီး ဘာဆို ဘာမှ မမြင်နိုင်ဘဲ ငွေအတွက် ဘာမဆို လုပ်ကြတာ၊ ငွေလမ်းခင်းပြီး မဟုတ်တာ လုပ်ကြတာ တွေ ကြားဖူးကြမှာပါ။ ဒါဟာ ငွေကို သူကနိုင်တာ မဟုတ်ဘဲ၊ ငွေက သူ့ကိုအနိုင်ရသွားတာဖြစ်ပါတယ်။

မြွေကိုက်ခံရလို့ မြွေဆိပ်မိသလို၊ ငွေကိုက်ခံလိုက်ရတော့ ငွေဆိပ်မိ သွားတာပဲပေါ့။ မြွေကိုက်လို့ မြွေဆိပ်ဖြေဆေး မထိုးပေးရင် အသက် အန္တရာယ်ထိခိုက်နိုင်ပါတယ်။ ငွေကိုက်ခံရလို့ ငွေဆိပ်မိပြီဆိုရင် ငွေဆိပ် ဖြေဆေး မထိုးပေး လို့ကတော့ ဘ၀ပါပျက်သွားနိုင်ပါတယ်။ လောဘစိတ် နဲ့ ငွေကြေးကို ခါးပိုက် ပိုက်ဖို့ကြံမိရင်တော့ မြွေပွေး ခါးပိုက် ပိုက်မိသလို ဒုက်္ခလှလှ တွေ့သွားနိုင်ပါတယ်။ 

ဒီလိုမဖြစ်ရလေအောင် ငွေကို ကောင်းစွာ ထိန်းချုပ်ကွပ်ကဲနိုင်ဖို့ ငွေပညာဟာ သိပ်လိုအပ်ပါတယ်။ ငွေက လူကို အနိုင်မယူသွားစေဘဲ လူကသာ ငွေကို အနိုင်ရဖို့ဆိုရင် ပညာနဲ့ ထိန်းချုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ငွေဟာအပြစ် မရှိပါဘူး။ ငွေပညာမရှိတာသာ အပြစ်ဖြစ်ပါ တယ်။ ငွေဟာ အဆိပ်ရှိတယ်ဆိုရင်တောင် ဉဏ်ပညာနဲ့ လိမ္မာစွာ ကိုင်တွယ်သုံးစွဲတတ်သူအဖို့ ငွေတွေဟာ အကောင်းဆုံး အစေခံအဖြစ် အလုပ်အကျွေးပြုကြမှာဖြစ်ပါတယ်။ မြွေ အလမ်္မယ်ဆရာက မြွေကို ကောင်းစွာ ထိန်းချုပ်နိုင်သလို ငွေကို ကောင်းစွာ စေခိုင်းထိန်းချုပ်နိုင်ဖို့ ငွေအလမ္မာယ် ဆရာတွေ ဖြစ်ဖို့လိုပါတယ်။ 

ငွေကြေးပညာအကြောင်းကို လူတိုင်း လိမ္မာပါးနပ်စွာ သိရှိသဘော ပေါက်နားလည်သွားရင် ဒီနေ့ကမ္ဘာကြီး ဘယ် လိုပြောင်းလဲသွားမလဲ စဉ်း စားကြည့်ပါ။ ငွေအတွက် ပူလောင်သောကတွေ ကင်းဝေးသွားကြမှာ အမှန်ပါပဲ။ ငွေကြေး ပြဿနာတွေလည်း ပြေလည်အောင် ဖြေရှင်းနိုင် ကြပါလိမ့်မယ်။ တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ ၀င်ငွေတွေ၊ စီးပွားတွေ ဟာလည်း ဒီရေအလားတိုးတက်လာတာနဲ့အမျှ တိုင်းပြည်နိုင်ငံဟာလည်း အများကြီးပြောင်းလဲ တိုး တက် လာမှာဖြစ်ပါတယ်။ လူတွေ အားလုံး ကောင်းစားလာကြတာနဲ့အမျှ လုယက်ခိုးဝှက်ခြင်း၊ မတရားအနိုင် ယူခြင်း၊ လာဘ်စားခြင်းတွေလည်း လုပ်စရာ မလိုတော့ပါဘူး။ ဆင်းရဲနွမ်းပါးမှု ဟာလည်း လျော့ကျသွားမှာဖြစ် ပါတယ်။ ဒါကြောင့် ငွေကြေးဆိုင်ရာ အသိဉဏ်ပညာကို ကျွန်တော်တို့အားလုံး မြှင့်တင်လိုက်ကြပါစို့။

Let's Fly Together!

ဖူးကျော်ဇင် (Future Wave)
JOB Seeker Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...